သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနီးလာချိန် ပြည်မကြီးနဲ့ပေါင်းစည်းရေး တရုတ်ဖိအားပေးမှု ပိုတိုးလာ


ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်မှာ မြင်တွေ့ရတဲ့ ထိုင်ဝမ်အလံများ (ဇန်နဝါရီ ၃၊ ၂၀၂၄)
ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်မှာ မြင်တွေ့ရတဲ့ ထိုင်ဝမ်အလံများ (ဇန်နဝါရီ ၃၊ ၂၀၂၄)

ထိုင်ဝမ်ကျွန်းအနေနဲ့ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေ လုပ်ရမယ့်အရာအဖြစ် ဖိအားပေးသလို၊ ထိုင်ဝမ်ကျွန်းတဝိုက်မှာလည်း စစ်ရေးလေ့ကျင့်မှုတွေကို ပိုလုပ်လာပြီး ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် တရုတ်က ထိုင်ဝမ်ကို ဖိအားတွေ တိုးပေးနေပါတယ်။ ထိုင်ဝမ်အပေါ် ဖိအားပေးတဲ့ တရုတ်ရဲ့ ကြိုးပမ်းမှုဟာ ကာလရှည်ကြာကျင့်သုံးတဲ့ နည်းဗျူဟာကို ထင်ဟပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လေ့လာသူအချို့က ပြောပါတယ်။

“ရွေးကောက်ပွဲတိုင်းမှာရော ရွေးကောက်ပွဲ ကြားကာလမှာတွေမှာပါ တရုတ်က ထိုင်ဝမ်မှာရှိတဲ့ ပြည်သူတွေကို ဖိအားပေးလေ့ရှိပါတယ်” လို့ ထိုင်ဝမ်မှာရှိတဲ့ နိုင်ငံတကာရီပတ်ဘလစ်ကန်အင်စတီကျု (IRI) အကြီးတန်းအကြံပေး J Michael Cole က ဗွီအိုအေကို ပြောပါတယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာလည်း တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ သေချာပေါက် ပြန်လည်ဆုံစည်းမယ်လို့ ထပ်လောင်း ပြောထားပါသေးတယ်။ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ဆက်ဆံရေးဆိုင်ရာ ကြီးကြပ်ရေးရုံးကလည်း ထိုင်ဝမ်ရေလက်ကြား တဘက်တချက်စီမှာရှိကြတဲ့ ပြည်သူတွေရဲ့ ဘုံဆန္ဒဖြစ်တဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးကို အားပေးကြဖို့ ထိုင်ဝမ်ပြည်သူတွေကို တောင်းဆိုထားပါတယ်။

“ထိုင်ဝမ်ရေလက်ကြားမှာရှိတဲ့ နှစ်ဘက်စလုံးက ဆွေမျိုးသားချင်းတွေ စည်းစည်းလုံးလုံးနဲ့ လက်တွဲနေသရွေ့ တရုတ်နိုင်ငံရဲ့ နုပျိုတဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်ပြီး ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်တယ်လို့လည်း အမိမြေပြန်လည်ပေါင်းစည်းရေး ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ Song Tao က မနေ့က ထုတ်ပြန်တဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ ပြောထားပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG