သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝက်တုပ်ကွေး ဟောင်ကောင်ရောက်


တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်ရဲ့မြို့တော် Kunming မှာရှိတဲ့ ဆင်ခြေဖုံးက မွေးမြူရေးခြံမှာတွေ့ရတဲ့ ဝက်များ (နိုဝင်ဘာ၊ ၃၀၊ ၂၀၁၁)
တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်ရဲ့မြို့တော် Kunming မှာရှိတဲ့ ဆင်ခြေဖုံးက မွေးမြူရေးခြံမှာတွေ့ရတဲ့ ဝက်များ (နိုဝင်ဘာ၊ ၃၀၊ ၂၀၁၁)

ဟောင်ကောင်ကျွန်းက ဝက်သတ်ရုံတခုမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့တဲ့အတွက် ဝက်ကောင်ရေ ၆၀၀၀ စလုံးကို သုတ်သင်ရှင်းလင်းပစ်မယ့်အကြောင်း အစားအစာနဲ့ ကျန်းမာရေးဌာန အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ရောဂါကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ သားသတ်ရုံမှာရှိနေတဲ့ ဝက်တွေအားလုံးကို သုတ်သင်ရှင်းလင်းပြီး ရောဂါပိုး သန့်စင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဟောင်ကောင်ကျွန်း အစားအစာနဲ့ ကျန်းမာရေးဌာန အကြီးအကဲ Sophia Chan က မနေ့နှောင်းပိုင်းမှာပဲ ပြောဆိုလိုက်တာပါ။

ရောဂါတွေ့ရှိခဲ့တဲ့ ဝက်ကိုတော့ ဝက်တုပ်ကွေးရောဂါ ကြုံခဲ့ရတဲ့ တရုတ်ပြည်မကြီး Guangdong ပြည်နယ်က တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အာဖရိက ဝက်တုပ်ကွေးရောဂါဟာ လူကိုအန္တရာယ် မဖြစ်နိုင်သလို ဝက်ကနေ လူကိုကူးစက်မှု မရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်ထားပြီး အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်မှု မရှိကြောင်းလည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ရောဂါဟာ ကူးစက်ပြန့်နှံ့လွယ်ပြီး မွေးမြူထားတဲ့ ဝက်တွေရော တောထဲမှာရှိတဲ့ ဝက်တွေကိုပါ ကြီးငယ်မရွေး သေလောက်တဲ့အထိ အန္တရာယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။

အာဖရိက ဝက်တုပ်ကွေးရောဂါ ကြုံခဲ့ရတဲ့အတွက် အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်မှာ ဇွန်လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံတကာ ဝက်ကုန်စည်ပြပွဲကိုလည်း ဖျက်လိုက်ရပါတယ်။

တရုတ်နိုင်ငံနဲ့ အာရှတိုက် နိုင်ငံတချို့မှာ ဝက်တုပ်ကွေးရောဂါ ကြုံနေရတဲ့အတွက် ကူးစက် ပျံ့နှံ့မှာကို သတိထားတဲ့အနေနဲ့ ကုန်စည်ပြပွဲ ကျင်းပမယ့်အစီအစဉ် ဖျက်လိုက်ရတာလို့လည်း စီစဉ်သူတွေက ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG