ဥရောပတိုက်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အီတလီနိုင်ငံရဲ့ မြောက်ပိုင်း၊ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ဒေသတွေမှာ အပြင်းအထန် ထိခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ငွေချေးယူ နိုင်တဲ့အခြေအနေ နည်းပါးနေပြီးတော့ ဖောက်သည်ကလည်း လျော့လာပါတယ်။ အကျပ်အတည်းကိုကျော်လွန်ဖို့ အဲဒီဒေသ က စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လို လုပ်နေကြရသလည်းဆိုတာကို ဗွီအိုအေသတင်းထောက် Rebecca Valli က ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒီအကြောင်း ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တက်ဆက်ထားပါတယ်။
ဥရောပ စီးပွားရေးကပ်ဆိုက်တဲ့ဒဏ်ကို အပြင်းအထန် ကြုံတွေ့ခံစားနေရတဲ့ အီတလီနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် တွေဟာ သူတို့လုပ်ငန်းတွေရဲ့ အနာဂတ်ကို သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးတဲ့ နည်းလမ်းမျိုးသုံးပြီ ဆုံးဖြတ်နေကြရ ပါတယ်။
အဲဒါကတော့ နှစ်ပေါင်းများစွာ တည်ထောင် လုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းတွေကို တရုတ်နိုင်ငံက
ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်း ပစ်ရတာပါပဲ။
Renato Bianchi ဟာ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်း အီတလီစီးပွားရေး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ချိန်တုန်းက CB Ferrari ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီး နှစ် ၅၀ ကြာ လုပ်ကိုင်လာခဲ့သူပါ။ အလုပ်သမားအရေအတွက် နည်းနည်းလေးနဲ့ ကုမ္ပဏီကို စ ထူထောင်ပြီးတဲ့နောက် နှစ်ပေါင်း ၄၀ ကာလအတွင်း သူ့ရဲ့ကုမ္ပဏီဟာ အလုပ်သမား ၁၆၀ လောက်အထိ တိုးပွားလာခဲ့ပါ တယ်။
ဒါပေမဲ့လည်း ၂၀၀၀ ပြည့်နှစ် နှစ်လည်ကာလတွေမှာတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းက သူ့ရဲ့ ကုမ္ပဏီကိုပါ ရိုက်ခတ်လာခဲ့ပါတော့တယ်။ သူ့ဆီမှာတဲ့ အော်ဒါအရေအတွက် ကျသွားခဲ့ပြီး တနှစ်ကို ဒေါ်လာငါးသိန်းကျော် စပြီး အရှုံးပေါ်ခဲ့ တယ်လို့ Bianchi က ပြောပါတယ်။
“ဒီလုပ်ငန်းကို ဆက်ပြီး ရှင်သန်အောင် မလုပ်နိုင်တော့တာကြောင့် စီးပွား ရေး ပြောင်းလုပ်ရတော့မလားလို့ ကျနော်တွေးခဲ့မိတယ်။ တခုခုကို စပြီး လုပ်ရင်လုပ် မလုပ်ရင်လည်း ကုမ္ပဏီကို ရောင်းပစ်ရ တော့မလားဘဲ … ကျနော်တို့နဲ့ လုပ်ငန်းပြိုင်ဘက်တွေဖြစ်တဲ့ ဆွစ်တွေ၊ ဂျာမန်တွေနဲ့ အီတလီကုမ္ပဏီတွေက ကျနော့်ကုမ္ပဏီ ကိုဝယ်ဖို့ သိပ် စိတ်ဝင်စားခဲ့ကြတယ်။ အဲဒီကုမ္ပဏီတွေအားလုံးနဲ့ ကျနော်တို့ စပြီး ဆွေးနွေးခဲ့ကြတယ်။ သူတို့ပေးတဲ့ ငွေ ပမာဏကလည်း အတော်လေး များပါတယ်။”
ဒါပေမဲ့လည်း ဥရောပကုမ္ပဏီတွေကို ရောင်းမယ့်အစား တရုတ်ကုမ္ပဏီတခုကိုရောင်းဖို့ Bianchi က ရွေးချယ်လိုက်ပါတယ်။ ငွေ ရတာ နည်းပေမဲ့ သဘောတူညီချက်ထဲမှာ အရေးကြီးတဲ့ အာမခံချက်တခုပါတယ်လို့ Bianchi ကပြောပါတယ်။
“သဘောတူညီချက်မှာ အကောင်းဆုံးအချက်ကတော့ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေအတိုင်း သူတို့ ဝယ်မယ် ဆိုတာပါပဲ။ မန်နေဂျာတွေနဲ့ အလုပ်သမားတွေကို ဆက်ပြီးခန့်ထားဖို့ တရုတ်ကုမ္ပဏီက သဘောတူပါတယ်။ အဲဒါက ကျနော့် အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါဟာ ကျနော့်အလုပ်သမားတွေ၊ ကျနော့်လူတွေကို ကျနော် သစ္စာမဖောက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။”
Bianchi ရဲ့ CB Ferrari ကုမ္ပဏီဟာ မော်တော်ကားတွေ၊ လေယာဉ်တွေနဲ့ စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် တာဘိုင်အင်ဂျင်တွေလုပ်တဲ့ အတိအကျ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့စက်တွေကို ထုတ်တဲ့ကုမ္ပဏီပါ။
Bianchi ရဲ့ကုမ္ပဏီကိုဝယ်လိုက်တဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီကလည်း အလားတူ စက်တွေကိုပဲ လုပ်ပါတယ်။ ဒါပေမဲ့လည်း Bianchi ထုတ်တဲ့စက်တွေလောက် နည်းပညာအဆင့် မမြင့်မားလှပါဘူး။
တရုတ်ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ နည်းပညာတွေကို ဥရောပတိုက်မှာ လာရှာနေကြတယ်လို့ အီတလီ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ရောဘတ်တာ ရာဘယ်လ်လော့တီ (Roberta Rabellotti) က ပြောပါတယ်။
“မာကို ပိုလိုက တရုတ်ပြည်သွားပြီး နည်းပညာအသစ်အဆန်းတွေ ပြန် ယူလာခဲ့သလိုပါပဲ။ အခုဖြစ်ရပ်မှာတော့ တရုတ် တွေက ဥရောပတိုက်ဆီ လာကြတာပါ။ တရုတ်တွေက အီတလီနိုင်ငံဆီလာပြီး အကောင်အထည်မပြနိုင်တဲ့ အကျိုးစီးပွားတွေ ဖြစ်ကြတဲ့ အသိသုတတို့၊ စီမံခန့်ခွဲမှုစွမ်းရည်တို့ကို လာယူတာပါပဲ။ ဒီဖြစ်ရပ်ကတော့ မာကို ပိုလိုဖြစ်ရပ်နဲ့ ပြောင်းပြန်လို့ ကျမတို့ ကင်ပွန်းတပ်တဲ့ ဖြစ်ရပ်မျိုးပါ။”
အီတလီနိုင်ငံမှာ စက်မှုကုန်ထုတ်လုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ပေမဲ့ ဗျူရိုကရေစီစနစ် သိပ်ကိုကြီးမားလွန်းတဲ့ စီးပွား ရေးပတ်ဝန်းကျင်ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံနဲ့ သိပ်ကြီး သဟဇာတမဖြစ်လှပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတခုအရဆိုရင် တကမ္ဘာလုံးက စီးပွားရေးလုပ်ဖို့လွယ်ကူတဲ့ နိုင်ငံတွေရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ တခြား ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားထက် အီတလီနိုင်ငံက အဆင့်နိမ့်နေပါတယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ဖို့ သိပ်ကြီး အဆင်ပြေ ချောမွေ့လှတဲ့နိုင်ငံ တွေထဲမှာ အီတလီနိုင်ငံက အောက်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
အဲဒါကြောင့်လည်းပဲ အိမ်နီးချင်း ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဟာ ပုံမှန်အား ဖြင့်ဆိုရင် အီတလီနိုင်ငံဆီ သိပ်လာလေ့မရှိဘူးလို့ ရာဘယ်လ်လော့တီက ပြောပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးအကျပ် အတည်းက အဲဒီအခြေအနေကို ပြောင်းလဲပစ်နေတာပါ။
“အီတလီမှာ အကျပ်အတည်းဆိုက်နေတဲ့ ကုမ္ပဏီ တွေက အများကြီးပါပဲ။ ငွေအရင်းအနှီးကို လိုအပ်နေပြီး တရုတ်မှာက အဲဒီငွေအရင်းအနှီးရှိပါတယ်။ ဒီက စွန့်ဦးတီထွင် လုပ်ငန်းရှင် အများအပြားဟာ အကြီးအကျယ် အခက်အခဲ တွေ့နေကြပါတယ်။ ဒီတော့ လုပ်ငန်းတွေကို ရောင်းထုတ်ပစ်တာ ကလွဲပြီး တခြားနည်းလမ်း မတွေ့ကြပါဘူး။”
ဒီကြားထဲမှာပဲ သူ့အဆိုအားဖြင့် “လုယက် ယူသွားတဲ့ ရင်းနှီးမြှုပ်နှံမှု” ဆိုတာမျိုး ဖြစ်မယ့်အပေါ် စိုးရိမ်တာတွေက အီတလီ နိုင်ငံမှာ မြင့်မြင့်မားမား ရှိနေတုန်းပဲလို့ ရာဘယ်လော့တီက ပြောပါတယ်။
“တရုတ်တွေနဲ့ပတ်သက်ပြီး မကောင်းပြောကြတာတွေ ရှိပါတယ်။ ဒါက အတိအကျပြောရရင် ဘာ့ကြောင့်လည်းဆိုတော့ နည်းပညာတွေ လွှဲယူသွားပြီးတဲ့ နောက် လုပ်ငန်းကို ပိတ်ပစ်လိုက်တဲ့ ဖြစ်ရပ် နမူနာတွေ အများကြီး ရှိထားလို့ပါ။ ဆိုတော့ လူတွေ လန့်ကြတယ်ဆိုတာက လည်း ကျိုးကြောင်းဆီလျော်ပါတယ်။”
အဲဒီစိုးရိမ်စိတ်ကို ပျောက်သွားအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သက်ဆိုင်ရာ ဒေသ တွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူဖြစ်ခဲ့တယ်ဆိုတဲ့ နမူနာကောင်းတွေကို ပြဖို့ပဲဖြစ်ပါတယ်လို့ ရာဘယ်လ် လော့တီကဆိုပါတယ်။
နှစ် ၅၀ ထူထောင်လာခဲ့ဲတဲ့ ကိုယ်ပိုင်လုပ်ငန်းကို တရုတ်ကုမ္ပဏီလက်ထဲ ရောင်းလိုက်ရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် Bianchi ကတော့ သူ့ရဲ့ကုမ္ပဏီဟာ အဲဒီလို နမူနာကောင်းဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။