သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wall Street Journal သတင်းထောက် ၃ ဦး သတင်းယူခွင့် တရုတ်ပိတ်ပင်


တရုတ်အစိုးရက အမေရိကန် အခြေစိုက် Wall Street Journal သတင်းစာက သတင်းထောက် ၃ ဦးကို သတင်းယူခွင့်လိုင်စင် ရုပ်သိမ်းလိုက် ပါတယ်။ တရုတ်အစိုးရ အမြင်အရ သူတို့ ရေးတဲ့ အယ်ဒီတာ့အာဘော် သတင်းခေါင်းကြီးတွေဟာ လူမျိုးရေး ခွဲခြားမှု ဆန်တာကြောင့်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ Geng Shuang က ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ သတင်းထောက် တွေကို ပြောကြားရာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေးသားဖော်ပြခဲ့တဲ့ China is the Real Sick Man of Asia. တရုတ်နိုင်ငံဟာ အာရှတိုက်ရဲ့ တကယ့်လူနာပဲ ဆိုတဲ့ အယ်ဒီတာ့ အာဘော်နဲ့ ပတ်သတ်ပြီး Wall Street Journal သတင်းစာက မတောင်းပန် တာကြောင့်လို့ ဆိုပါတယ်။
အမေရိကန်သုတေသီ Walter Russell Mead ရေးသားတဲ့ အဲဒီ အယ်ဒီတာ့ အာဘော်မှာ Coronavirus ကိစ ္စတရုတ်တို့ ကိုင်တွယ်ပုံကို ဝေဖန် ရေးသားထားတာပါ။ Sick Man of Asia ဆိုတဲ့ စကားရပ်ဟာ သမိုင်းအရ တရုတ်လူမျိုးတွေကို ပုံသေကားချပ် ကြည့်မြင် နှိမ်ချ ပြောဆိုရာမှာ သုံးခဲ့တာဖြစ်ပြီး အနာရောဂါထူပြောမှုနဲ့ မသန့်ရှင်းမှု အဖြစ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Wall Street Journal က လိုင်စင်ရုပ်သိမ်းခံရတဲ့ သတင်းထောက် ၃ ဦး နာမည်ကို ထုတ်ပြန်ခဲ့ရာမှာ အမေရိကန် နိုင်ငံသား ၂ ဦးဖြစ်တဲ့ တရုတ် ဗျူရို ဒုတိယ အကြီးအကဲ Josh Chin၊ သတင်းထောက် Chao Deng နဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက် Philip Wen တို့ ဖြစ်ပါတယ်။ သူတို့အားလုံး ၅ ရက်အတွင်း တရုတ်နိုင်ငံက ထွက်ခွာရမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ လုပ်ရပ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့ရာမှာ ရင့်ကျက်ပြီး တာဝန်ရှိတဲ့ နိုင်ငံတွေဟာ အချက်အလက်နဲ့ အယူအဆတွေကို တင်ပြလေ့ရှိတဲ့ လွတ်လပ်တဲ့ မီဒီယာကို သဘောပေါက် နားလည်ကြကြောင်း၊ ချက်ကျကျ ပြန်လည် ပြောကြားတာသာ မှန်ကန်တဲ့ တုန့်ပြန်မှု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Wall Street Journal သတင်းထောက်ဖြစ်သူ Chun Han Wong တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ဆွေမျိုး တဦး အကြောင်း ရေးသားခဲ့တာကြောင့် တိုင်းပြည်က နှင်ထုတ်ခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG