သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စစ်ပွဲအားလုံးဆန့်ကျင်ကြောင်း တရုတ်ပြောကြား


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

မြန်မာနိုင်ငံအပေါ် ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးမှာ တရုတ်က ဆက်လက်ကူညီဖို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဦးသန်းရွှေ ပြောဆိုတာကို တရုတ်သံရုံးက သတင်းထုတ်ပြန်တာဖြစ်ပါတယ်၊ မနေ့က နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုတွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုလည်း သီးခြားတွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မတည် မငြိမ်ဖြစ်နေမှုနဲ့ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ကြောင်း အပြင် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ပြောခဲ့တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်ကိုရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံစဥ်။ (Crd: နေပြည်တော်/ဆင်ဟွာ)
မြန်မာပြည်ကိုရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံစဥ်။ (Crd: နေပြည်တော်/ဆင်ဟွာ)

စစ်ကောင်စီရဲ့ ထုတ်ပြန်မှုမှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတယ်လို့ ဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ စစ်စခန်း တော်တော်များများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး မကြာခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာနိုင်ငံကို ရောက်လာတာပါ။ အခုနှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြီး နှစ်ဖက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေချိန်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG