သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ဆန္ဒမပြနိုင်ရေး လုံခြုံရေး တိုးချ


A musician of the Vienna Vegetable Orchestra who plays music exclusively with vegetable instruments (carrots and cucumbers instead of guitars and drums) prepares his instruments before a concert for the 100th anniversary of the San Miguel market in Madrid.<br />

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာလည်း ဆန္ဒပြကြဖို့ ပြည်ပ အင်တာနက် ၀က်ဘ်ဆိုက်တွေက တိုက်တွန်းနေတာကြောင့် တရုတ်အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်တော်များများမှာ တနင်္ဂနွေနေ့က ချထားလိုက်ပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့် ချထားပြီး ဈေးဝယ်သူတွေ အနေနဲ့လည်း လူအုပ်စုလိုက် မစုဝေးနိုင်အောင် လူတွေကို အတင်း ရွှေ့သွားခိုင်းနေပါတယ်။

တချို့ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ကိုယ်ထိလက်ရောက် စော်ကားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နဲ့ တခြား သတင်းထောက် တချို့ကတော့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး သူတို့ရဲ့ မှတ်စုတွေ၊ အသံဖမ်းစက်တွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ဆန္ဒပြကြဖို့ ဘယ်သူတွေက တိုက်တွန်း လှုံ့ဆော်နေတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တူနီးရှားနိုင်ငံမှာ အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာ စံပယ်တော်လှန်ရေး ပြုလုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော်နေတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ တိုက်ရိုက် စာရေးသား ပေးပို့တဲ့ နည်းစံတွေကို တရုတ်အစိုးရက လိုက်လံပိတ်ပင် တားဆီးနေပါတယ်။

XS
SM
MD
LG