သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနာကို ချန်မထားတဲ့ ဆေးရုံဖျက် ဘူဒိုဇာ


တရုတ်နိုင်ငံ ဆေးရုံတရုံမှာ လူနာတွေနဲ့ ဆရာဝန်တွေ ရှိနေတဲ့အချိန် ဘူဒိုဇာနဲ့ ဖြိုချလိုက်တဲ့ကိစ္စကို တရုတ်အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။ အဲဒီလို ဖြိုချလိုက်တဲ့အတွက် ဆေးရုံရင်ခွဲရုံထဲမှာ ရှိနေတဲ့ အလောင်းတွေလည်း အဆောက်အဦးအောက်မှာ နစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။

Henan ပြည်နယ်ထဲကဆေးရုံကို ကြာသပတေးနေ့က ခုလို ဖြိုချလိုက်တဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေကြသလို ဆေးရုံကို အကြောင်းမကြားဘဲနဲ့ ဘယ်လိုလုပ်ပြီး ခုလို လုံး၀ ဖြိုချနိုင်တာလဲဆိုပြီးတဲ့ အပေါ်မှာလည်း မေးခွန်းထုတ်နေကြတာပါ။

ဒီဖြစ်ရပ်ကြောင့် ဆေးရုံဝန်ထမ်းသုံးယောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ရေခဲတိုက်ထဲက အလောင်း ၆ လောင်း အပျက်အစီးပုံအောက် ရောက်သွားသလို ဒေါ်လာ ၆ သိန်းတန်ဖိုးရှိတဲ့ ဆေးပစ္စည်းကိရိယာတွေ ပျက်စီးသွားတယ်လို့လည်း ဒေသခံ သတင်းစာက ပြောပါတယ်။

ဆေးရုံမျက်နှာကျက်တွေ ပြိုကျနေတာ၊ အုတ်နံရံတွေ ပျက်စီးပြိုကျနေတဲ့ ပုံတွေနဲ့ ကြမ်းပြင်တလျှောက် အပျက်အစီးပုံတွေ ဝါယာကြိုးတွေပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေကိုလည်း တရုတ်သတင်းထောက်တွေက ဖော်ပြထားပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ပျက်သွားရသလဲဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြင်သစ်သတင်းဌာနတခုဖြစ်တဲ့ AFP ကို ပြောပါတယ်။ စုံစမ်းတွေ့ရှိမှုတွေကိုတော့ တနင်္လာနေ့လောက်မှ ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG