သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအင်အားကြီးသုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပ


တောင်ကိုရီးယားသမ္မတ Park Geun-hye (ဗဟို) ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ ထိပ်သီးစီးပွားရေးညီလာခံမှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
တောင်ကိုရီးယားသမ္မတ Park Geun-hye (ဗဟို) ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ ထိပ်သီးစီးပွားရေးညီလာခံမှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်သုံးနိုင်ငံတို့ကြား ဆယ်စုနှစ်တွေချီ တည်ရှိလာခဲ့တဲ့ မပြေလည်နိုင်တဲ့ အငြင်းပွားမှုတွေ၊ မကျေမလည်ဖြစ်မှုတွေကို ဘေးဖယ်ပြီး သုံးနိုင်ငံ နှစ်ပတ်လည် ညီလာခံကို ပြန်လည်စတင်ကြဖို့ သုံးနိုင်ငံ ခေါင်းဆောင်တို့ကြား သဘောတူခဲ့ကြပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော်မှာ အာရှ စီးပွားရေးအင်အားကြီး သုံးနိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင် ညီလာခံကို ၂၀၁၂ ခုနှစ်ကတည်းက ဆိုရင် ပထမဆုံး အကြိမ်ကျင်းပတာမှာ တောင်ကိုရီးယားသမ္မတ Park Geun-hye ရဲ့ ဖိတ်ကြားမှုနဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ၊ တရုတ်ဝန်ကြီးချုပ် Li Kequang တို့ တက်ရောက်နေကြပါတယ်။

ဆွေးနွေးပွဲမှာတော့ သုံးနိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို အရှိန်မြှင့်ဆွေးနွေးကြဖို့ ခေါင်းဆောင်သုံးဦးတို့ သဘောတူခဲ့ကြသလို ဆိုင်းငံ့နေတဲ့ မြောက်ကိုးရီးယားရဲ့ နျူးကလီယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေကို ပြန်လည်စတင်နိုင်ရေး သုံးနိုင်ငံတို့ လုပ်ဆောင်ဖို့ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကာလက ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့သိမ်းပိုက်စဉ်ကာလက ကိုရီးယားအမျိုးသမီးတွေကို လိင်ဖျော်ဖြေသူ ပျော်တော်ဆက်တွေ အဖြစ် အတင်းအဓမ္မအသုံးပြုခဲ့တာတွေအပေါ် ဂျပန်ဝန်ကြီးချုပ်ဘက်က ဝန်ချတောင်းပန်ဖို့ ပျက်ကွက်မှု၊ နောက် တရုတ်နဲ့ ဂျပန်ကြားမှာလည်း အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုနဲ့ပတ်သက်ပြီး ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် သုံးနိုင်ငံညီလာခံတွေကျင်းပရေး နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

အတိတ်ကအဖြစ်အပျက်တွေကို တည့်တည့်မတ်မတ် င်ဆိုင်ပြီး အနာဂတ်မှာ အကျိုးရှိစေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်စတင်ကြဖို့ ဂျပန် ဝန်ကြီးချုပ် Abe၊ တရုတ် ဝန်ကြီးချုပ် Li နဲ့ သူမတို့ သုံးဦးတို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတ Park က ပြောဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်အာဏာရလာတဲ့ တောင်ကိုရီးယား သမ္မတ Park နဲ့ ဂျပန်ဝန်ကြီးချုပ်တို့လည်း ပထမဆုံး အကြိမ်အဖြစ် မနက်ဖြန် တနလာၤနေ့မှာ နှစ်ဦးတည်း တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

XS
SM
MD
LG