သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 ညီလာခံမှာ တောင်တရုတ် ပင်လယ်ပြင်အရေး မဆွေးနွေးဖို့ တရုတ်သတိပေး


ကန်သမ္မတ တက်ရောက်နေတဲ့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ ထိပ်သီးအစည်းအဝေး။ ( မေ ၂၆၊ ၂၀၁၆)
ကန်သမ္မတ တက်ရောက်နေတဲ့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ ထိပ်သီးအစည်းအဝေး။ ( မေ ၂၆၊ ၂၀၁၆)

တောင်တရုတ် ပင်လယ်ပြင်အတွင်း တင်းမာမှုအခြေအနေ ပိုပြီး ဆိုးသွားစေနိုင်တယ်လို့ တရုတ်နိုင်ငံကဆိုထားတဲ့ ဆွေးနွေးတာ မျိုးတွေကို မလုပ်ကြဖို့ G-7 စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ ကို တရုတ်က သတိပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအတွင်း G-7 ခုနစ်နိုင်ငံ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ ရေပြင် နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတကာရေးရာကိစ္စတွေနဲ့အတူ တောင်တရုတ်ပင်လယ် အရေးကိစ္စကိုလည်း G-7 ခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ ရည်ရွယ်ထားတယ်လို့ ဒီကနေ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။

ကျနော်တို့အားလုံးအတွက် အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ အဓိကကိစ္စရပ်တချို့ကို ကျနော်တို့ စပြီး ဆွေးနွေးကြပါမယ်။ တောင်တရုတ်ပင်လယ်နဲ့ ရေကြောင်းသွားလာမှု လုံခြုံရေးကိစ္စတွေ ပါပါတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ပြီးခဲ့တဲ့လက G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး အဆုံးသတ် မှာ ရေကြောင်း သွားလာမှု လုံခြုံရေးနဲ့ပတ်သက်ပြီး ပူးတွဲ ကြေညာချက်တစောင် ထုတ်ခဲ့ပါတယ်။ အရှေ့တရုတ်ပင်လယ် နဲ့ တောင်တရုတ်ပင်လယ်တွင်းက အခြေအနေတွေအပေါ် သူတို့ရဲ့ စိုးရိမ်ချက်တွေကို အဲဒီထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ တရုတ်နိုင်ငံကို အတိအကျ ဖော်ပြမထားပေမဲ့ လည်း တောင်တရုတ် ပင်လယ်ထဲမှာ လူလုပ်ကျွန်းတုတွေ ဆောက် တာမျိုး မလုပ်ကြဖို့ နိုင်ငံအားလုံးကို တောင်းဆိုထားပါတယ်။ G-7 ဟာ ဒီကိစ္စမှာ ဘက်လိုက်ရပ်တည်တယ်လို့ စွပ်စွဲပြီး တော့ တရုတ်က အပြင်းအထန် တုန့်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG