သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သိမ်းထားတဲ့ ကန် Drone


အမေရိကန်ရေတပ်သုံး ရေငုပ် Drone ယာဉ်
အမေရိကန်ရေတပ်သုံး ရေငုပ် Drone ယာဉ်

တောင်တရုတ် ပင်လယ်ပြင်တွင်းက နိုင်ငံတကာ ရေပိုင်နက်မှာ အမေရိကန်ရေ တပ်ရဲ့ ရေငုပ် Drone ယာဉ်တစင်းကို တရုတ်နိုင်ငံက သိမ်းဆည်းသွားတဲ့ကိစ္စ ၂ နိုင်ငံ စစ်တပ်ကြား ဆက်သွယ်ပြီး သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေ ချိန်မှာပဲ အမေရိကန်က အကျယ်တဝံ့ ဖြစ်အောင် လုပ်နေတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံရှိနေတဲ့ နယ်မြေမှာ အမေရိကန်က ထောက်လှမ်းရေး လုပ်ငန်းတွေနဲ့ စစ်ဘက်ဆိုင်ရာ တိုင်းတာလေ့လာ မှုတွေလုပ်ဖို့ သင်္ဘောတွေ စေလွှတ်နေ တယ်လို့လည်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Yang Yujun က စနေနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ စွပ်စွဲခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေကို တရုတ်နိုင်ငံက အကြွင်းမဲ့ ဆန့်ကျင်ကြောင်းနဲ့ အမေရိကန်ဘက်က ရပ်တန့် ဖို့ကိုလည်း မေတ္တာရပ်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူ Peter Cook ကတော့ တရုတ်နိုင်ငံ ဘက်က ပြောကြားချက်တွေအရ သိမ်းဆည်း ခံလိုက်ရတဲ့ Drone ယာဉ်ကို ပြန်ပေး မယ်လို့ နားလည်ထားကြောင်း စနေနေ့မှာပဲ ပြောဆိုခဲ့ပေမဲ့ ဘယ်အချိန်ပြန်ပေး မလဲဆိုတဲ့ အချိန်ဇယား အတိအကျတော့ မပြောခဲ့ပါဘူး။

တောင်တရုတ် ပင်လယ်ပြင်တွင်းက နိုင်ငံတကာရေပိုင်နက်မှာ အလုပ်လုပ်နေ တဲ့ မောင်းသူမဲ့ ရေအောက်သုံးယာဉ်ကို တရုတ်နိုင်ငံက ဥပဒေမဲ့ သိမ်းဆည်းခဲ့တဲ့ အပေါ် တရားဝင် ကန့်ကွက်ခဲ့ကြောင်းနဲ့ တရုတ် အာဏာပိုင်တွေနဲ့ တိုက်ရိုက် ထိတေ့ွ ဆက်သွယ်မှုတွေအရ သိမ်းဆည်းသွားတဲ့ ရေယာဉ်ကို တရုတ်နိုင်ငံ က ပြန်ပေး လိမ့်မယ်လို့ နားလည်ထားကြောင်းလည်း ပင်တဂွန်ပြောခွင့်ရ ပုဂ္ဂိုလ် က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံကနေ ရေအောက်သုံး Drone ယာဉ်ကို သိမ်းဆည်းသွားတဲ့ အပေါ် ေ ရွးကောက်ခံသမ္မတ Donald Trump ကလည်း စနေနေ့ မနက်မှာပဲ Twitter အင်တာနက်လူမှုကွန်ယက်ကနေ ထိုးနှက်ဝေဖန်လိုက်ပြီး အရင်က မကြုံဖူးတဲ့ လုပ်ရပ် အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

တရုတ်သိမ်းထားတဲ့ ကန် Drone
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG