သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့် တရုတ်ဘက်က စဉ်းစားနေ


တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က ဘေကျင်းနိုင်ငံတကာလေဆိပ် (ဧပြီ ၂၆၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က ဘေကျင်းနိုင်ငံတကာလေဆိပ် (ဧပြီ ၂၆၊ ၂၀၂၃)

ဂျပန်နိုင်ငံသားတွေ တရုတ်နိုင်ငံကို လာရောက်ရာမှာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ပြန်လည်စတင်နိုင်ဖို့အတွက် အလေးအနက်ထားစဉ်းစားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ပြောပါတယ်။ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု ပိုမိုလွယ်ကူလာစေဖို့အတွက် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပုံမှန်လုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ တရုတ်နိုင်ငံကို ဝင်ရောက်ရာမှာ လွယ်ကူချောမွေ့စေရေး ကိစ္စရပ်ကို တရုတ်နိုင်ငံက အမြဲတမ်း အလေးထား ဆောင်ရွက်ခဲ့ကြောင်း ဂျပန်အတွက် ဗီဇာကင်းလွတ်ရေး မူဝါဒကို ပြန်လည်စတင်နိုင်ဖို့ကိုလည်း အလေးအနက်ထား စဉ်းစားသွားမှာဖြစ်သလို၊ ဂျပန်နိုင်ငံဘက်ကလည်း အပြန်အလှန် လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်တယ်လို့ လည်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပြောပါတယ်။ COVID-19 ကပ်ရောဂါ မတိုင်ခင်ကတော့ ဂျပန်နိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ တရုတ်နိုင်ငံကို ၁၄ ရက်အထိ ဝင်ရောက်နေထိုင်ခွင့်ရခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG