သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ နဲ့ မြန်မာကာချုပ် ရခိုင်အရေး ဆွေးနွေး


တရုတ်သမ္မတ နဲ့ မြန်မာကာချုပ် တွေ့ဆုံ။
တရုတ်သမ္မတ နဲ့ မြန်မာကာချုပ် တွေ့ဆုံ။

ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည် ထောက်ခံပေးခဲ့တဲ့ အခြေ အနေတွေကို တရုတ်သမ္မတ ရှီ ကျင့်ပင်နဲ့ နိုဝင်ဘာလ ၂၄ ရက်၊ သောကြာနေ့က တွေ့ဆုံချိန်အတွင်း ဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး တရုတ်နိုင်ငံမှာ ရောက်နေတာဖြစ်ပြီး အများအားဖြင့်တော့ တရုတ်စစ်ဘက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေရှိခဲ့တာပါ။ သောကြာနေ့ကတော့ တရုတ်သမ္မတနဲ့ ဘေဂျင်းမြို့တော် မှာတွေ့ဆုံပြီး ရခိုင်ပြည်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် တခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာအစိုးရကို ဖိအားပေးနေချိန်မှာ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံဘက်က ရပ်တည် ပြောဆိုပေးနေတာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချမယ့်ကိစ္စကို တရုတ်က တားဆီးခဲ့တာကြောင့် ကောင်စီဥက္ကဌရဲ့ ကြေညာချက်အဖြစ်ဘဲ ထွက်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနရဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်းမှာလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခ သည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့တာကို ကြိုဆိုကြောင်း တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Geng Shuang က ပြောခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး အဖြေရှာတာမှာ နှစ်နိုင်ငံစလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတခုအနေနဲ့ တရုတ်နိုင်ငံဟာ အပြုသဘော ဆောင်တဲ့အခန်းကဏ္ဍကနေ နှစ်နိုင်ငံစလုံးနဲ့ လက်တွဲလုပ်ဆောင်ချင်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG