သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ပေါ် စစ်လေယာဉ်ပျံတာ ရည်ရွယ်လုပ်တာ မဟုတ်လို့ ပန်တဂွန် ငြင်း


တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုံးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့။
တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုံးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့။

တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်ဘက်က တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုံးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့တာဟာ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရတဦးက စနေနေ့မှာ ပြောပါတယ်။

တရုတ်ဘက်က တည်ဆောက်နေတဲ့ လူလုပ်ကျွန်းတုတွေအပေါ်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့က အမေရိကန် လေယာဉ်တွေ ပျံသန်းခဲ့တာဟာ စစ်ရေးအရ ရန်စတာဖြစ်တယ်လို့ တရုတ်က စွပ်စွဲခဲ့ပြီး အမေရိကန်ရဲ့ လုပ်ရပ် က နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ ဖြစ်နိုင်တဲ့အခြေအနေဆီ ဦးတည်သွားစေနိုင်တယ်လို့ ပြောထားတာပါ။

တရုတ်တို့ တည်ဆောက်နေတဲ့ လူလုပ်ကျွန်းတုတွေနဲ့ ရေမိုင် ၁၂ မိုင်အတွင်း ရည်ရွယ်ချက်နဲ့ ပျံသန်းခဲ့တာ မရှိ ဘူးလို့ ပန်တဂွန်ပြောခွင့်ရ Mark Wright က AP သတင်းဌာနကို e-mail ကနေတဆင့် ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က တောင်တရုတ်ပင်လယ်ပြင်အပါအဝင် ဒေသတွင်းမှာ B-52 ဗုံးကျဲလေယာဉ် တွေ ပုံမှန် လေ့ကျင့်ပျံသန်းမှု လုပ်ဆောင်ခဲ့ပါတယ်လို့လည်း ပြောခွင့်ရ Wright ရဲ့ e-mail မှာ ပါရှိပါတယ်။ နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့ ဒေသတွေမှာ ပျံသန်းဖို့၊ ရွက်လွှင့်ဖို့၊ လှုပ်ရှားဖို့ အမေရိကန်တို့ ပိုင်းဖြတ် ထားချက်ကိုပြသဖို့နဲ့ အဆင်သင့်ရှိနေအောင်ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပန်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။

ရေတပ် ဒုတိယဗိုလ်မှူးကြီး Bill Urban ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက်တစောင် ထုတ်တာမှာ အလားတူ ပြောဆိုထားတာပါ။ ရေတပ်အနေနဲ့ လေ့ကျင့် တာတွေကို အဲဒီဒေသတွင်းမှာ ပုံမှန်လုပ်နေတာဖြစ်ပေမဲ့ အခုပံျသန်းမှုဟာ လွတ်လပ်စွာ ရေကြောင်းသွားလာမှု ဆိုင်ရာ လုပ်ဆောင်မှုမဟုတ်ဘဲ လေယာဉ်တွေ လမ်းလွဲပြီး ရောက်သွားတာဖြစ်နိုင်တယ်ဆိုတဲ့ သဘောမျိုး တပ်မှူး Urban ကပြောထားပါတယ်။

XS
SM
MD
LG