သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ သတင္းဌာန ၃ ခုကုိ သတင္းယူပုိင္ခြင့္ တရုတ္ရုပ္သိမ္း


New York Times ရဲ႕ အေဆာက္အဦးအေရွ႕အျပင္ဘက္တြက္ အေစာင့္တာ၀န္ယူေနေသာ ရဲ တဦး (သတင္းဓာတ္ပံု - ဇြန္ ၂၈၊ ၂၀၁၈)

(Zawgyi/Unicode)

တရုတ္မီဒီယာ ကုမၸဏီ ၃ ခုအေပၚ ကန္႔သတ္ခ်က္အသစ္ေတြကို အေမရိကန္ႏိုင္ငံက ခ်မွတ္လိုက္တာကို လက္တုံ႔ျပန္တဲ့အေနနဲ႕ အေမရိကန္သတင္းဌာနၾကီး ၃ ခုရဲ႕ သတင္း လုပ္ပိုင္ခြင့္ေတြကိုလည္း ရုပ္သိမ္းမယ္လို႔ တရုတ္ႏုိ္င္ငံက ေျပာပါတယ္။

တရုတ္ ႏုိင္ငံ ျခားေရး ၀န္ၾကီးဌာနရဲ႕ ေၾကညာခ်က္မွာ New York Times၊ The Wall Street Journal နဲ႔ Washington Post သတင္းစာၾကီးေတြက ခန္႔အပ္ထားတဲ့ အေမရိကန္သတင္းေထာက္ေတြအတြက္ ေပးအပ္ထားတဲ့ သတင္းလုပ္ပိုင္ခြင့္ကို လာမယ့္ ၁၀ ရက္အတြင္း ျပန္လည္ေပးအပ္ရမယ္လို႔ ေျပာပါတယ္။

သူတို႔အေနနဲ႔ ေဟာင္ေကာင္နဲ႔ မကာအို အပါအ၀င္ တရုတ္ႏုိင္ငံအတြင္း သတင္းေထာက္ေတြအျဖစ္ ဆက္လက္အလုပ္လုပ္ကိုင္ႏုိင္မွာ မဟုတ္ေတာ့ဘူးလို႔လည္း တရုတ္ ႏုိင္ငံ ျခားေရး၀န္ၾကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ တရုတ္ အေျခစိုက္ လုပ္ငန္းလုပ္ကုိင္ေနတဲ့ အေမရိကန္ မီဒီယာ ကုမၸဏီ ၅ ခုရဲ႕ ၀န္ထမ္း၊ ဘ႑ာေရးနဲ႔ အိမ္ယာပိုင္ဆိုင္မႈဆိုင္ရာ အခ်က္အလက္ေတြကိုလည္း တရုတ္အာဏာပိုင္ေတြဆီကို တင္သြင္းရမယ္လုိ႔လည္း ဆိုပါတယ္။

အေမရိကန္ အစိုးရက တရုတ္ မီဒီယာ အဖြဲ႔အစည္း ၅ ခုကို ျပည္ပ အစိုးရအတြက္ အလုပ္လုပ္ေနတဲ့ အဖြဲ႕အစည္းအျဖစ္ သတ္မွတ္လိုက္ျပီး ၀န္ထမ္းအေရအတြက္ကို ကန္႔သတ္လိုက္တဲ့ေနာက္မွာ တရုတ္ႏုိင္ငံက အခုလို လက္တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် သတင်းဌာန ၃ ခုကို သတင်းယူပိုင်ခွင့် တရုတ်ရုပ်သိမ်း

တရုတ်မီဒီယာ ကုမ္ပဏီ ၃ ခုအပေါ် ကန့်သတ်ချက်အသစ်တွေကို အမေရိကန်နိုင်ငံက ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သတင်းဌာနကြီး ၃ ခုရဲ့ သတင်း လုပ်ပိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ New York Times၊ The Wall Street Journal နဲ့ Washington Post သတင်းစာကြီးတွေက ခန့်အပ်ထားတဲ့ အမေရိကန်သတင်းထောက်တွေအတွက် ပေးအပ်ထားတဲ့ သတင်းလုပ်ပိုင်ခွင့်ကို လာမယ့် ၁၀ ရက်အတွင်း ပြန်လည်ပေးအပ်ရမယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့ ဟောင်ကောင်နဲ့ မကာအို အပါအဝင် တရုတ်နိုင်ငံအတွင်း သတင်းထောက်တွေအဖြစ် ဆက်လက်အလုပ်လုပ်ကိုင်နိုင်မှာ မဟုတ်တော့ဘူးလို့လည်း တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ် အခြေစိုက် လုပ်ငန်းလုပ်ကိုင်နေတဲ့ အမေရိကန် မီဒီယာ ကုမ္ပဏီ ၅ ခုရဲ့ ဝန်ထမ်း၊ ဘဏ္ဍာရေးနဲ့ အိမ်ယာပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်တွေကိုလည်း တရုတ်အာဏာပိုင်တွေဆီကို တင်သွင်းရမယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရက တရုတ် မီဒီယာ အဖွဲ့အစည်း ၅ ခုကို ပြည်ပ အစိုးရအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး ဝန်ထမ်းအရေအတွက်ကို ကန့်သတ်လိုက်တဲ့နောက်မှာ တရုတ်နိုင်ငံက အခုလို လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG