သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ စစ္ေလယာဥ္နဲ႔သေဘၤာမ်ား ထိုင္ဝမ္နယ္စပ္မ်ဥ္းအထိေရာက္ရွိ


တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) က ေလယာဥ္တစင္း ထိုင္းဝမ္ကၽြန္းနဲ႔အနီးဆံုးေနရာေတြထဲကတခုမွ ပ်ံသန္းေနပံု။ (ၾသဂုတ္ ၅၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဒီသီတင္းပတ္သြားေရာက္ခဲ့တဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႕ ထိုင္ဝမ္ခရီးစဥ္ကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္က စစ္ေလယာဥ္ေတြနဲ႔ သေဘၤာေတြကို ထိုင္ဝမ္ေရလက္ၾကား အေရးပါတဲ့ အလယ္မ်ဥ္းတန္းအထိ ေစလႊတ္ခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးအရာရွိေတြက ေျပာပါတယ္။

အခုလို တ႐ုတ္ေလယာဥ္ေတြနဲ႔ သေဘၤာေတြ အလယ္မ်ဥ္းတန္း ပင္လယ္နယ္နမိတ္ ကို ျဖတ္ေက်ာ္ဝင္ေရာက္လာတာ ၂ ရက္ဆက္တိုက္ရွိပါၿပီ။ တ႐ုတ္ရဲ႕ လႈပ္ရွားမႈေတြကို ထိုင္ဝမ္ ကင္းေထာက္ေလယာဥ္ေတြနဲ႔ ေရတပ္သေဘၤာေတြက ေစာင့္ၾကည့္ေနတယ္လို႔လည္း ထိုင္ဝမ္စစ္တပ္က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ထိုင္ဝမ္အနီးတဝိုက္ သတ္မွတ္ထားတဲ့ ဇုံ ၆ ခုမွာ ေလးရက္ၾကာ စစ္ေရးေလ့က်င့္မႈလုပ္မယ္လို႔လည္း တ႐ုတ္က ေၾကညာထားပါတယ္။ စစ္ေရးေလ့က်င့္မႈေတြက တြက္ခ်က္မႈမွားယြင္းပစ္ခတ္မွာကို စိုးရိမ္မႈေတြ ထြက္ေပၚေနေပမဲ့ တင္းမာေနတဲ့ အေျခအေနေတြကို အရွိန္ျမႇင့္လိုတဲ့ ဆႏၵမရွိဘူးလို႔ ထိုင္ဝမ္နဲ႔ အေမရိကန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္က ထိုင္ဝမ္ကမ္း႐ိုးတန္းအနီး ေရျပင္ထဲကို ၾကာသပေတးေန႔က ဒုံးက်ည္ ၁၁ စင္းထက္မနည္းပစ္ခတ္ခဲ့တာပါ။ ဒုံးက်ည္ ၅ စင္း ဂ်ပန္ႏိုင္ငံရဲ႕သီးသန႔္စီးပြားေရးဇုန္ ထဲကို က်ေရာက္ခဲ့တဲ့အတြက္ ဂ်ပန္ႏိုင္ငံက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အျပဳအမူဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအေပၚ ဆိုးဆိုး႐ြား႐ြား သက္ေရာက္မႈရွိတယ္လို႔လည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေသာၾကာေန႔မွာ ေျပာပါတယ္။

အခုလို တ႐ုတ္ဘက္က တုံ႔ျပန္ စစ္ေရးေလ့က်င့္မႈေတြကို မႀကဳံစဖူး ရန္စမႈအျဖစ္ အကဲခတ္ေတြက ႐ႈျမင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========


[[Unicode]]

တရုတ် စစ်လေယာဉ်နဲ့သင်္ဘောများ ထိုင်ဝမ်နယ်စပ်မျဉ်းအထိရောက်ရှိ

ဒီသီတင်းပတ်သွားရောက်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေကို ထိုင်ဝမ်ရေလက်ကြား အရေးပါတဲ့ အလယ်မျဉ်းတန်းအထိ စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။

အခုလို တရုတ်လေယာဉ်တွေနဲ့ သင်္ဘောတွေ အလယ်မျဉ်းတန်း ပင်လယ်နယ်နမိတ် ကို ဖြတ်ကျော်ဝင်ရောက်လာတာ ၂ ရက်ဆက်တိုက်ရှိပါပြီ။ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ထိုင်ဝမ် ကင်းထောက်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေက စောင့်ကြည့်နေတယ်လို့လည်း ထိုင်ဝမ်စစ်တပ်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်အနီးတဝိုက် သတ်မှတ်ထားတဲ့ ဇုံ ၆ ခုမှာ လေးရက်ကြာ စစ်ရေးလေ့ကျင့်မှုလုပ်မယ်လို့လည်း တရုတ်က ကြေညာထားပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေက တွက်ချက်မှုမှားယွင်းပစ်ခတ်မှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေပေမဲ့ တင်းမာနေတဲ့ အခြေအနေတွေကို အရှိန်မြှင့်လိုတဲ့ ဆန္ဒမရှိဘူးလို့ ထိုင်ဝမ်နဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကမ်းရိုးတန်းအနီး ရေပြင်ထဲကို ကြာသပတေးနေ့က ဒုံးကျည် ၁၁ စင်းထက်မနည်းပစ်ခတ်ခဲ့တာပါ။ ဒုံးကျည် ၅ စင်း ဂျပန်နိုင်ငံရဲ့သီးသန့်စီးပွားရေးဇုန် ထဲကို ကျရောက်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အပြုအမူဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိတယ်လို့လည်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က သောကြာနေ့မှာ ပြောပါတယ်။

အခုလို တရုတ်ဘက်က တုံ့ပြန် စစ်ရေးလေ့ကျင့်မှုတွေကို မကြုံစဖူး ရန်စမှုအဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

XS
SM
MD
LG