Zawgyi/Unicode
ဓာတ္ေျမဩဇာ ျပည္ပတင္ပို႔တာကို ယာယီရပ္ဆိုင္းထားမယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ ဓာတ္ေျမဩဇာထုတ္လုပ္ေရး လုပ္ငန္းႀကီးေတြက ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကညာၿပီးေနာက္ ျမန္မာႏိုင္ငံတြင္း ဓာတ္ေျမဩဇာေဈးေတြ ပို တက္လာေနပါတယ္။ ဒီအတြက္ ျမန္မာ့လယ္ယာလုပ္ငန္းမွာ တစုံတရာ႐ိုက္ခတ္မႈ ရွိႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုေအာင္ျမတ္သူေျပာျပမွာပါ။
ျမန္မာႏိုင္ငံက ဝယ္ယူသုံးစြဲေနရတဲ့ တ႐ုတ္ႏိုင္ငံထုတ္ ဓာတ္ေျမဩဇာေတြ အခုႏွစ္ထဲမွာ ေဈးအဆမတန္ တက္လာတာပါ။ တင္သြင္းမႈကလည္း အရင္ႏွစ္ေတြကထက္ ေလ်ာ့နည္းသြားပါတယ္။ ကိုဗစ္ ကပ္ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ဓာတ္ေျမဩဇာေဈးႏႈန္းက တကမာၻလုံးအတိုင္းအတာနဲ႔ ၃ ဆေလာက္တက္သြားၿပီး ျပည္တြင္းမွာလည္း မႏွစ္ကထက္ အဝင္ေလ်ာ့က်သြားေၾကာင္း ျမန္မာစီးပြားကူးသန္းဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးမင္းမင္းက ဗြီအိုေအကို ေျပာပါတယ္။ ႏိုင္ငံအမ်ားစုက အခုလိုကာလမွာ ႏိုင္ငံအလိုက္ ကုန္သြယ္ေရးထိန္းခ်ဳပ္တဲ့ အစီအစဥ္ေတြ ခ်မွတ္ေနတာေၾကာင့္လည္း အခုလိုေဈးေတြတက္လာတာ ျဖစ္ႏိုင္ေၾကာင္း သူကေျပာပါတယ္။
“ေဈးကေတာ့ ေတာ္ေတာ္ျမင့္သြားတာ၊ ေတာ္ေတာ္ႀကီးကို ျမင့္သြားတယ္ဗ်ာ၊ က်ေနာ္တို႔ ျပည္တြင္း statistics ( စာရင္း) အရ ၾကည့္မယ္ဆိုရင္ တင္သြင္းမႈသာ က်သြားတာ ဓာတ္ေျမဩဇာနဲ႔ပတ္သက္တဲ့ value ( တန္ဖိုး) ကမက်ဘူးေပါ့ေနာ္။ တက္တယ္ေပါ့၊ ေတာ္ေတာ္ႀကီးကိုတက္တယ္။ မႏွစ္ကထက္စာရင္ တင္သြင္းမႈက တန္ခ်ိန္ေတာ္ေတာ္ေလ်ာ့သြားတယ္၊ ၃၀,၀၀၀ ေလာက္ေလ်ာ့သြားတယ္၊ မႏွစ္ကသြင္းတာထက္စာရင္။”
နယ္စပ္မွာ ကိုဗစ္အကန႔္အသတ္ေတြ ရွိေနတာလည္း ေဈးတက္ရတဲ့အေၾကာင္းရင္းတခုလို႔ သူကေျပာပါတယ္။
ျပည္တြင္းမွာ အသုံးမ်ားတဲ့ ပုလဲဓာတ္ေျမဩဇာလို႔ေခၚတဲ့ ႏိုက္ထ႐ိုဂ်င္တအိတ္ကို မႏွစ္ကမိုးတြင္းက က်ပ္ ၂၅,၀၀၀ နဲ႔ ၂၈,၀၀၀ ၾကားရွိေပမဲ့ ဒီႏွစ္မိုးတြင္းမွာ က်ပ္ ၃၅,၀၀၀ အထိတက္လာပါတယ္။ တခ်ိဳ႕ေနရာေတြမွာ တအိတ္ကို က်ပ္ ၄၀,၀၀၀ ေက်ာ္အထိေပးဝယ္ေနရေၾကာင္း ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္က လယ္ ၁၀ ဧကစိုက္ထားတဲ့ ေစာေသာအယ္ထူးက ေျပာပါတယ္။
“အခုအထိေတာင္မွ ဓာတ္ေျမဩဇာေတြက မယူရေသးဘူး၊ ေငြေရးေၾကးေရးေတြလည္း က်ပ္တည္း။ ေဈးႏႈန္းက ျမင္းပ်ံေတြေတာင္မွ ၅၀,၀၀၀၊ အခုရက္ပိုင္း ၅၀,၀၀၀ ေတာင္ေက်ာ္သလားမသိ။ ဒီႏွစ္ စိုက္ပ်ိဳးစရိတ္ေတြကလည္း ႀကီးေတာ့ မျမတ္ေတာင္မွ အရင္းရေအာင္ လုပ္ရမွာပဲ။ ေတာ္ေတာ္ေလးကို စဥ္းစားၿပီး အလုပ္လုပ္ေနရတာ။ ေရေတြကလည္းႀကီးေတာ့။ ျပန္စိုက္ဖို႔ေတာင္မွ အခုမနည္းလုပ္ေနရတယ္။”
တဧကကို ဓာတ္ေျမဩဇာ ၃အိတ္သုံးရလို႔ ၁၀ ဧကအတြက္ တႏွစ္ကို က်ပ္ ၁၅ သိန္းေလာက္ ကုန္က်စရိတ္ရွိေၾကာင္း သူကေျပာပါတယ္။
ျမန္မာျပည္အတြက္ လိုအပ္တဲ့ဓာတ္ေျမဩဇာကို တ႐ုတ္ကေန သေဘၤာနဲ႔အမ်ားဆုံး တင္သြင္းေနတာပါ။ ဓာတ္ေျမဩဇာ ဝယ္လိုအားက ေနရာတိုင္းမွာ ႀကီးေနတဲ့အတြက္လည္း ေဈးတက္ေနတာလို႔ ျမန္မာႏိုင္ငံ ေျမဩဇာ၊ မ်ိဳးေဆးနဲ႔ စိုက္ပ်ိဳးေရးသုံးေဆး လုပ္ငန္းရွင္အသင္းက တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျဖၾကားခဲ့ပါတယ္။
Statista အဖြဲ႔ရဲ႕သုေတသန စာရင္းအရဆိုရင္ တ႐ုတ္ႏိုင္ငံက ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စ္ဖိတ္၊ ပိုတက္ရွ္ ဒီဓာတ္ေျမဩဇာသုံးမ်ိဳး ထုတ္လုပ္တဲ့ႏႈန္းက ၂၀၁၅ မွာအျမင့္ဆုံးျဖစ္ၿပီး တန္ခ်ိန္သန္းေပါင္း ၇၄.၃၂ တန္ရွိခဲ့ပါတယ္။ အဲဒီႏႈန္းက ၁၉၇၀ ေနာက္ပိုင္းအျမင့္ဆုံးပါ။ အဲဒီေနာက္ တျဖည္းျဖည္းက်လာၿပီး ၂၀၂၀ မွာ တန္ ခ်ိန္သန္းေပါင္း ၅၃.၉၆ ပဲရွိပါတယ္။
တ႐ုတ္ဓာတ္ေျမဩဇာ လုပ္ငန္းႀကီးေတြကေတာ့ ျပည္တြင္းသုံးစြဲမႈ လုံေလာက္ေအာင္ ျပည္ပတင္ပို႔တာကို ရပ္ဆိုင္းထားတာလို႔ ဆိုပါတယ္။ ျပည္ပဝယ္လိုအားနဲ႔ ျပည္တြင္သုံးစြဲမႈေတြ ရွိေနေပမဲ့ ထုတ္လုပ္ႏႈန္းက်တာ၊ ေလာင္စာဆီ ေဈးႀကီးတာေတြေၾကာင့္ တ႐ုတ္ရဲ႕ ဓာတ္ေျမဩဇာ ေဈးေတြက အခုႏွစ္မွာ အျမင့္ဆုံးေရာက္ေနတယ္လို႔ The Economics Times သတင္းစာက ေရးသားထားပါတယ္။
--------
Unicode
ဓာတ်မြေဩဇာဈေးမြင့်လို့ မြန်မာ့စိုက်ပျိုးရေး ထိခိုက်ဖွယ်ရှိ
ဓာတ်မြေဩဇာ ပြည်ပတင်ပို့တာကို ယာယီရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံရဲ့ ဓာတ်မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပြီးနောက် မြန်မာနိုင်ငံတွင်း ဓာတ်မြေဩဇာဈေးတွေ ပို တက်လာနေပါတယ်။ ဒီအတွက် မြန်မာ့လယ်ယာလုပ်ငန်းမှာ တစုံတရာရိုက်ခတ်မှု ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူပြောပြမှာပါ။
မြန်မာနိုင်ငံက ဝယ်ယူသုံးစွဲနေရတဲ့ တရုတ်နိုင်ငံထုတ် ဓာတ်မြေဩဇာတွေ အခုနှစ်ထဲမှာ ဈေးအဆမတန် တက်လာတာပါ။ တင်သွင်းမှုကလည်း အရင်နှစ်တွေကထက် လျော့နည်းသွားပါတယ်။ ကိုဗစ် ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဓာတ်မြေဩဇာဈေးနှုန်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ ၃ ဆလောက်တက်သွားပြီး ပြည်တွင်းမှာလည်း မနှစ်ကထက် အဝင်လျော့ကျသွားကြောင်း မြန်မာစီးပွားကူးသန်းဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံအများစုက အခုလိုကာလမှာ နိုင်ငံအလိုက် ကုန်သွယ်ရေးထိန်းချုပ်တဲ့ အစီအစဉ်တွေ ချမှတ်နေတာကြောင့်လည်း အခုလိုဈေးတွေတက်လာတာ ဖြစ်နိုင်ကြောင်း သူကပြောပါတယ်။
“ဈေးကတော့ တော်တော်မြင့်သွားတာ၊ တော်တော်ကြီးကို မြင့်သွားတယ်ဗျာ၊ ကျနော်တို့ ပြည်တွင်း statistics ( စာရင်း) အရ ကြည့်မယ်ဆိုရင် တင်သွင်းမှုသာ ကျသွားတာ ဓာတ်မြေဩဇာနဲ့ပတ်သက်တဲ့ value ( တန်ဖိုး) ကမကျဘူးပေါ့နော်။ တက်တယ်ပေါ့၊ တော်တော်ကြီးကိုတက်တယ်။ မနှစ်ကထက်စာရင် တင်သွင်းမှုက တန်ချိန်တော်တော်လျော့သွားတယ်၊ ၃၀,၀၀၀ လောက်လျော့သွားတယ်၊ မနှစ်ကသွင်းတာထက်စာရင်။”
နယ်စပ်မှာ ကိုဗစ်အကန့်အသတ်တွေ ရှိနေတာလည်း ဈေးတက်ရတဲ့အကြောင်းရင်းတခုလို့ သူကပြောပါတယ်။
ပြည်တွင်းမှာ အသုံးများတဲ့ ပုလဲဓာတ်မြေဩဇာလို့ခေါ်တဲ့ နိုက်ထရိုဂျင်တအိတ်ကို မနှစ်ကမိုးတွင်းက ကျပ် ၂၅,၀၀၀ နဲ့ ၂၈,၀၀၀ ကြားရှိပေမဲ့ ဒီနှစ်မိုးတွင်းမှာ ကျပ် ၃၅,၀၀၀ အထိတက်လာပါတယ်။ တချို့နေရာတွေမှာ တအိတ်ကို ကျပ် ၄၀,၀၀၀ ကျော်အထိပေးဝယ်နေရကြောင်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က လယ် ၁၀ ဧကစိုက်ထားတဲ့ စောသောအယ်ထူးက ပြောပါတယ်။
“အခုအထိတောင်မှ ဓာတ်မြေဩဇာတွေက မယူရသေးဘူး၊ ငွေရေးကြေးရေးတွေလည်း ကျပ်တည်း။ ဈေးနှုန်းက မြင်းပျံတွေတောင်မှ ၅၀,၀၀၀၊ အခုရက်ပိုင်း ၅၀,၀၀၀ တောင်ကျော်သလားမသိ။ ဒီနှစ် စိုက်ပျိုးစရိတ်တွေကလည်း ကြီးတော့ မမြတ်တောင်မှ အရင်းရအောင် လုပ်ရမှာပဲ။ တော်တော်လေးကို စဉ်းစားပြီး အလုပ်လုပ်နေရတာ။ ရေတွေကလည်းကြီးတော့။ ပြန်စိုက်ဖို့တောင်မှ အခုမနည်းလုပ်နေရတယ်။”
တဧကကို ဓာတ်မြေဩဇာ ၃အိတ်သုံးရလို့ ၁၀ ဧကအတွက် တနှစ်ကို ကျပ် ၁၅ သိန်းလောက် ကုန်ကျစရိတ်ရှိကြောင်း သူကပြောပါတယ်။
မြန်မာပြည်အတွက် လိုအပ်တဲ့ဓာတ်မြေဩဇာကို တရုတ်ကနေ သင်္ဘောနဲ့အများဆုံး တင်သွင်းနေတာပါ။ ဓာတ်မြေဩဇာ ဝယ်လိုအားက နေရာတိုင်းမှာ ကြီးနေတဲ့အတွက်လည်း ဈေးတက်နေတာလို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးဆေးနဲ့ စိုက်ပျိုးရေးသုံးဆေး လုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ဖြေကြားခဲ့ပါတယ်။
Statista အဖွဲ့ရဲ့သုတေသန စာရင်းအရဆိုရင် တရုတ်နိုင်ငံက နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်ရှ် ဒီဓာတ်မြေဩဇာသုံးမျိုး ထုတ်လုပ်တဲ့နှုန်းက ၂၀၁၅ မှာအမြင့်ဆုံးဖြစ်ပြီး တန်ချိန်သန်းပေါင်း ၇၄.၃၂ တန်ရှိခဲ့ပါတယ်။ အဲဒီနှုန်းက ၁၉၇၀ နောက်ပိုင်းအမြင့်ဆုံးပါ။ အဲဒီနောက် တဖြည်းဖြည်းကျလာပြီး ၂၀၂၀ မှာ တန် ချိန်သန်းပေါင်း ၅၃.၉၆ ပဲရှိပါတယ်။
တရုတ်ဓာတ်မြေဩဇာ လုပ်ငန်းကြီးတွေကတော့ ပြည်တွင်းသုံးစွဲမှု လုံလောက်အောင် ပြည်ပတင်ပို့တာကို ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။ ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်သုံးစွဲမှုတွေ ရှိနေပေမဲ့ ထုတ်လုပ်နှုန်းကျတာ၊ လောင်စာဆီ ဈေးကြီးတာတွေကြောင့် တရုတ်ရဲ့ ဓာတ်မြေဩဇာ ဈေးတွေက အခုနှစ်မှာ အမြင့်ဆုံးရောက်နေတယ်လို့ The Economics Times သတင်းစာက ရေးသားထားပါတယ်။
#MyanmarEconomis #MyanmarAgriculturalProducts #VOABurmese