သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို ပြန်လည်ထိန်းချုပ်မယ်လို့ တရုတ်သမ္မတ ထပ်မံသတိပေး


တိုင်ဝမ်က ဇန်နဝါရီ ၁၃၊ ၂၀၂၄ မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ Democratic Progressive Party ရဲ့ သမ္မတကိုယ်စားလှယ်လောင်း William Lai ကို ထောက်ခံကြသူများ။
တိုင်ဝမ်က ဇန်နဝါရီ ၁၃၊ ၂၀၂၄ မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ Democratic Progressive Party ရဲ့ သမ္မတကိုယ်စားလှယ်လောင်း William Lai ကို ထောက်ခံကြသူများ။

တရုတ်အနေနဲ့ ထိုင်ဝမ်နဲ့ ကျိန်းသေပေါက် ပြန်လည်ပေါင်းစည်းဖို့ရှိတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်ကူးမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ထိုင်ဝမ်ကို ပြန်လည်ထိန်းချုပ်ရေး ဘယ်တော့လဲဆိုတာကို အတိအကျပြောဆိုတာမရှိပေမယ့် တရုတ်အနေနဲ့ ထိုင်ဝမ်ကို ထပ်မံ ခြိမ်းခြောက်ပြောဆိုလာတာပါ။

ထိုင်ဝမ်မှာလာမယ့် ဇန်နဝါရီ ၁၃ ရက် သမ္မတနဲ့ပါလီမန်ရွေးကောက်ပွဲတွေ မပြုလုပ်ခင်မှာ တရုတ်သမ္မတက အခုလို မှတ်ချက်စကားပြောလိုက်တာပါ။ ဒီရွေးကောက်ပွဲဟာ စစ်နဲ့ ငြိမ်းချမ်းရေးနှစ်ခု ရွေးချယ်ရမယ့်ကိစ္စဖြစ်တယ်လို့ တရုတ်က ဖော်ညွှန်းထားပါတယ်။ အာဏာရ ဒီမိုကရက်တစ်ပြည်သူပါတီက ဒုသမ္မတဖြစ်သူ William Lai ဟာ လက်ရှိထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ ထိပ်က ပြေးနေပါတယ်။ ဒါပေမယ့်လည်း William Lai ကို ခွဲထွက်ရေးသမားအဖြစ် တရုတ်က ရှုမြင်ထားပြီး သူနဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen တို့ဟာ တရုတ်ကို ရန်စနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

စနေနေအစောပိုင်းတုန်းက ရွေးကောက်ပွဲစကားရည်လုပွဲမှာ ထိုင်ဝမ်ဟာ ဒီမိုကရေစီနည်းအရ ကိုယ်တိုင်အုပ်ချုပ်စိုးမိုးခွင့်ရှိတယ်လို့ သမ္မတလောင်း Lai က ပြောဆိုခဲ့တဲ့နောက် အဲဒီနေ့မှာပဲ Lai ကို ငြိမ်းချမ်းရေးအဖျက်သမားတဦးဆိုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရသူက တုံ့ပြန်ခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာ Lai ပြောဆိုသွားတာတွေဟာ လုံးဝထိပ်တိုက်ရင်ဆိုင်မယ်ဆိုတဲ့စဉ်းစားချက်ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ အန္တရယ်ဆိုးတွေကို လှုံ့ဆော်နေတာလို့ တရုတ်ပြောခွင့်ရသူက ပြောခဲ့တာပါ။

၁၉၄၉ ခုနှစ် ပြည်တွင်းဖြစ်ပြီးနောက် ထိုင်ဝမ်ဟာ တရုတ်ကနေ သီးခြားခွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့်လို ထိုင်ဝမ်ဟာ သူ့အချုပ်အခြာပိုင်ဆိုင်မှုဖြစ်တယ်လို့ တရုတ်ဘက်က သတ်မှတ်ထားတာပါ။ အခုလို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်သစ်ကူးမှတ်ချက်စကားဟာ တရုတ်ရဲ့ရည်မှန်းချက်ကို ထင်ဟပ်ပြသလိုက်တာလည်းဖြစ်ပါတယ်။

ထိုင်ဝမ်ကို ပြန်လည်ထိန်းချုပ်မယ်လို့ တရုတ်သမ္မတထပ်မံသတိပေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG