[[Zawgyi/Unicode]]
ကမ႓ာ့ဖလားနဲ႔ အဂၤလိပ္ Premier League ပဲြေတြမွာကစားခဲ့တဲ့ ကမ႓ာက်ာ္ေဘာလုံးသမား Christian Atsu ဟာ တူရကီငလ်င္အတြင္း ၿပိဳက်ေနတဲ့အေဆာက္အဦးေတြေအာက္မွာ ေသဆုံးေနတာကို ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း သူရဲ႕တူရကီ ေဘာလုံးအသင္းက စေနေန႔တုန္းကထုတ္ျပန္ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ ဂါနာႏိုင္ငံသား ေဘာလုံးသမား Atsu ဟာ ငလ်င္လႈပ္ခဲ့တဲ့ ေဖေဖၚဝါရီလ ၆ ရက္ေန႔ကတည္းကေပ်ာက္ဆုံးေနၿပီး Hatay ၿမိဳ႕က ၿပိဳက်ေနတဲ့ တိုက္ခန္းအေဆာက္အဦးအပ်က္အစီးေတြၾကားမွာသူ႔ရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
Atsu ရဲ႕အကိုနဲ႔ အမႊာပူးညီမတို႔ဟာ သူ႔ကိုရွာေတြ႕တဲ့ေနရာမွာ ရွိေနခဲ့ၾကပါတယ္။ သူ႔ရဲ႕႐ုပ္အေလာင္းကို သၿဂိဳဟ္ဖို႔ ဂါနာကိုျပန္လည္သယ္ေဆာင္မွာျဖစ္တယ္လို႔ ဂါနာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာဆိုပါတယ္။
သူဟာ တူရကီေဘာလုံးသင္း Yatayspor မွာၿပီးခဲ့တဲ့ စက္တင္ဘာလက စတင္ကစားခဲ့တာျဖစ္ပါတယ္။ ငလ်င္မတိုင္မီ ၁ ရက္အလိုမွာ တူရကီေတာင္ပိုင္းကို ေလယဥ္နဲ႔ခရီးထြက္ဖို႔ရွိေပမယ့္ ေဖေဖၚဝါရီ ၅ ရက္ေန႔ မွာ တူရကီကလပ္သင္း ၿပိဳင္ပဲြျဖစ္တဲ့ Super Lig ပဲြမွာအႏိုင္ရရွိခဲ့တဲ့အတြက္ အသင္းနဲ႔အတူဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာလို႔ အသင္းရဲ႕မန္ေနဂ်ာက ေျပာဆိုပါတယ္။
Atsu ဟာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၉ အတြင္း ဂါနာႏိုင္ငံအတြက္ ႏိုင္ငံတကာပဲြေပါင္း ၆၅ ပဲြအႏိုင္ရေအာင္ ကစားေပးခဲ့သူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ ကမ႓ာ့ဖာလားပဲြမွာ ဂါနာအသင္းကေန ကစားခဲ့ပါတယ္။ ဒါ့အျပင္ အဂၤလိပ္ Premier League ၿပိဳင္ပဲြဝင္အသင္းေတြျဖစ္တဲ့ Everton၊ Chelsea၊ Newcasle United တို႔မွာလည္း ကစားခဲ့သူျဖစ္ပါတယ္။
==============
[[Unicode]]
ကမ္ဘာကျော် ဘောလုံးသမား Atsu တူရကီငလျင်ကြောင့် သေဆုံး
ကမ္ဘာ့ဖလားနဲ့ အင်္ဂလိပ် Premier League ပွဲတွေမှာကစားခဲ့တဲ့ ကမ္ဘာကျာ်ဘောလုံးသမား Christian Atsu ဟာ တူရကီငလျင်အတွင်း ပြိုကျနေတဲ့အဆောက်အဦးတွေအောက်မှာ သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူရဲ့တူရကီ ဘောလုံးအသင်းက စနေနေ့တုန်းကထုတ်ပြန်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဂါနာနိုင်ငံသား ဘောလုံးသမား Atsu ဟာ ငလျင်လှုပ်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကတည်းကပျောက်ဆုံးနေပြီး Hatay မြို့က ပြိုကျနေတဲ့ တိုက်ခန်းအဆောက်အဦးအပျက်အစီးတွေကြားမှာသူ့ရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Atsu ရဲ့အကိုနဲ့ အမွှာပူးညီမတို့ဟာ သူ့ကိုရှာတွေ့တဲ့နေရာမှာ ရှိနေခဲ့ကြပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို သဂြိုဟ်ဖို့ ဂါနာကိုပြန်လည်သယ်ဆောင်မှာဖြစ်တယ်လို့ ဂါနာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။
သူဟာ တူရကီဘောလုံးသင်း Yatayspor မှာပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ကစားခဲ့တာဖြစ်ပါတယ်။ ငလျင်မတိုင်မီ ၁ ရက်အလိုမှာ တူရကီတောင်ပိုင်းကို လေယဉ်နဲ့ခရီးထွက်ဖို့ရှိပေမယ့် ဖေဖေါ်ဝါရီ ၅ ရက်နေ့ မှာ တူရကီကလပ်သင်း ပြိုင်ပွဲဖြစ်တဲ့ Super Lig ပွဲမှာအနိုင်ရရှိခဲ့တဲ့အတွက် အသင်းနဲ့အတူဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ အသင်းရဲ့မန်နေဂျာက ပြောဆိုပါတယ်။
Atsu ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ အတွင်း ဂါနာနိုင်ငံအတွက် နိုင်ငံတကာပွဲပေါင်း ၆၅ ပွဲအနိုင်ရအောင် ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖာလားပွဲမှာ ဂါနာအသင်းကနေ ကစားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ် Premier League ပြိုင်ပွဲဝင်အသင်းတွေဖြစ်တဲ့ Everton၊ Chelsea၊ Newcasle United တို့မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။