သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းဆင်ဆာ ဖျက်သိမ်းဖို့ တရုတ် အရာရှိဟောင်းများ တောင်းဆို

Lekhwaiya's Dame Traore (R) fights for the ball with Al-Sadd's Younes Mahmoud during their final Crown Prince Cup soccer match in Doha May 4, 2013.
Lekhwaiya's Dame Traore (R) fights for the ball with Al-Sadd's Younes Mahmoud during their final Crown Prince Cup soccer match in Doha May 4, 2013.

တရုတ်အစိုးရ အနေနဲ့ သတင်းမီဒီယာတွေ အပေါ် ဆင်ဆာဖြတ်တောက်မှုတွေကို ဖျက်သိမ်းဖို့နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားမှု ပြသဖို့ အငြိမ်းစား တရုတ်အစိုးရ အရာရှိတစုက တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ အခြေခံဥပဒေက လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်တွေကို အကာအကွယ် ပေးထားပေမဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရက ကျင့်သုံးနေတဲ့ ဥပဒေတွေက ဒါကို ဆန့်ကျင်နေတယ်ဆိုပြီး လွှတ်တော်ကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ဗုဒ္ဓဟူးနေ့ကပဲ လူသိရှင်ကြား ထုတ်ပြန်လိုက်တာပါ။

အိတ်ဖွင့်ပေးစာကိုတော့ ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ အတွင်းရေးမှူး တာဝန်ယူခဲ့သူ Li Rui နဲ့ တရုတ် ကွန်မြူနစ်ပါတီ အရာရှိဟောင်း ၂၂ ယောက်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တခြား လက်မှတ်ရေးထိုးကြသူတွေ ထဲမှာတော့ အစိုးရပိုင် သတင်းမီဒီယာတွေက ညွှန်ကြားရေးမှူးဟောင်းတွေ၊ အယ်ဒီတာဟောင်းတွေ ပါဝင်ပါတယ်။

တိုင်းပြည်က ဆင်ဆာဖြတ်တောက်တဲ့ စနစ်ကို ဖျက်သိမ်းပြီး ဥပဒေက တာဝန်ရှိရှိ ဆောင်ရွက်တဲ့ စနစ်နဲ့ အစားထိုးဖို့ သူတို့တတွေက တောင်းဆိုခဲ့ကြတာပါ။

လက်မှတ်ရေးထိုးသူ တဦးဖြစ်တဲ့ တရုတ်တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jiang Ping ကတော့ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေ အများအပြား ရှိနေဆဲမို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နိုင်စရာလည်း မရှိဘူးလို့ ယူဆကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG