သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နမိုးနီးယားေရာဂါသစ္ အလားအလာ WHO စိုးရိမ္


(Zawgyi/ Unicode)

တရုတ္ႏုိင္ငံ အလယ္ပိုင္း ၀ူဟန္ျပည္နယ္မွာ လူနာ ၅၀ ေက်ာ္မွာ ေတြ႔ရွိရတဲ့ pneumonia ေရာဂါဟာ အရင္က မသိရွိခဲ့ရတဲ့ ဗိုင္းရပ္စ္ တစ္မ်ိဳးေၾကာင္း ျဖစ္ပြားခဲ့တာ ျဖစ္ႏုိင္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က ေျပာပါတယ္။ SARS နဲ႔ MERS တုိ႔လို႔ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါကို ျဖစ္ပြားေစတဲ့ ဗိုင္းရပ္စ္ အႏြယ္၀င္ပိုးေတြေၾကာင့္ ျဖစ္ႏုိင္တယ္လို႔ ဆိုပါတယ္။ ဒီေရာဂါ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းကို သိရွိဖို႔ ပိုျပီး ျပည့္စုံတဲ့ သတင္း အခ်က္အလက္ေတြ ရရွိဖို႔ လိုအပ္ေနတဲ့တစ္ခ်ိန္တည္းမွာပဲ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားႏုိင္ေခ်ရွိတယ္လို႔ WHO က ေျပာပါတယ္။

တရုတ္ႏုိင္ငံပိုင္ Xinhuaသတင္းဌာနကလည္းေဆးပညာရွင္ေတြ ေတြ႕ရွိခဲ့တဲ့ ဓါတ္ခြဲခန္း ရလဒ္ေတြမွာ ဒီေရာဂါဟာအသက္ရွဴလမ္း ေၾကာင္း ဆိုင္ရာ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားတယ္လို႔လည္း ၾကာသပေတးေန႔က ေျပာပါတယ္။

အသက္ရွဴလမ္းေၾကာင္းကေနတစ္ဆင့္ ျပန္႔ပြားတဲ့ ဗိုင္းရပ္စ္ဟာ ပုံမွန္ အျဖစ္မ်ားတဲ့ အေအးမိ ေရာဂါကေန SARS ေရာဂါလို ျပင္းထန္တဲ့ ေရာဂါေတြ အထိ ျဖစ္ပြားႏုိင္ပါတယ္။

ဒီ ေရာဂါဟာ တရုတ္ႏုိ္င္ငံမွာ ဇန္န၀ါရီ ေႏွာင္းပိုင္းမွာ က်ေရာက္မယ့္ တရုတ္ ရိုးရာ ႏွစ္သစ္ကူး မတိုင္ခင္ ျဖစ္ပြားခဲ့တာပါ။ အဲဒီ ႏွစ္သစ္ကူးကာလမွာ ၁.၄ ဘီလီယံရွိတဲ့ တရုတ္ ျပည္သူေတြဟာ သူတို႔ရဲ႕ ဇာတိျမိဳ႔ေတြကို ျပန္ဖို႔ ခရီးသြားၾကမွာ ျဖစ္ပါတယ္။ တရုတ္ျပည္သူ သန္း ၄၄၀ ဟာ ရထားလမ္းကတဆင့္ ခရီးသြားၾကမွာ ျဖစ္သလို ၇၉ သန္းဟာ ေလေၾကာင္းခရီးကို အသုံးျပဳဖို႔ ရွိေနတယ္လို႔ တရုတ္ အစိုးရက ခန္႔မွန္းထားပါတယ္။

နမိုးနီးယားေရာဂါသစ္ အလားအလာ WHO စိုးရိမ္
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္


......................

နမိုးနီးယားရောဂါသစ် အလားအလာ WHO စိုးရိမ်

(Unicode)

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်ပြည်နယ်မှာ လူနာ ၅၀ ကျော်မှာ တွေ့ရှိရတဲ့ pneumonia ရောဂါဟာ အရင်က မသိရှိခဲ့ရတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင်း ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ SARS နဲ့ MERS တို့လို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် အနွယ်ဝင်ပိုးတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သိရှိဖို့ ပိုပြီး ပြည့်စုံတဲ့ သတင်း အချက်အလက်တွေ ရရှိဖို့ လိုအပ်နေတဲ့တစ်ချိန်တည်းမှာပဲ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားနိုင်ချေရှိတယ်လို့ WHO က ပြောပါတယ်။

တရုတ်နိုင်ငံပိုင် Xinhuaသတင်းဌာနကလည်းဆေးပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဓါတ်ခွဲခန်း ရလဒ်တွေမှာ ဒီရောဂါဟာအသက်ရှူလမ်း ကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတယ်လို့လည်း ကြာသပတေးနေ့က ပြောပါတယ်။

အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ပြန့်ပွားတဲ့ ဗိုင်းရပ်စ်ဟာ ပုံမှန် အဖြစ်များတဲ့ အအေးမိ ရောဂါကနေ SARS ရောဂါလို ပြင်းထန်တဲ့ ရောဂါတွေ အထိ ဖြစ်ပွားနိုင်ပါတယ်။

ဒီ ရောဂါဟာ တရုတ်နိုင်ငံမှာ ဇန်နဝါရီ နှောင်းပိုင်းမှာ ကျရောက်မယ့် တရုတ် ရိုးရာ နှစ်သစ်ကူး မတိုင်ခင် ဖြစ်ပွားခဲ့တာပါ။ အဲဒီ နှစ်သစ်ကူးကာလမှာ ၁.၄ ဘီလီယံရှိတဲ့ တရုတ် ပြည်သူတွေဟာ သူတို့ရဲ့ ဇာတိမြို့တွေကို ပြန်ဖို့ ခရီးသွားကြမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ သန်း ၄၄၀ ဟာ ရထားလမ်းကတဆင့် ခရီးသွားကြမှာ ဖြစ်သလို ၇၉ သန်းဟာ လေကြောင်းခရီးကို အသုံးပြုဖို့ ရှိနေတယ်လို့ တရုတ် အစိုးရက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG