အကျဉ်းကျနေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘို (Liu Xiabao) ကို လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို တရုတ်က ငြင်းဆန်လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ ပြောဆိုခဲ့တာမှာ အစိုးရကို ဆန့်ကျင်ရေးသားသူ လူရှောင်ဘိုဟာ တရုတ်ဥပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် ဥပဒေရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်လို့ ဆိုပါတယ်။
လူရှောင်ဘို နိုဘဲလ်ငြိမ်းချမ်းရေးဆု ရခဲ့တာတစ်နှစ်နီးပါးအကြာမှာ သူ့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) တို့က မနေ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၅ ဦးကလည်း လူရှောင်ဘိုကို လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ကြပါတယ်။
လူရှောင်ဘိုဟာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြေညာစာတမ်းတစ်စောင် ထုတ်ဝေခဲ့ပြီးတဲ့နောက် နိုင်ငံတော်ကို ဖျက်လိုဖျက်စီးလုပ်မှုနဲ့ စွပ်စွဲခံရပြီး ၂၀၀၉ ခုနှစ်က ထောင်က ၁၁ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စွပ်စွဲတာဟာ အတိုက်အခံတွေကို နှိမ်နင်းဖို့အတွက် မကြာခဏဆိုသလို တရုတ်အစိုးရ သုံးနှုန်းလေ့ရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။