သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ျပည္အေရွ႕ပိုင္း သတၱဳတြင္းေပါက္ကြဲလို႔ ပိတ္မိေနသူေတြကို ကယ္တင္ႏုိင္လိုက္ၿပီ


သတၱဳတြင္း ေပါက္ကြဲၿပီး ပိတ္မိေနတဲ့ မုိင္းလုပ္သားကုိ ေျမေပၚဆြဲယူ ကယ္ဆယ္ေနသူမ်ား။ (ဇန္နဝါရီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံမွာ ဇန္နဝါရီလ ၁၀ ရက္ေန႔က ေရႊတြင္းတူးေဖာ္တဲ့ေနရာမွာ မိုင္းေပါက္ကြဲမႈေၾကာင့္ ပိတ္မိေနတဲ့ အလုပ္သမား ၁၁ ေယာက္ကို ကယ္ဆယ္ေရးအဖြဲ႔ကေန တနဂၤေႏြေန႔က ေျမေပၚကို ဆြဲထုတ္ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

ႏုိင္ငံအေရွ႕ပိုင္း Shandong ျပည္နယ္ Qixia ၿမိဳ႕က သတၱဳတြင္းထဲ ပိတ္မိေနသူေတြထဲက ပထမဆုံး မိုင္းလုပ္သားကို မေန႔က နံနက္ပိုင္းမွာ စတင္ကယ္ယူႏိုင္ခဲ့ေၾကာင္း ေဒသခံ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ သူ႔ကိုေတာ့ ေဆးဝါးကုသဖို႔ ေဆး႐ုံကို အျမန္ဆုံး ပို႔ေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

သတၱဳတြင္းတေလွ်ာက္ အျခားေနရာေတြမွာ ပိတ္မိေနတဲ့ မိုင္းလုပ္သား ၁၀ ဦးကိုလည္း ပထမလူ ဆဲြထုတ္ႏုိင္ခဲ့ၿပီး နာရီေပါင္းမ်ားစြာအၾကာမွာ အုပ္စုလိုက္ ေျမေပၚကို ဆြဲထုတ္ကယ္တယ္ႏိုင္ခဲ့ပါတယ္။ တနဂၤေႏြေန႔မတိုင္ခင္ သူတို႔အုပ္စုဟာ ကယ္ဆယ္ေရးသမားေတြနဲ႔ အဆက္အသြယ္ရခဲ့ၿပီး အစားအစာနဲ႔ ရိကၡာေတြကို လက္ခံရရွိခဲ့တာပါ။

မိုင္းလုပ္သား စုစုေပါင္း ၂၂ ဦးဟာ ေျမေအာက္မီတာ ၆၀၀ ေလာက္မွာ ပိတ္မိေနခဲ့ၾကတာပါ။

လက္ရွိ မိုင္းတြင္းမွာက်န္ေနၿပီး ပိတ္မိေနတဲ့လူေပါင္း ၁၁ ဦးထဲမွာ တဦးကေတာ့ ေသဆုံးသြားၿပီ ျဖစ္တယ္လို႔ သိရေပမယ့္ အျခား ၁၀ ဦးရဲ႕ အေျခအေနကိုေတာ့ တိတိက်က် မသိရေသးပါဘူး။

မိုင္းေပါက္ကြဲမႈျဖစ္ၿပီးေနာက္ ေရႊသတၱဳတြင္းထဲ လူေတြပိတ္မိေနေပမယ့္ ၂၄ နာရီအၾကာမွာ ဆက္လက္ၿပီး တူးေဖာ္ေဆာက္လုပ္ေရး လုပ္ငန္းေတြ လုပ္ကိုင္ေနခဲ့တဲ့အတြက္ တာဝန္ရွိသူ မန္ေနဂ်ာအမ်ားအျပားကို တ႐ုတ္အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

တရုတ်ပြည်အရှေ့ပိုင်း သတ္တုတွင်းပေါက်ကွဲလို့ ပိတ်မိနေသူတွေကို ကယ်တင်နိုင်လိုက်ပြီ

တရုတ်နိုင်ငံမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ရွှေတွင်းတူးဖော်တဲ့နေရာမှာ မိုင်းပေါက်ကွဲမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ၁၁ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့ကနေ တနင်္ဂနွေနေ့က မြေပေါ်ကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Qixia မြို့က သတ္တုတွင်းထဲ ပိတ်မိနေသူတွေထဲက ပထမဆုံး မိုင်းလုပ်သားကို မနေ့က နံနက်ပိုင်းမှာ စတင်ကယ်ယူနိုင်ခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ သူ့ကိုတော့ ဆေးဝါးကုသဖို့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

သတ္တုတွင်းတလျှောက် အခြားနေရာတွေမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၁၀ ဦးကိုလည်း ပထမလူ ဆွဲထုတ်နိုင်ခဲ့ပြီး နာရီပေါင်းများစွာအကြာမှာ အုပ်စုလိုက် မြေပေါ်ကို ဆွဲထုတ်ကယ်တယ်နိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မတိုင်ခင် သူတို့အုပ်စုဟာ ကယ်ဆယ်ရေးသမားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး အစားအစာနဲ့ ရိက္ခာတွေကို လက်ခံရရှိခဲ့တာပါ။

မိုင်းလုပ်သား စုစုပေါင်း ၂၂ ဦးဟာ မြေအောက်မီတာ ၆၀၀ လောက်မှာ ပိတ်မိနေခဲ့ကြတာပါ။

လက်ရှိ မိုင်းတွင်းမှာကျန်နေပြီး ပိတ်မိနေတဲ့လူပေါင်း ၁၁ ဦးထဲမှာ တဦးကတော့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပေမယ့် အခြား ၁၀ ဦးရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် ရွှေသတ္တုတွင်းထဲ လူတွေပိတ်မိနေပေမယ့် ၂၄ နာရီအကြာမှာ ဆက်လက်ပြီး တူးဖော်ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့တဲ့အတွက် တာဝန်ရှိသူ မန်နေဂျာအများအပြားကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG