သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရရဲ့ One China မူဝါဒ သမ္မတ Trump လက်ခံ


သမ္မတ ထရမ့် တယ်လီဖုန်းပြောနေစဉ်။
သမ္မတ ထရမ့် တယ်လီဖုန်းပြောနေစဉ်။

ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့နေတဲ့ တိုင်ဝမ်ကျွန်းကို သူတို့ပိုင်တယ်လို့ပြောထားတဲ့ တရုတ်ရဲ့ရပ်တည်ချက်ကို အသိအမှတ်ပြုပြီးတော့ တရုတ်တနိုင်ငံတည်းမူဝါဒကို အမေရိကန်က အသိအမှတ်ပြုပါတယ်လို့ အမေရိကန်သမ္မတ Donald Trump က တရုတ်သမ္မတ Xi Jinping နဲ့ တယ်လီဖုန်းဆက် စကားပြောတာမှာ ထည့်ပြောသွားပါတယ်။

သမ္မတထရမ့်ပ်ရဲ့ရပ်တည်ချက်ကို တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုတဲ့အကြောင်း တရုတ်ဘက်က ဒီကနေ့ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးကြား ကိစ္စရပ်မျိုးစုံကိုပြောဆိုကြပြီး မစ္စတာထရမ့်ပ် သမ္မတဖြစ်လာချိန်ကတည်းက ဆက်ဆံရေး မပြတ်ရှိခဲ့ တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang က ဒီကနေ့လုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

တရုတ်တနိုင်ငံထဲမူဝါဒဟာ တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ နိုင်ငံရေးအုတ်မြစ်ဖြစ်ပြီး အဲဒီအပေါ် ခိုင်မာတဲ့ထောက်ခံမှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်း တည်ငြိမ်စေမှာဖြစ်တယ်လို့ ပြောခွင့်ရ Lu Kang ကပြောပါတယ်။

ကြာသပတေးနေ့ညနေပိုင်းက ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းဆက် စကားပြောကြတာ သိပ်ကို ရင်းနှီး ခင်မင်မှုရှိပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ တွေ့ဆုံကြဖို့ အပြန်အလှန် ဖိတ်ကြားကြတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

နှစ်နိုင်ငံလူထုနဲ့ နိုင်ငံတိုင်းမှာရှိနေသူတွေ အကျိုးဖြစ်စေဖို့အတွက် ရလဒ်ကောင်းတွေ ပိုရလာအောင် တရုတ်အနေနဲ့ အမေရိကန် နဲ့ လက်တွဲလုပ်ဆောင်ချင်ပါတယ် လို့လဲ ပြောခွင့်ရ Lu Kang ကပြောပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေး မရေမရာ ရှိနေ ချိန်မှာပဲ ခေါင်းဆောင်နှစ်ဦး အခုလို တယ်လီဖုန်းဆက် စကားပြောကြတာပါ။

တရုတ်အစိုးရရဲ့ One China မူဝါဒ သမ္မတ Trump လက်ခံ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG