သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

China Eastern လေကြောင်းလိုင်း ကူမင်း-ချန်ဒူးခရီးစဉ် ပြန်လည်ပြေးဆွဲ


China Eastern လေကြောင်းလိုင်း လေယာဉ်အချို့။
China Eastern လေကြောင်းလိုင်း လေယာဉ်အချို့။

(Zawgyi / Unicode)

တရုတ်နိုင်ငံ China Eastern လေကြောင်းလိုင်းဟာ ဘိုးရင်း 737-800 ခရီးသည်တင် လေယာဉ်ကို တနင်္ဂနွေနေ့က ပြန်လည်ပြေးဆွဲခဲ့တယ်လို့ လေကြောင်းပျံသန်းမှု ခြေရာခံ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက China Eastern လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျခဲ့ပြီးနောက် လေကြောင်းလိုင်းအနေနဲ့ သီတင်းပတ် အနည်းငယ်ကြာ လေယာဉ်ခရီးစဉ်တွေကို ရပ်တန့်ခဲ့တာပါ။

Flightradar.com ကပြနေတဲ့ အချက်အလက်တွေအရ China Eastern လေကြောင်းပိုင် သုံးနှစ်သက်တမ်းရှိတဲ့ ဘိုးရင်း MU5843 ခရီးသည်တင်လေယာဉ်ဟာ ကူမင်းနဲ့ ချန်ဒူးမြို့ကို တနင်္ဂနွေနေ့က အသွားအပြန် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာလည်း နောက်ထပ် ခရီးစဉ်ပျံသန်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၁ ရက်နေ့က ကူမင်းနဲ့ ကွမ်ကျိုးကို ပျံသန်းနေတဲ့ China Eastern လေကြောင်းပိုင် MU5735 တောင်စောင်းပေါ်ကို ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၃၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ အဲဒီ သေဆုံးတဲ့အထဲမှာ မြန်မာနိုင်ငံက ကချင်လူမျိုးတချို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် လေကြောင်းပိုင် လေယာဉ်ပေါင်း ၂၂၃ စင်းလုံးကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်နိုင်ငံမှာ အသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှုဖြစ်ပြီး အကြောင်းအရင်းကို အခုချိန်ထိ မသိရသေးပါဘူး။

လက်ရှိမှာတော့ လေယာဉ်ပျက်ကျခဲ့တဲ့နေရာက ရရှိခဲ့တဲ့ အသံနဲ့ မှတ်တမ်းတင်စက်ဖြစ်တဲ့ black boxes နှစ်လုံးကို အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အကူအညီနဲ့ အမေရိကန်ဓာတ်ခွဲခန်းမှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ရက်ပေါင်း ၃၀ အတွင်း ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အပြီးသတ် လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG