သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အပေါ် ကန်အမြင် ပြောင်းလာနိုင်မလား


တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံထဲဖြစ်နေတဲ့ ပုံရိပ်ကို အပြောင်းအလဲလုပ်နိုင်ဖို့ တရုတ်အစိုးရဖက်က ပိုပြင်းပြင်းထန်ထန် လှုပ်ရှားလာတယ်လို့ အမေရိကန်ရှိ ဝါရင့် တရုတ်အရေး ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံ Stanford တက္ကသိုလ်ရဲ့ Hoover Institute ဌာနနဲ့ Asia Society အဖွဲ့ရဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးဌာနတို့ပေါင်းပြီး အစီရီခံစာထုတ်ပြန်ရာမှာ အမေရိကန် နိုင်ငံရေးသမားတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ အဓိက စီးပွားရေးကော်ပိုရေးရှင်းတွေရဲ့ အကြီးအကဲတွေ တရုတ်အပေါ်ထားတဲ့သဘောထားကို ပြောင်းလဲဖို့ တရုတ်ဖက်က ခုလိုလှုပ်ရှားလာတယ်လို့ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာထဲမှာပဲ နောက်ဖော်ပြထားတာက ရုရှားကလွဲရင် အမေရိကန်နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ဘဏ္ဍာငွေများများသုံးပြီး ထိုးဖောက်သြဇာဖြန့်ကျက်နိုင်တာက တရုတ်ပဲ ရှိတယ်။ တခြားဘယ်နိုင်ငံမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

Chinese Influence & American Interests: Promoting Constructive Vigilance (ခေါ်) တရုတ်သြဇာနဲ့ အမေရိကန်အကျိုးစီးပွား - “အပြုသဘော ပိုမို သတိထားစောင့်ကြည့်ရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီအစီရင်ခံစာထဲမှာ တရုတ်သြဇာ အမေရိကန်မှာ တိုးမြှင့်ရေး ကျယ်ပြန့်တဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

ဒီလုပ်ဆောင်ချက်တွေထဲမှာ အရေးပါတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို စည်းရုံးတာအပြင် အမေရိကန်ရဲ့ အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံနဲ့ နည်းပညာတွေကို လေ့လာအကဲဖြတ်တာနဲ့ အမေရိကန်မှာ စာသင်နေတဲ့ တရုတ်ကျောင်းသားတွေအနေနဲ့ တကျောင်းထဲက တခြားကျောင်းသားတွေအပေါ် လျို.ဝှက်ထောက်လှမ်းတာမျိုး လျိုဝှက်ဖိအားပေးခိုင်းတာတွေလည်း ပါ ပါတယ်။

တရုတ်အပေါ် ကန်အမြင် ပြောင်းလာနိုင်မလား
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG