တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ပတ်သက်လို့ တရုတ်တာဝန်ရှိသူတွေ ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရှေ့မှောက်မှာ ဖြေရှင်းချက် ပေးခဲ့ပါ တယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ၄ နှစ် တကြိမ် ပြန် လည်သုံးသပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရက အင်္ဂါနေ့တုန်းက သူတို့ဘက်က အချက်အလက်တွေကို တင်ပြခဲ့တာပါ။
၂၀၀၉ ခုနှစ်တုန်းက လူ့အခွင့်အရေး ကောင်စီကို ကတိပြုခဲ့တဲ့အတိုင်း တရုတ်နိုင်ငံဟာ ကျင့်ကြံဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။ တရားစီရင်ရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်၊ ဆင်းရဲမွဲတေမှု ကျဆင်းအောင် ဆောင်ရွက်နေတယ်။
လူနည်းစု တိုင်းရင်းသားတွေအပေါ် အကာအကွယ်ပေးမှုကို ပိုတိုးတက်အောင် ဆောင်ရွက်လို့ တရုတ်သံအဖွဲ့ကို ဦးဆောင်တဲ့ Wu Hailong က လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရ ကြားနားစစ်ဆေးမှု မခံခင်လေးတင်မှာပဲ ဆန္ဒပြသူတဖွဲ့က ကုလသမဂ္ဂ အဆောက်အဦး ငြမ်းပေါ်ခိုတက်ပြီး တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးအတွက်ကို ကုလသမဂ္ဂက ရပ်တည်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ၄ ယောက်ထက်မနည်းကို ကုလသမဂ္ဂ လုံခြုံရေးတွေက ထိန်းသိမ်းခဲ့ပါတယ်။
ဒီသုံးသပ်ပွဲကိုတင်ပြမယ့် တရုတ်အစိုးရရဲ့ အစီရင်ခံစာမှာ အချက်အလက်တွေ ထည့်သွင်းဖို့ ကြိုးစားသူတွေအပါအဝင် တရုတ်အခွင့်အရေး လှုပ်ရှားသူတွေကို ဆက်တိုက် ဖမ်းဆီးမှုတွေ ရှိနေချိန်မှာပဲ လူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရက သူ့ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဖြေရှင်းချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အစိုးရဆန့်ကျင်သူတွေအပေါ် တရုတ်အစိုးရရဲ့ နှိမ်နှင်းမှုတွေ ပိုပြီး ဆိုးလာနေတဲ့အတွက် တရုတ်လူ့အခွင့်အရေး မှတ်တမ်းမှာ အမဲစက် ဖြစ်နေရတယ်လို့ တော်တော်များများက ပြောနေကြပါတယ်။