သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာျပန္႔ေနတဲ့ ဗိုင္းရပ္စ္ပိုးသစ္ ကူးစက္သူ ၄ ဦး ထပ္တိုး


တ႐ုတ္ႏုိင္ငံ ေဘဂ်င္းေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ားအား က်န္းမာေရးစစ္ေဆးေနသည့္ ျမင္ကြင္း။ (ဇန္နဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဗိုင္းရပ္စ္ပိုးသစ္တမ်ဳိး ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ တ႐ုတ္ႏုိင္ငံအလယ္ပိုင္း ဝူဟမ္ၿမိဳ႕မွာ ေရာဂါပုိး ကူးစက္ခံရသူ ေနာက္ထပ္ေလးဦး တိုးလာတဲ့အေၾကာင္း ေဒသဆိုင္ရာ က်န္းမာေရး တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

အဲဒီေဒသကေန အေမရိကန္ျပည္ေထာင္စုကုိ ေရာက္လာတဲ့ ေလယာဥ္စီး ခရီးသည္ေတြကို အေမရိကန္ ေလဆိပ္သံုးခုမွာ စၿပီး စမ္းသပ္စစ္ေဆးတဲ့ေန႔မွာပဲ အခုလို ေရာဂါပိုးကူးစက္ခံရသူ ထပ္တိုးတဲ့သတင္း ထြက္လာတာပါ။

စေနေန႔ထိဆိုရင္ ေရာဂါပိုး ကူးစက္ခံရသူေပါင္း ၄၅ ေယာက္ရွိၿပီး ၅ ေယာက္က စုိးရိမ္ရပါတယ္။ ၁၅ ေယာက္ကို ေဆး႐ံုက ဆင္းခြင့္ေပးလိုက္ၿပီျဖစ္ၿပီးေတာ့ က်န္လူေတြအေျခအေနက တည္ၿငိမ္လာၿပီလို႔ ဝူဟမ္ စည္ပင္သာယာ က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။ ေသဆံုးသူကေတာ့ ႏွစ္ေယာက္ရွိသြားပါၿပီ။

ဝူဟမ္ေဒသဘက္ကလာတဲ့ ခရီးသည္ေတြမွာ ေရာဂါလကၡဏာ ရွိမရွိ စစ္ေဆးဖို႔အတြက္ ဆန္ဖရန္စစၥကို၊ နယူးေယာက္နဲ႔ ေလာ့စ္အိန္ဂ်လိစ္ ေလဆိပ္ေတြမွာ ဝန္ထမ္းအေရအတြက္ ၁၀၀ ခ်ထားမယ္လုိ႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) က ေသာၾကာေန႔မွာ ေျပာပါတယ္။

ဝူဟမ္ကေန တိုက္႐ိုက္ပ်ံလာတဲ့ ဒါမွမဟုတ္ ဝူဟမ္မွာ ေလယာဥ္ေျပာင္းစီးလာတဲ့ ခရီးသည္ေတြကို အဓိကထားၿပီး စစ္ေဆးၾကမွာပါ။

အခု ဖ်ားနာသူ အေတာ္မ်ားမ်ားဟာ ဝူဟမ္ၿမိဳ႕ ဆင္ေျခဖံုးေဒသက အစားအစာေရာင္းတဲ့ ေစ်းတခုမွာ အလုပ္လုပ္ခဲ့သူေတြ ဒါမွမဟုတ္ အဲဒီကို သြားခဲ့သူေတြ ျဖစ္တယ္လုိ႔ တ႐ုတ္ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ထိုင္းႏုိင္ငံက ႏွစ္ဦးနဲ႔ ဂ်ပန္ႏုိင္ငံက တဦးတို႔လည္း ေရာဂါပိုး ကူးစက္ခံထားရၿပီး အဲဒီလူေတြဟာ ဝူဟမ္ကိုသြားၿပီးတဲ့ေနာက္ ဖ်ားနာၾကတာလို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီဗိုင္းရပ္စ္ပိုးဟာ တိရစၧာန္ကေန လူကို ကူးစက္တာလို႔ က်န္းမာေရး တာဝန္ရွိသူေတြက ယူဆထားပါတယ္။ လူူလူခ်င္း ကူးစက္ႏုိင္တဲ့အဆင့္ထိ ေရာက္ၿပီလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

CDC တာဝန္ရွိသူေတြကေတာ့ အကန္႔အသတ္နဲ႔ပဲ လူလူခ်င္း ကူးစက္ႏုိင္ေျခ ရွိတယ္ဆိုတဲ့ အခ်က္တခ်ဳိ႕ ေတြ႔ထားတယ္လို႔ ေျပာပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ဗိုင္းရပ္စ္ဟာ ပိုၿပီး အႏၲရာယ္ႀကီးတဲ့အဆင့္ကို အသြင္ေျပာင္းသြားႏုိင္ေျခ ရွိေနတယ္လုိ႔ ေျပာပါတယ္။

---------------------------------

(Unicode)

တရုတ်မှာပြန့်နေတဲ့ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်သူ ၄ ဦး ထပ်တိုး

ဗိုင်းရပ်စ်ပိုးသစ်တမျိုး ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟမ်မြို့မှာ ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ်လေးဦး တိုးလာတဲ့အကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

အဲဒီဒေသကနေ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ လေယာဉ်စီး ခရီးသည်တွေကို အမေရိကန် လေဆိပ်သုံးခုမှာ စပြီး စမ်းသပ်စစ်ဆေးတဲ့နေ့မှာပဲ အခုလို ရောဂါပိုးကူးစက်ခံရသူ ထပ်တိုးတဲ့သတင်း ထွက်လာတာပါ။

စနေနေ့ထိဆိုရင် ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၅ ယောက်ရှိပြီး ၅ ယောက်က စိုးရိမ်ရပါတယ်။ ၁၅ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီးတော့ ကျန်လူတွေအခြေအနေက တည်ငြိမ်လာပြီလို့ ဝူဟမ် စည်ပင်သာယာ ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ သေဆုံးသူကတော့ နှစ်ယောက်ရှိသွားပါပြီ။

ဝူဟမ်ဒေသဘက်ကလာတဲ့ ခရီးသည်တွေမှာ ရောဂါလက္ခဏာ ရှိမရှိ စစ်ဆေးဖို့အတွက် ဆန်ဖရန်စစ္စကို၊ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ် လေဆိပ်တွေမှာ ဝန်ထမ်းအရေအတွက် ၁၀၀ ချထားမယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က သောကြာနေ့မှာ ပြောပါတယ်။

ဝူဟမ်ကနေ တိုက်ရိုက်ပျံလာတဲ့ ဒါမှမဟုတ် ဝူဟမ်မှာ လေယာဉ်ပြောင်းစီးလာတဲ့ ခရီးသည်တွေကို အဓိကထားပြီး စစ်ဆေးကြမှာပါ။

အခု ဖျားနာသူ အတော်များများဟာ ဝူဟမ်မြို့ ဆင်ခြေဖုံးဒေသက အစားအစာရောင်းတဲ့ ဈေးတခုမှာ အလုပ်လုပ်ခဲ့သူတွေ ဒါမှမဟုတ် အဲဒီကို သွားခဲ့သူတွေ ဖြစ်တယ်လို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက နှစ်ဦးနဲ့ ဂျပန်နိုင်ငံက တဦးတို့လည်း ရောဂါပိုး ကူးစက်ခံထားရပြီး အဲဒီလူတွေဟာ ဝူဟမ်ကိုသွားပြီးတဲ့နောက် ဖျားနာကြတာလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်တာလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ယူဆထားပါတယ်။ လူူလူချင်း ကူးစက်နိုင်တဲ့အဆင့်ထိ ရောက်ပြီလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

CDC တာဝန်ရှိသူတွေကတော့ အကန့်အသတ်နဲ့ပဲ လူလူချင်း ကူးစက်နိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်တချို့ တွေ့ထားတယ်လို့ ပြောပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ ပိုပြီး အန္တရာယ်ကြီးတဲ့အဆင့်ကို အသွင်ပြောင်းသွားနိုင်ခြေ ရှိနေတယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG