သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်မှာ လောင်စာဆီဈေးနှုန်းတိုးမြင့်


တရုတ်ပြည်မှာ လောင်စာဆီဈေးနှုန်းတိုးမြင့်

တရုတ်နိုင်ငံမှာ လောင်စာလိုအပ်ချက် တနေ့တခြားတိုးလာတာကြောင့် အစိုးရက ဒီနေ့တနင်္ဂနွေနေ့ကစပြီး လောင်စာဈေးနှုန်း တိုးမြှင့်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်း အလျင်အမြန် တိုးတက်နေတာကြောင့် လောင်စာအသုံးပြုမှုဟာ နိုင်ငံရဲ့ ပံ့ပိုးနိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ အစိုးရက စနေနေ့က ပြောဆိုလိုက်ပါတယ်။

တရုတ်ပြည်တွင်း ဓါတ်ဆီနဲ့ ဒီဇယ်ဆီ တတန်ကို ၅၃ ဒေါ်လာ သတ်မှတ်လိုက်တာကြောင့် အရင်ဈေးထက် ၄ ရာခိုင်နှုန်း တက်သွားပါတယ်။ အစိုးရသတ်မှတ်တဲ့ဈေးကို ဒီဇင်ဘာလကုန်ပိုင်းတုန်းက တိုးခဲ့ပါသေးတယ်။ အခု ဓါတ်ဆီ တလီတာကို ၄ ဆင့်နဲ့ ဒီဇယ်ဆီ တလီတာကို ၅ ဆင့် တက်သွားပါပြီ။

လောင်စာဈေးနှုန်းတက်ပေမဲ့ လူထုလမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခကြေးငွေတွေ တိုးတောင်းမှာ မဟုတ်တဲ့အကြောင်း၊ ၀င်ငွေနည်းမိသားစုတွေ၊ လယ်သမားတွေနဲ့ တက္ကစီ အငှားယာဉ်မောင်းသူ တွေအတွက် စရိတ်သက်သာအောင် ဆက်လက်ပံ့ပိုးပေးမှာဖြစ်တယ်လို့ တရုတ်အစိုးရကဆိုပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထက် ကမ္ဘာမှာ စွမ်းအင်အများဆုံး အသုံးပြုနေတဲ့နိုင်ငံဖြစ်ပါတယ်။ လောင်စာစွမ်းအင်တွေကို မနှစ်ကထက် ၁၂ ရာခိုင်နှုန်း ပိုပြီး အသုံးများလာတာဖြစ်ပါတယ်။

XS
SM
MD
LG