သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အာရွကိုေသြးခြဲေနဟု တ႐ုတ္စြပ္စြဲ


တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin

[[Zawgyi/Unicode]]

အေမရိကန္က အာရွကို ေသြးခြဲေနတယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဂၤါေန႔ က စြပ္စြဲလိုက္ပါတယ္။

အင္ဒိုပစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ ရန္လိုတဲ့လုပ္ရပ္ေတြအေပၚ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေဝဖန္လိုက္ၿပီးတဲ့ေနာက္ အခုလို ေျပာလိုက္တာပါ။

ႏိုင္ငံျခားေရး ဝန္ႀကီးအျဖစ္ အင္ဒိုနီးရွားကို ပထမဆုံး သြားေရာက္ခဲ့တဲ့ခရီးမွာ အာရွ မဟာမိတ္တိုးခ်ဲ႕ေရး မဟာဗ်ဴဟာအတြက္ ဘလင္ကင္န္က အဂၤါေန႔မွာ ဆြဲေဆာင္ စည္း႐ုံးခဲ့တာပါ။တ႐ုတ္ရဲ႕အျပဳအမူအေပၚမွာ စိုးရိမ္တာ တိုးတိုးလာတဲ့အတိုင္း အင္ဒိုပစိဖိတ္ေဒသက လက္တြဲေဖာ္ေတြနဲ႔ ကာကြယ္ေရးနဲ႔ ေထာက္လွမ္းေရး အလုပ္ေတြ တိုးျမႇင့္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

ဘလင္ကင္န္ ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ၿပီး ေဒသတြင္းမွာ ႏိုင္ငံေတြကိုခြဲၿပီး ထိပ္တိုက္ေတြ႔ေအာင္ ဆြေပးမယ့္အစား ပူးေပါင္းေဆာင္႐ြက္လာေအာင္ အေမရိကန္က ျမႇင့္တင္သင့္တယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က ေန႔စဥ္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။

တျခား ႏိုင္ငံေတြကလည္း ပိုင္ဆိုင္မႈကို အျငင္းပြါးေနၾကၿပီး တ႐ုတ္ရဲ႕ ေျပာဆိုခ်က္ မွာ ဥပေဒေၾကာင္းအရ အေျခခံမရွိဘူးလို႔ ႏိုင္ငံတကာခုံ႐ုံးက အဆုံးအျဖတ္ေပးထားေပမဲ့ တ႐ုတ္က ေတာင္တ႐ုတ္ပင္လယ္ တခုလုံးနီးနီးကို သူပိုင္အျဖစ္ ေျပာေနတာပါ။ အေမရိကန္ရဲ႕ရပ္တည္ခ်က္ကို ျပင္ပအင္အားႀကီးက အာရွရဲ႕ တည္ၿငိမ္မႈ ကို ၿခိမ္းေျခာက္တာအျဖစ္ တ႐ုတ္က ယူဆပါတယ္။

အေမရိကန္ အာရွကိုေသြးခြဲေနဟု တ႐ုတ္စြပ္စြဲ
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အမေရိကန် အာရှကိုသွေးခွဲနေဟု တရုတ်စွပ်စွဲ

အမေရိကန်က အာရှကို သွေးခွဲနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ က စွပ်စွဲလိုက်ပါတယ်။

အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝေဖန်လိုက်ပြီးတဲ့နောက် အခုလို ပြောလိုက်တာပါ။

နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အင်ဒိုနီးရှားကို ပထမဆုံး သွားရောက်ခဲ့တဲ့ခရီးမှာ အာရှ မဟာမိတ်တိုးချဲ့ရေး မဟာဗျူဟာအတွက် ဘလင်ကင်န်က အင်္ဂါနေ့မှာ ဆွဲဆောင် စည်းရုံးခဲ့တာပါ။တရုတ်ရဲ့အပြုအမူအပေါ်မှာ စိုးရိမ်တာ တိုးတိုးလာတဲ့အတိုင်း အင်ဒိုပစိဖိတ်ဒေသက လက်တွဲဖော်တွေနဲ့ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေး အလုပ်တွေ တိုးမြှင့်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဘလင်ကင်န် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ နိုင်ငံတွေကိုခွဲပြီး ထိပ်တိုက်တွေ့အောင် ဆွပေးမယ့်အစား ပူးပေါင်းဆောင်ရွက်လာအောင် အမေရိကန်က မြှင့်တင်သင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က နေ့စဉ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တခြား နိုင်ငံတွေကလည်း ပိုင်ဆိုင်မှုကို အငြင်းပွါးနေကြပြီး တရုတ်ရဲ့ ပြောဆိုချက် မှာ ဥပဒေကြောင်းအရ အခြေခံမရှိဘူးလို့ နိုင်ငံတကာခုံရုံးက အဆုံးအဖြတ်ပေးထားပေမဲ့ တရုတ်က တောင်တရုတ်ပင်လယ် တခုလုံးနီးနီးကို သူပိုင်အဖြစ် ပြောနေတာပါ။ အမေရိကန်ရဲ့ရပ်တည်ချက်ကို ပြင်ပအင်အားကြီးက အာရှရဲ့ တည်ငြိမ်မှု ကို ခြိမ်းခြောက်တာအဖြစ် တရုတ်က ယူဆပါတယ်။

#USChina #USAsia #VOABurmese

#တရုတ်အမေရိကန် #တောင်တရုတ်ပင်လယ် #AntonyBliken #WangWenbin #ဗွီအိုအေ

===============

XS
SM
MD
LG