သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသား ၁၀၀ ကျော် သစ်ခိုးမှုနဲ့ဖမ်းဆီး

China Myanmar Logging
1/8 China Myanmar Logging
China Myanmar Logging
2/8 China Myanmar Logging
China Myanmar Logging
3/8 China Myanmar Logging
China Myanmar Logging
4/8 China Myanmar Logging
China Myanmar Logging
5/8 China Myanmar Logging
China Myanmar Logging
6/8 China Myanmar Logging
China Myanmar Logging
7/8 China Myanmar Logging
China Myanmar Logging
8/8 China Myanmar Logging
Previous slide
Next slide

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ရာမှာ တရုတ်နိုင်ငံသား ၁၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၂၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသားတွေကို သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးရာမှာ အခုတကြိမ်ဟာ တကြိမ်တည်းမှာ အများဆုံးလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တရားမဝင် သစ်ထုတ်လုပ်မှုမှာ ပါဝင်လို့ ဖမ်းဆီးထားသူတွေထဲ တဘက်နိုင်ငံသား ကျား ၉၇ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂၂ ဦး၊ မြန်မာနိုင်ငံသား ကျား ၄ ဦး မ ၁၆ ဦး တို့ကို ဖမ်းဆီးထားတယ်လို့ပဲ ဆိုပါတယ်။ ဘယ်နိုင်ငံသားလဲဆိုတာ အတိအကျ ဖော်ပြမထားပေမဲ့ ဒါဟာ တရုတ်နိုင်ငံသားတွေပဲ ဖြစ်ရမယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲက KIA အဖွဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှုးချုပ်အဆင့်ရှိ ဇော်ဘုတ်ထန်း လက်မှတ်ထိုးထားတဲ့ သစ်ထုတ်လုပ်ခွင့်ပြုစာကိုလည်း သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ ဒေသခံ အကြီးအကဲတဦးဖြစ်တဲ့ ဦးအောင်ခမ်းကတော့ ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုတွေ အများစုမှာ ဒေသတွင်းက အာဏာပိုင်တွေရော၊ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်မှု များတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာရောရှိတယ်။ တောင်ပိုင်းမှာရော အကုန်လုံး ဒီဧရာဝတီမြစ် အရှေ့ပိုင်းမှာရော၊ အနောက်ပိုင်းမှာရော အကုန်လုံးရှိပါတယ်။ ရှိတာကတော့ အဓိကတော့ တရုတ်ပြည်ဘက်က တရုတ်တွေ အများဆုံးဖြစ်ပါတယ်။ ဒီမှာ။ သက်ဆိုင်ရာ အမြဲတမ်း ဆက်သွယ်ပြီးမှ ငွေတွေပေးပြီးမှ လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ အကုန်လုံး ဒီမှာ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ အဆင်ပြေမှပဲ သစ်ထုတ်လို့ရတာကိုး။ ဒါကြောင့် အကုန်လုံးနဲ့ သက်ဆိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တဘက်တည်းနဲ့ပဲ ပေးပြီးမှတော့ သစ်ထုတ်နိုင်တဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။ ဒါကြောင့် စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော အကုန်လုံးနဲ့ သက်ဆိုင်လိမ့်မယ်လို့ပဲ ကျနော်တော့ ဒီလိုပဲ သုံးသပ်ပါတယ်။”

မေး။ ။ အရင်ကရော ဒီလို သစ်ခိုးထုတ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖမ်းတဲ့ဆီးတဲ့ကိစ္စတွေမှာ တရုတ်နိုင်ငံသားတွေကို ဒီလောက် များများပြားပြား ဖမ်းဆီးဖူးတာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ “ရှိတော့ရှိပါတယ်။ အရင်တုန်းကလည်း သစ်ထုတ်တဲ့နေရာမှာ ဖမ်းဆီးတာတွေရှိတယ်။ ဗန်းမော်အနီးနားမှာ ဗန်းမော်ဘက်မှာလည်း ဖမ်းဆီးတာတွေ ရှိပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါပါတယ်။ ဒါပေမဲ့ အခုလောက်တော့ များများစားစားတော့ မရှိဘူးပေါ့။”

မေး။ ။ တရုတ်ကုမ္ပဏီတွေအနေနဲ့ ကချင်မြောက်ပိုင်းဘက်မှာ အခုလိုမျိုး သစ်ခိုးထုတ်တာ၊ သစ်ဝင်ထုတ်တဲ့ကိစ္စတွေက ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ရှိသလဲ။ ဘယ်အချိန်လောက်ကတည်းက စတာလဲ။

ဖြေ။ ။ “အများကြီးပဲ။ ငြိမ်းချမ်းရေးရပြီးတဲ့နောက်ပိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ အဓိက တရုတ်ပြည် ဒီ သစ်တင်မကဘူး။ ဖားကန့်မှာလည်း ကျောက်စိမ်းတွေ အများကြီးလုပ်နေတာပဲ။ ကုမ္ပဏီတွေ ကားအကြီးကြီးတွေနဲ့ ဒလဟောထုတ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာ သစ်တွေတင်မကပါဘူး။ ဒီကျောက်စိမ်းတွေလည်း တူးနေတဲ့ဟာမျိုး ဖြစ်ပါတယ်။ အဲ အခု ဖမ်းခံရတဲ့ဟာမျိုးကျတော့ သူတို့အထဲမှာ ဘယ်လိုမျိုး အခြေအနေမျိုး ရှိသလဲတော့ မသိဘူး။ ဒါပေမဲ့ အဆင်မပြေရင်တော့ အမြဲတမ်း ဒီလိုမျိုးတော့ ဖြစ်လာမှာပဲ။ ဒါကြောင့် ဟိုတုန်းကလည်း ကျနော်တို့ မြင်နေတာကတော့ အဆင်မပြေဘူးဆိုရင် အဖမ်းအဆီးတွေတော့ အမြဲတမ်း တွေ့နေရတာပဲ။”

ဖမ်းဆီးခံရသူတွေမှာ KIA စီးပွားရေးတာဝန်ခံ ခွင့်ပြုချက်လက်မှတ် တွေ့တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ KIA ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းဘက်က တုံ့ပြန်ချက်၊ အတည်ပြုချက် မရသေးပါဘူး။

ကချင်ပြည်နယ်တွင်း မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား ပစ်ခတ်မှု တိုက်ပွဲတွေမှာ နောက်ခံစီးပွားရေးအခြေအနေ အထူးသဖြင့် သစ်ထုတ်လုပ်မှုနဲ့ ကျောက်စိမ်းတွင်း တူးဖော်ရေးလုပ်ငန်းတွေလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ ဒေသခံတွေရော လေ့လာသူတွေကပါ ယူဆကြတာပါ။ အခုလို ဒေသတွင်း သစ်ခိုးထုတ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတာမို့၊ ဒါကို ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်ဖို့ ကချင်လူမှုအဖွဲ့အစည်းတွေကလည်း မြန်မာအာဏာပိုင်တွေရော ဒေသခံ အာဏာရှိအဖွဲ့တွေကိုပါ မပြတ် တောင်းဆိုနေကြတာပါ။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလို သစ်ခိုးထုတ်မှုတွေကို စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်း ဆက်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ အခုလို သစ်ခိုးထုတ်တဲ့အဖွဲ့ကို ဖမ်းဆီးမိတာဟာလည်း၊ လေကြောင်းကင်းထောက်မှုအရ သတင်းရပြီး တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်း လုပ်ဆောင်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG