သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံ မြေရှားသတ္တု ပြည်ပတင်ပို့မှုတိုး


တရုတ်နိုင်ငံ Inner Mongolia ဒေသက မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တခု (ဇူလိုင် ၁၆၊ ၂၀၁၁)
တရုတ်နိုင်ငံ Inner Mongolia ဒေသက မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တခု (ဇူလိုင် ၁၆၊ ၂၀၁၁)

တရုတ်နိုင်ငံက မြေရှားသတ္တု ပြည်ပတင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်ဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေက ဝယ်လိုအား ကျဆင်းလာနေချိန်မှာပဲ ကမ္ဘာမှာ မြေရှားသတ္ထု အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ ၅၅,၄၃၁ မက်ထရစ်တန်ချိန် တင်ပို့ခဲ့ကြောင်း အကောက်ခွန်ဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြခဲ့တာပါ။

လျှပ်စစ်ကားကနေ အီလက်ထရောနစ် လူသုံးပစ္စည်းအဆုံး ကုန်ပစ္စည်းထုတ်လုပ်မှုတွေမှာ လိုအပ်တဲ့ မြေရှားသတ္ထု ပြည်ပ တင်ပို့မှုဟာ ၂၀၁၄ ခုနှစ်ကစ အမြင့်ဆုံးဖြစ်တယ်လို့လည်း Reuters သတင်းဌာနက ပြောပါတယ်။ ပြည်ပတင်ပို့မှုတွေ တိုးလာပေမဲ့ ဈေးနှုန်းကျဆင်းမှုကြောင့် ပို့ကုန်တန်ဘိုးအားဖြင့် ၃၆ ရာခိုင်နှုန်း ဒေါ်လာ ၄၈၈.၈ သန်း ကျဆင်းခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက မြေရှားသတ္တု တင်သွင်းမှုကတော့ အရင်တနှစ်ကထက် ၄၁.၁ ရာခိုင်နှုန်း ကျဆင်းပြီး ၉,၆၄၅ တန်သာ ရှိခဲ့သလို တနှစ်လုံးအတွက် ဆိုရင်တော့ ၂၄.၄ ရာခိုင်နှုန်း ကျဆင်းပြီး ၁၃၂,၉၃၁ တန်သာ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မြေရှားသတ္ထု တင်သွင်းမှုတွေ ကျဆင်းရတဲ့ အဓိက အကြောင်းရင်းဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံက တင်ပို့မှုတွေ ကျဆင်းရတာကြောင့်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြတာပါ။ အမေရိကန်က တရုတ်နိုင်ငံကို တင်ပို့မှုဟာ တနှစ်အတွင်း ၁၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံက တင်ပို့မှုကတော့ ၃၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့လည်း တရုတ်အကောက်ခွန်ဌာန အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

 ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံ မြေရှားသတ္တု ပြည်ပတင်ပို့မှုတိုး
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG