သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ပါလက်စတိုင်းအာဏာပိုင် မဟာဗျူဟာ မိတ်ဖက်ထူထောင်


တရုတ်သမ္မတ Xi Jinping နဲ့ ပါလက်စတိုင်းသမ္မတ Mohmoud Abbas ဇွန် (၁၄) ၂၀၂၃
တရုတ်သမ္မတ Xi Jinping နဲ့ ပါလက်စတိုင်းသမ္မတ Mohmoud Abbas ဇွန် (၁၄) ၂၀၂၃

ပါလက်စတိုင်းသမတ မိုဟာမက် အဘက်စ် Mohammad Abbas တရုတ်ပြည်ကိုရောက်ရှိနေပြီး၊ တရုတ်အနေနဲ့ ပါလက်စတိုင်းနဲ့မဟာဗျူဟာမြောက်မဟာမိတ်အဖြစ် ဆက်ဆံရေးထူထောင်သွားမယ်လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာပြော ဆိုလိုက်ပါတယ်။

အခုလိုကြေညာလိုက်တာဟာ အမေရိကန်ပြည်ထောင်စုနဲ့ပြိုင်ဆိုင်မှုတွေရှိနေတဲ့ အရှေ့အလယ်ပိုင်းဒေသ အတွင်းတရုတ်အနေနဲ့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ သြဇာလွှမ်းမိုးနိုင်ဖို့အတွက်နောက်ထပ်ခြေလှမ်း တလှမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

ပါလက်စတိုင်းနဲ့တရုတ်ဟာ ကောင်းမွန်တဲ့မိတ်ဆွေတွေဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ပါလက်စတိုင်း သမ္မတနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းသမ္မတဟာ အင်္ဂါနေ့ကစတင်ပြီး တရုတ်ပြည်ကို ၃ ရက်ကြာအလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

တရုတ်ဟာစွမ်းအင်ကုန်ကြမ်းရှာဖွေနေသလို သူ့ရဲ့ စစ်ဘက်နဲ့အရပ်ဖက်ဆိုင်ရာ ပြည်ပတင်ပို့ကုန်တွေ အတွက်လည်း ဈေးကွက်ရှာနေတာဖြစ်ပါတယ်။ တရုတ်အနေနဲ့ ပါလက်စတိုင်းနဲ့ ပြည့်စုံစွာ ပူးပေါင်း ဆောင်ရွက်လိုပြီး ပါလက်စတိုင်းအရေးကိစ္စအတွက် ရေရှည်တည်တန့်မယ့် ဖြေရှင်းဆောင်ရွက်မှုတွေကို အမြန်ဆုံးပူးပေါင်းဆောင်ရွက်လိုပါတယ်လို့ တရုတ်ကပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းအနေနဲ့လည်း တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်သွားလိုပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအတွက်သေခြာအောင် ဆောင်ရွက်လိုကြောင်းပါလက်စတိုင်း သမ္မတ Abbas ကလည်းပြောဆိုခဲ့ပါတယ်။ တရုတ်ဟာတဖက်မှာလည်း အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်ထားပြီး၊ အစ္စရေးဆီက နည်းပညာတွေရရှိဖို့ ကြိုးပမ်းမှုတွေရှိပါတယ်။

တရုတ်နဲ့ပါလက်စတိုင်းအာဏာပိုင် မဟာဗျူဟာ မိတ်ဖက်ထူထောင်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG