သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပြင်ပဖိအားတွေ အလုပ်မဖြစ်နိုင်ဟု တရုတ်တုန့်ပြန်


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ။

ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်နဲ့ရုရှားကို နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က တိုက်တွန်းပြီးတဲ့နောက်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့ ပြင်ပကနေ ဖိအားပေးတာဟာ အလုပ်မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံဘက်က တုန့်ပြန်လိုက်ပါတယ်။ ဒီလို ဖိအားပေးခြင်းဟာ ဘယ်သူ့ကိုမှ အကျိုးမဖြစ်စေပဲ၊ အခြေအနေတွေပဲ ပိုပြီး ရှုပ်ထွေးဖို့ ဖြစ်လာချေရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာ အခုလို ပြောသွားတာပါ။

“ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပြင်ပကနေ ဖိအားပေးဆောင်ရွက်တာဟာ ပြဿနာဖြေရှင်းရေးကို အထောက်အကူမဖြစ်စေပဲ၊ ပိုပြီးတော့သာ ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်ရော အိမ်နိးချင်းတွေအတွက်ရော နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ အကျိုးမဖြစ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သူ့ပြသနာကို ကိုယ်တိုင်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေဖို့၊ ပြင်ပနိုင်ငံတွေ ပြင်ပအဖွဲ့အစည်းတွေနဲ့ ပြင်ပလူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ အပြုသဘောဆောင်တဲ့ဝန်းကျင်တရပ် ဖန်တီးပေးနိုင်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

တရုတ်နဲ့ရုရှားနိုင်ငံတွေဟာ အရင်စစ်အစိုးရတလျှောက်မှာလည်း မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ဒါဟာ ပြည်တွင်းရေးကိစ္စဆိုပြီး ဆန့်ကျင်ခဲ့ဖူးပါတယ်။ အခု ရိုဟင်ဂျာကိစ္စမှာလည်း မြန်မာအစိုးရကို စာနာပြုပြသလို၊ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်ချက်တွေမှာလည်း မြန်မာနိုင်ငံဖက်က ရှိနေတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေမှာ ထောက်ခံပါဝင်လာစေရေး နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ဆိုပြီး လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG