သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလကိုယ္စားလွယ္ေဟာင္းရဲ႕ ေနျပည္ေတာ္႐ုံး စစ္ေကာင္စီပိတ္ပင္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ေဟာင္း Christine Schraner Burgener

[[Zawgyi/Unicode]]

ကုလ အတြင္းေရးမႉးခ်ဳပ္အထူးကိုယ္စားလွယ္ေဟာင္း Christine Schraner Burgener ရဲ႕ ေနျပည္ေတာ္႐ုံးကို ပိတ္လိုက္ၿပီျဖစ္ေၾကာင္း စစ္ေကာင္စီက သတင္း ထုတ္ျပန္ပါတယ္။ ရာထူးသက္တမ္းကုန္ဆုံးသြားၿပီျဖစ္တဲ့ သူမ ေနရာမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ အသစ္ ကို ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ အစားထိုး တာဝန္ေပးလိုက္ၿပီျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာရွိတဲ့ Christine Burgener ရဲ႕ ႐ုံးခန္းကို ဆက္မထားေတာ့ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေနျပည္ေတာ္က အထူးကိုယ္စားလွယ္ရဲ႕႐ုံးကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ ဖြင့္လွစ္ခဲ့တာပါ။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္တဦးအေနနဲ႔ NLD အစိုးရလက္ထက္တုန္းက ျမန္မာျပည္ကို အႀကိမ္ႀကိမ္သြားေရာက္ ခဲ့ေပမယ့္ အခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျမန္မာျပည္ကို သြားေရာက္ခြင့္မရခဲ့ပါဘူး။ အထူးကိုယ္စားလွယ္ Christine Burgener ဟာ စစ္တပ္ အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့သလို စစ္ေကာင္စီကိုလည္း ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ေအာက္တိုဘာလမွာ သက္တမ္းကုန္ဆုံးသြားတဲ့ ဆြစ္ဇာလန္ႏိုင္ငံသူ Christine Burgener ရဲ႕ေနရာမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က စကၤာပူႏိုင္ငံသူ Noeleen Heyzer ကို အစားထိုး ခန႔္အပ္လိုက္ေၾကာင္း ေအာက္တိုဘာ ၂၅ ရက္ေန႔က ေၾက ညာခဲ့ပါတယ္။ အထူးကိုယ္စားလွယ္ အသစ္ Noeleen Heyzer အေနနဲ႔ေတာ့ ျမန္မာ့အေရးကို ကိုင္တြယ္တာမွာ Christine Schraner Burgener ေတြ႕ႀကဳံခဲ့တဲ့ စိန္ေခၚမႈေတြကို သတိထား ေရွာင္ရွားႏိုင္လိမ့္မယ္လို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕ က ျမင္ပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ အထူးကိုယ္စားလွယ္ Christine Burgener ရာထူးသက္တမ္းကုန္ဆုံးတာေၾကာင့္ သူ႔႐ုံးခန္းကို ပိတ္လိုက္တယ္လို႔ ဆိုေပမယ့္ ကုလအတြင္းေရးမႈးခ်ဳပ္အထူးကိုယ္စားလွယ္႐ုံးလို႔ မသုံးပါဘူး။ ဒါေၾကာင့္ အသစ္ခန႔္အပ္ထားတဲ့ အထူးကိုယ္စားလွယ္ Noeleen Hayzer ကို ျမန္မာႏိုင္ငံ လာခြင့္ေပးမလား၊ သူ႔႐ုံးခန္းကို ျမန္မာျပည္မွာ ထားခြင့္ေပးမလား မရွင္းလင္းပါဘူး။ ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူကို ေမးျမန္းထားေပမယ့္ တုံ႔ျပန္ခ်က္မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ကုလကိုယ်စားလှယ်ဟောင်းရဲ့ နေပြည်တော်ရုံး စစ်ကောင်စီပိတ်ပင်

ကုလ အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener ရဲ့ နေပြည်တော်ရုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။ ရာထူးသက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ သူမ နေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ် ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ အစားထိုး တာဝန်ပေးလိုက်ပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Christine Burgener ရဲ့ ရုံးခန်းကို ဆက်မထားတော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်က အထူးကိုယ်စားလှယ်ရဲ့ရုံးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တဦးအနေနဲ့ NLD အစိုးရလက်ထက်တုန်းက မြန်မာပြည်ကို အကြိမ်ကြိမ်သွားရောက် ခဲ့ပေမယ့် အခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်ကို သွားရောက်ခွင့်မရခဲ့ပါဘူး။ အထူးကိုယ်စားလှယ် Christine Burgener ဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သလို စစ်ကောင်စီကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးသွားတဲ့ ဆွစ်ဇာလန်နိုင်ငံသူ Christine Burgener ရဲ့နေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို အစားထိုး ခန့်အပ်လိုက်ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့က ကြေ ညာခဲ့ပါတယ်။ အထူးကိုယ်စားလှယ် အသစ် Noeleen Heyzer အနေနဲ့တော့ မြန်မာ့အရေးကို ကိုင်တွယ်တာမှာ Christine Schraner Burgener တွေ့ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေကို သတိထား ရှောင်ရှားနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတချို့ က မြင်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာတော့ အထူးကိုယ်စားလှယ် Christine Burgener ရာထူးသက်တမ်းကုန်ဆုံးတာကြောင့် သူ့ရုံးခန်းကို ပိတ်လိုက်တယ်လို့ ဆိုပေမယ့် ကုလအတွင်းရေးမှုးချုပ်အထူးကိုယ်စားလှယ်ရုံးလို့ မသုံးပါဘူး။ ဒါကြောင့် အသစ်ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် Noeleen Hayzer ကို မြန်မာနိုင်ငံ လာခွင့်ပေးမလား၊ သူ့ရုံးခန်းကို မြန်မာပြည်မှာ ထားခွင့်ပေးမလား မရှင်းလင်းပါဘူး။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူကို မေးမြန်းထားပေမယ့် တုံ့ပြန်ချက်မရသေးပါဘူး။

#MyanmarMilitary #MyanmarUN #ChristineBurgener #VOABurmese
#NoeleenHeyzer #စစ်ကောင်စီ #နေပြည်တော် #ဗွီအိုအေ

===================

XS
SM
MD
LG