သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေ တရုတ်လွှတ်တော် အတည်ပြု


ခရစ္စမတ် အကြို ဘေဂျင်း မြို့တော်မှာ လုံခြုံရေး တင်းကျပ်နေပုံ
ခရစ္စမတ် အကြို ဘေဂျင်း မြို့တော်မှာ လုံခြုံရေး တင်းကျပ်နေပုံ

အငြင်းပွါးဖွယ်ရာ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေတရပ်ကို တရုတ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီ ဥပဒေမှာ ကွန်ပြူတာနဲ့ရေးသားထားတဲ့ encryption လို့ခေါ်တဲ့ အလွယ်တကူဖတ်ရှုလို့ မရအောင်ရေးသားထားတဲ့ အချက်အလက်တွေအပါအဝင် တခြားအချက်အလက်တွေကို အစိုးရအနေနဲ့ တောင်းဆိုမယ်ဆိုလျင် နိုင်ငံတကာ နည်းပညာ အဖွဲ့အစည်းတွေအနေနဲ့ ပေးအပ်သွားရမှာဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

တနင်္ဂနွေနေ့မှာ တရုတ် ပြည်သူ့လွှတ်တော်ရဲ့အမြဲတမ်းကော်မတီကနေ ဒီဥပဒေကို တခဲနက်အတည်ပြုလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။ နိုင်ငံတွင်းမှာ အကြမ်းဖက်ဝါဒကို နှိမ်နင်းပြီး နိုင်ငံတကာ လုံခြုံရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ဒီဥပဒေကိုပြဌာန်းတာလို့လည်း သတင်းမှာဖေါ်ပြထားပါတယ်။

ဇန်နဝါရိလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တဲ့ ဒီဥပဒေနဲ့ပါတ်သတ်လို့ ဒီနှစ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အလုပ်လုပ်ကိုင်မယ်ဆိုလျင် ဒီဥပဒေကို ပြုပြင်ပြောင်းလည်းဖို့လိုတယ်ဆိုပြီး သမ္မတအိုဘားမားက သတိပေးပြောဆိုခဲ့တာပါ။

တနင်္ဂနွေနေ့က တရုတ်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဒီဥပဒေနဲ့ပါတ်သတ်လို့ အမေရိကန်ဘက်က ချက်ချင်းတုံ့ပြန်တာမျိုးတော့ မရှိသေးပေမယ့်လည်းအနောက်နိုင်ငံကတန်ဖိုးထားတဲ့ လူ့အခွင့်အရေးစံသတ်မှတ်ချက်တွေအပေါ် ဒီဥပဒေက သက်ရောက်မှုတွေရှိမှာကို စိုးရိမ်ကြောင်း ပြောကြားထားခဲ့တာပါ။

တရုတ်အစိုးရဘက်ကတော့ အခုလို စွပ်ဆွဲမှုတွေအပေါ် လက်မခံကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီး တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ဝှီဂါမူဆလင်အများအပြားနေထိုင်တဲ့ဒေသမှာ အကြမ်းဖက်ဝါဒအန္တရာယ်ကို သူတို့အနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG