သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA သတင်းပေးမှုကြောင့် ရုရှားမှာ အကြမ်းဖက်မှု ဟန့်တားနိုင်ခဲ့


CIA ဌာနချုပ်
CIA ဌာနချုပ်

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA က သတင်းပေးခဲ့တဲ့အတွက် St. Petersburg မြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်ကို အချိန်မှီ ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတ Donald Trump ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ Vladimir Putin က တယ်လီဖုန်းကတဆင့် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ Putin တယ်လီဖုန်း ဆက်ခဲ့တယ်ဆိုတာကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း အတည်ပြု ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ပေးလိုက်တဲ့ သတင်းအချက်အလက်အရ အသက်ပေါင်းများစွာ ဆုံးရှုံးရမယ့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်ကို ရုရှားအာဏာပိုင်တွေအနေနဲ့ အချိန်မှီ တားဆီးနိုင်ခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg က နှစ်ပေါင်း ၂၀၀ လောက် သက်တမ်းရှိတဲ့ Kazan ဘုရားကျောင်းနဲ့ တခြား နေရာတွေကို တနင်္ဂနွေနေ့မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေသူ ၇ ဦးကို ရုရှား ဗဟိုအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်နေသူ နောက်ထပ် ၃ ဦးကိုလည်း တနင်္ဂနွေနေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG