သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နံမည်ကြီး စစ်တပ်အဆိုတော်နှစ်ဦးရဲ့ သား အုပ်စုဖွဲ့ အဓမ္မကျင့်မှုနဲ့ အပြစ်ပေးခံရ


မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံရသူ Li Tianyi နဲ့ ဖခင်ဖြစ်သူ တရုတ်ပြည်သူ့လွတ်မြောက်ရေး PLA တပ်က ဗိုလ်ချုပ်ကြီး Li Shuangjiang။
မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံရသူ Li Tianyi နဲ့ ဖခင်ဖြစ်သူ တရုတ်ပြည်သူ့လွတ်မြောက်ရေး PLA တပ်က ဗိုလ်ချုပ်ကြီး Li Shuangjiang။
တရုတ်နိုင်ငံက နာမည်ကြီး စစ်တပ် အဆိုတော် ၂ ယောက်ရဲ့ ဆယ်ကျော်သက် သားတယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုမှာပါဝင်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်ပါတယ်၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ Hotel တခုမှာ အမျိုးသမီး ၁ ယောက်ကို အဓမ္မကျင့်မှုနဲ့ အသက် ၁၇ နှစ်အရွယ် Li Tianyi နဲ့ ကျန် ၄ ယောက်ကို ဘေဂျင်း တရားရုံးတခုက အပြစ်ရှိကြောင်း ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ချလိုက်ပါတယ်။

Li က သူဟာအရက်မူးနေတဲ့အတွက် Hotel မှာတွေ့တဲ့ အဲဒီအမျိုးသမီး ဘာဖြစ်သလဲဆိုတာကို မသိခဲ့ဘူးလို့စောဒကတက်ခဲ့ပါတယ်။ ဒီအမှုဟာ ပြည့်တန်ဆာမှုဖြစ်တယ်လို့ Li ရဲ့မိသားစုတွေက ပြောပါတယ်။

ဒါပေမဲ့ လီဟာ အဲဒီအမျိုးသမီးကို ဟိုတယ်ခန်းထဲကို အတင်းဆွဲသွင်းပြီး အဝတ်အစားတွေကို ချွတ်ခိုင်းကာ သူနဲ့ပထမဆုံး လိင်ဆက်ဆံခဲ့တာဖြစ်တယ်လို့ တရားရုံးကတွေ့ရှိပါတယ်။ အခုအမှုမှာပါဝင်သူ ၅ ယောက်ထဲမှာ ၁ ယောက်ကပဲ ဆယ်ကျော်သက်မဟုတ်တဲ့ လူကြီးဖြစ်ပါတယ်။

ကျန်တဲ့သူတွေကိုလဲ ထောင်ဒဏ် ၃ နှစ်ကနေ ၁၂ နှစ်အထိ ချခဲ့ပါတယ်၊ တရုတ်နိုင်ငံရဲ့ အခွင့်ထူးခံ ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဂတိလိုက်စားနေတယ်လို့ အမြင်ရှိနေတဲ့ တရုတ်နိုင်ငံမှာ ဒီအမှုအပေါ် အတော်ကို စိတ်ဝင်တစားရှိကြပါတယ်။ လီရဲ့အဖေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး PLA တပ်က ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ပြီး ရုပ်မြင်သံကြားပေါ်မှာ မျိုးချစ်သီချင်းတွေကို သီဆိုတဲ့အတွက် ကျော်ကြားပါတယ်၊ သူ့အမေကလဲ PLA တပ်ကပဲ နာမည်ကြီး အဆိုတော်တယောက်ဖြစ်ပါတယ်
XS
SM
MD
LG