သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် သမ္မတလေယာဉ် မှောင်ခိုဆင်စွယ် သယ်ဆောင်


အာဖရိက ဆင်။
အာဖရိက ဆင်။

တရုတ်သမ္မတ ရှီ ကျင်းပင် ၂၀၁၃ ခုနှစ်မှာ တန်ဇန်နီးယားနိုင်ငံဆီ သွားချိန်တုန်းက သူ့ရဲ့ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဟာ အလေး ချိန်ကီလိုဂရမ် ထောင်ပေါင်း များစွာရှိတဲ့ ဆင်စွယ်တွေကို ဝယ်ယူတယ်လို့ အစီရင်ခံစာအသစ် တခုက ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဆင်စွယ်ဝယ်လိုအားဟာ တန်ဇန်းနီးယားမှာ ဆင်ကောင်ရေ နည်းသွားအောင် ခြိမ်းခြောက်နေတယ်လို့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ EIA က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲထားတာပါ။

၂၀၁၃ ခုနှစ် မတ်လတုန်းက ခရီးစဉ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင်ဟာ သံတမန် ကင်းလွတ်ခွင့်အိတ်ထဲမှာ ဆင်စွယ်တွေ ကိုထည့်ပြီးတော့ သမ္မတရှီ စီးတဲ့လေယာဉ်နဲ့ တင်သွားတယ်လို့ EIA ကပြောပါတယ်။

တရုတ်ရဲ့ ဆင်စွယ်ဝယ်လိုအားကြောင့် ဒေသတွင်းမှာ ဆင်စွယ်ဈေး နှစ်ဆ တက်သွားတယ်လို့ Dar es Salaam က ဆင်စွယ် မှောင်ခိုသမားတွေကို ကိုးကားပြီး ဗြိတိန်အခြေစိုက် EIA အဖွဲ့က အစီရင်ခံပါတယ်။

တရုတ်သံတမန်တွေ၊ စစ်ဘက်ဝန်ထမ်းတွေ၊ စီးပွားရေးသမားတွေဟာ အရင်တုန်းကလည်း အလားတူ ခရီးစဉ်မျိုးတွေကို အသုံးပြု ပြီး ဆင်စွယ်အမြောက်အများ ဝယ်ယူသယ်ဆောင်ဖူးတယ်လို့လည်းဆိုပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ် တရုတ်ဘက်က တုန့်ပြန်ချက် ထွက်မလာသေးပေမယ့် တရားမဝင် တောရိုင်း မှောင်ခိုကုန် ကူးသန်း ရောင်းဝယ်တာကို တားဆီးဖို့ တတ်နိုင်သမျှ လုပ်နေတယ်လို့ အရင်တုန်းက ပြောထားဖူးပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆင်စွယ်မှောင်ခိုဈေးကွက် အကြီးဆုံးဖြစ်ပါတယ်။ ဆင်စွယ်ကို အမှတ်သင်္ကေတတခုအဖြစ် အသုံးပြုကြသလို အလှဆင် ပစ္စည်းအဖြစ်ရော တရုတ်ရိုးရာဆေးဝါးတွေမှာပါ ထည့်သွင်းအသုံးပြုပါတယ်။

XS
SM
MD
LG