သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဗိုင်းရပ်စ်သစ်ကြောင့် ပထမဆုံးလူသေဆုံး


ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေး စစ်ဆေးကြည့်ရှုနေသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး။ (ဇန်နဝါရီ ၃၊ ၂၀၂၀)
ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေး စစ်ဆေးကြည့်ရှုနေသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး။ (ဇန်နဝါရီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့မှာ Coronavirus လို့ခေါ်တဲ့ ဗိုင်းရပ်ရောဂါပိုး အသစ်တမျိုးကြောင့် လူတယောက် သေဆုံးသွားတယ်လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ် လူ ၇ ယောက်လည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဝူဟန် ဒေသန္တရ ကျန်းမာရေးကော်မရှင်နဲ့ ဟောင်ကောင်တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဗိုင်းရပ်ပိုးသစ်ကြောင့် အဆုတ်ရောဂါ ခံစားနေရတဲ့သူဟာ သောကြာနေ့အထိ စုစုပေါင်း ၄၁ ယောက်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစောပိုင်းကတော့ ဒီကူးစက်ရောဂါကို ခံစားနေရတဲ့သူ အရေအတွက်ဟာ ၅၉ ယောက်အထိရှိခဲ့ပြီး အဲဒီကနေ ကျဆင်းလာတာဖြစ်ပါတယ်။

ရောဂါကူးစက်ခံလူနာ အနည်းဆုံး ၂ ယောက်ကိုတော့ သက်သာလာလို့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ပုံမှန်တည်ငြိမ်တဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့သူဟာ အသက် ၆၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူဟာ အသက်ရှူမဝတာနဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဝမ်းဗိုက်နဲ့ အသည်းရောဂါ ဝေဒနာတွေလည်း ခံစားနေရသူဖြစ်ပြီး ဒီကူးစက်ရောဂါဖြစ်တဲ့သူ အတော်များများနဲ့ ချိတ်ဆက်မှုရှိတဲ့ ဝူဟန်မြို့ ဆင်ခြေဖုံးက ဈေးမှာ ပုံမှန်ဈေးဝယ်သူတဦး ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ ဒီကူးစက်ရောဂါ ဘာကြောင့်ဖြစ်ပွားခဲ့တယ် ဆိုတာကိုတော့ အခုချိန်ထိ မသိရသေးဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၂-၂၀၀၃ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အခုလို ကူးစက်ရောဂါ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာလေဆိပ် ၃ ခုမှာလည်း ကိုယ်ပူချိန်တိုင်း ကိရိယာတွေနဲ့ ရောက်လာကြတဲ့ ခရီးသွားတွေကို သေချာလေ့လာ စစ်ဆေးစောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေး အကြီးတန်းတာဝန်ရှိသူ တဦးက ပြောလိုက်ပါတယ်။

------------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG