ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP တပ္ေတြအၾကား ၾကာသပေတးေန႔က ကြန္ဟိန္းၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ရွမ္းလက္နက္ကိုင္ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း ၂ ဖြဲ႕ၾကား ၇ လေက်ာ္ၾကာ တိုက္ပြဲေတြ ၿငိမ္သက္ေနခဲ့ရာက ျပန္လည္ျဖစ္ပြားတဲ့တိုက္ပြဲျဖစ္သလို လက္ရွိ တိုက္ပြဲေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။ ရွမ္းတပ္ ႏွစ္တပ္ရဲ႕ တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို ကိုဝင္းမင္းက တင္ျပပါမယ္။
ရွမ္းျပည္နယ္ေတာင္ပိုင္း ကြန္ဟိန္းၿမိဳ႕နယ္ နမ့္တြတ္ေက်း႐ြာအနီးမွာ RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္း နဲ႔ SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္းတို႔ တိုက္ပြဲျဖစ္ခဲ့တာပါ။ ဒီလ ၂ရက္ေန႔က တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို RCSS က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးခမ္းစံက VOA ကို အခုလို ေျပာပါတယ္။
“ ေန႔လည္ ၁၁နာရီေလာက္မွာခင္ဗ်။ SSPP က ကြန္ဟိန္းၿမိဳ႕နယ္ထဲကို ထိုးစစ္ဝင္လာတယ္ခင္ဗ်။ ဒါေၾကာင့္ က်ေနာ္တို႔ နယ္ေျမခံတပ္ေတြနဲ႔ ထိေတြ႕ ၿပီးေတာ့မွ တိုက္ပြဲျဖစ္တယ္ခင္ဗ်။ နမ့္တြတ္ဆို ကြန္ဟိန္းနယ္ထဲမွာ ပဲခင္ဗ်။ ရွမ္းျပည္ေတာင္ပိုင္း ကြန္ဟိန္းနယ္ထဲမွာ။ ဒီေန႔က်ေတာ့ တိုက္ပြဲမရွိေတာ့ဘူး။ ဒါေပမဲ့ စစ္ေရးတင္းမာမႈ ေတာ့ ရွိေနတယ္ခင္ဗ်။ ”
တိုက္ပြဲဟာ မနက္ ၁၁နာရီေက်ာ္ကေန ေန႔ခင္း ၂နာရီေလာက္အထိ ျဖစ္ပြားတာလို႔ RCSS ဘက္က သတင္းထုတ္ျပန္ပါတယ္။ RCSS ဘက္ သူတို႔ ထိန္းခ်ဳပ္နယ္ေျမထဲကို SSPP တပ္ေတြက ရည္႐ြယ္ခ်က္ရွိရွိ ထိုးစစ္ဆင္လာတာလို႔ စြပ္စြဲေျပာဆိုထားပါတယ္။
“ကြန္ဟိန္းၿမိဳ႕နယ္က ရွမ္းျပည္ေတာင္ပိုင္းထဲမွာေလ။ RCSS ရဲ႕ နယ္ေျမထဲမွာ စစ္ေၾကာင္း ထိုးဝင္လာ တာဆိုေတာ့ သူတို႔က ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ထိုးစစ္ဆင္ေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း ရွိတာေပါ့။”
SSPP ဘက္ကေတာ့ သူတို႔ ဒီနယ္ေျမကို လြန္ခဲ့တဲ့ႏွစ္တည္းက အေျခခ်လာတာျဖစ္ၿပီး RCSS တပ္ေတြက လာေရာက္ ေျခာင္းေျမာင္းပစ္ခတ္တာေၾကာင့္ တိုက္ပြဲျဖစ္တာလို႔ တုံ႔ျပန္ပါတယ္။
“ၿပီးခဲ့တဲ့ႏွစ္တည္းကေပါ့ေနာ္။ ၂၀၂၂တည္းက အဲဒီမွာ အေျခစိုက္တာရွိေတာ့၊ သူတို႔ကေန တက္လာၿပီးေတာ့ သြားၿပီးေတာ့ ေခ်ာင္းေျမာင္းပစ္တာေပါ့ေနာ္။ အဲဒီမွာ စျဖစ္တာေနာ္။”
SSPP ရဲ႕ ေျပာခြင့္ရ ဗိုလ္ႀကီး သီဟရာဇာက ေျပာျပတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ တိုက္ပြဲေတြ ထပ္မျဖစ္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာပါတယ္။
“ ထိေတြ႕မႈမျဖစ္ေအာင္ က်ေနာ္တို႔ တတ္ႏိုင္သေလာက္ ထိန္းတယ္။ သူတို႔ ဟိုဘက္ ကားလမ္းမေပၚေနာ္။ ေတာင္ႀကီး - တာခ်ီလိတ္ ကားလမ္းမေပါ့ေနာ္။ အဲဒီ ကားလမ္းမ ေတာင္ဘက္ကို က်ေနာ္တို႔ မေက်ာ္ေသးဘူး။ သူတို႔ ေက်ာ္ေနတာေနာ္။ ဟိုဘက္ က်ေနာ္တို႔ ဆက္သြားမယ္ဆို ျပႆနာျဖစ္ႏိုင္တာေပါ့။ ဒါေပမဲ့ က်ေနာ္တို႔လည္း ျပႆနာလည္း မျဖစ္ေအာင္။ ကိုယ့္အခ်င္းခ်င္းလည္းျဖစ္ေနေတာ့ ဒါ ထိေတြ႕မႈမျဖစ္ေအာင္ က်ေနာ္တို႔ ထိန္းထားပါတယ္။”
ရွမ္းေတာင္နဲ႔ ေျမာက္တပ္ ၂ ဖြဲ႕တိုက္ပြဲျဖစ္ပြားတာေၾကာင့္ နမ့္တြတ္႐ြာက ႐ြာသူ၊ ႐ြာသားေတြဟာ ဒီလ ၂ ရက္ေန႔က ေဘးလြတ္ရာ တိမ္းေရွာင္တာေတြ ရွိခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ တိမ္းေရွာင္သူအခ်ိဳ႕ ေနရပ္ျပန္ေပမဲ့ သက္ႀကီး႐ြယ္အိုေတြကေတာ့ မျပန္ႏိုင္ေသးေၾကာင္း ေဒသခံတစ္ေယာက္က ေျပာပါတယ္။
“ ေသနတ္သံၾကားေတာ့ သူတို႔ ေၾကာက္တာေပါ့။ အရပ္သားဆိုတာက။ အဲလိုမ်ိဳး ေရွာင္တာပါ။ အခုေတာ့ တခ်ိဳ႕လူေတြကေတာ့ ျပန္တယ္။ အခု က်န္တာကေတာ့ သက္ႀကီးနဲ႔ ကေလးေတြပဲ က်န္တယ္။ ကေလးေရာ၊ သက္ႀကီးေရာဆို ၂၂ေယာက္ပဲဗ်။ သက္ႀကီး႐ြယ္အိုေတြကေတာ့ အနီးအနား႐ြာက သူတို႔ အမ်ိဳးအိမ္မွာ ခန ဝင္ေနတယ္ေပါ့။ တိုက္ပြဲမျဖစ္ေစခ်င္ပါဘူး။ က်ေနာ္တို႔ အေနနဲ႔ေပါ့။ ႏွစ္ဘက္စလုံးလည္း ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ အဆင္ေျပသြားရင္ေတာ့ ေကာင္းတာေပါ့ေနာ။ ”
ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္း ရပ္ေစာက္ၿမိဳ႕နယ္အတြင္းမွာ ေနာက္ဆုံးတိုက္ပြဲျဖစ္ပြားၿပီး ၇ လေက်ာ္ၾကာ ၿငိမ္သက္ေနရာက ၂၀၂၃ မွာ ရွမ္းတပ္၂ တပ္ ပထမဆုံး တိုက္ပြဲျပန္လည္ျဖစ္ပြားတာလည္း ျဖစ္ပါတယ္။ RCSS ဟာ NCA ေခၚ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ ေရးထိုးထားတဲ့အဖြဲ႕ျဖစ္ၿပီး SSPP ကေတာ့ လက္မွတ္ မထိုးထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။
{Unicode}
ကွန်ဟိန်းမှာ ရှမ်းတောင်နဲ့ မြောက်တပ် ၂ ဖွဲ့တိုက်ပွဲဖြစ်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေအကြား ကြာသပတေးနေ့က ကွန်ဟိန်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရှမ်းလက်နက်ကိုင် တောင်ပိုင်းနဲ့ မြောက်ပိုင်း ၂ ဖွဲ့ကြား ၇ လကျော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ပြန်လည်ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်သလို လက်ရှိ တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ ရှမ်းတပ် နှစ်တပ်ရဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ကိုဝင်းမင်းက တင်ပြပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာအနီးမှာ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်း နဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီလ ၂ရက်နေ့က တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးခမ်းစံက VOA ကို အခုလို ပြောပါတယ်။
“ နေ့လည် ၁၁နာရီလောက်မှာခင်ဗျ။ SSPP က ကွန်ဟိန်းမြို့နယ်ထဲကို ထိုးစစ်ဝင်လာတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့ နယ်မြေခံတပ်တွေနဲ့ ထိတွေ့ ပြီးတော့မှ တိုက်ပွဲဖြစ်တယ်ခင်ဗျ။ နမ့်တွတ်ဆို ကွန်ဟိန်းနယ်ထဲမှာ ပဲခင်ဗျ။ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းနယ်ထဲမှာ။ ဒီနေ့ကျတော့ တိုက်ပွဲမရှိတော့ဘူး။ ဒါပေမဲ့ စစ်ရေးတင်းမာမှု တော့ ရှိနေတယ်ခင်ဗျ။ ”
တိုက်ပွဲဟာ မနက် ၁၁နာရီကျော်ကနေ နေ့ခင်း ၂နာရီလောက်အထိ ဖြစ်ပွားတာလို့ RCSS ဘက်က သတင်းထုတ်ပြန်ပါတယ်။ RCSS ဘက် သူတို့ ထိန်းချုပ်နယ်မြေထဲကို SSPP တပ်တွေက ရည်ရွယ်ချက်ရှိရှိ ထိုးစစ်ဆင်လာတာလို့ စွပ်စွဲပြောဆိုထားပါတယ်။
“ကွန်ဟိန်းမြို့နယ်က ရှမ်းပြည်တောင်ပိုင်းထဲမှာလေ။ RCSS ရဲ့ နယ်မြေထဲမှာ စစ်ကြောင်း ထိုးဝင်လာ တာဆိုတော့ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးစစ်ဆင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိတာပေါ့။”
SSPP ဘက်ကတော့ သူတို့ ဒီနယ်မြေကို လွန်ခဲ့တဲ့နှစ်တည်းက အခြေချလာတာဖြစ်ပြီး RCSS တပ်တွေက လာရောက် ခြောင်းမြောင်းပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်တာလို့ တုံ့ပြန်ပါတယ်။
“ပြီးခဲ့တဲ့နှစ်တည်းကပေါ့နော်။ ၂၀၂၂တည်းက အဲဒီမှာ အခြေစိုက်တာရှိတော့၊ သူတို့ကနေ တက်လာပြီးတော့ သွားပြီးတော့ ချောင်းမြောင်းပစ်တာပေါ့နော်။ အဲဒီမှာ စဖြစ်တာနော်။”
SSPP ရဲ့ ပြောခွင့်ရ ဗိုလ်ကြီး သီဟရာဇာက ပြောပြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
“ ထိတွေ့မှုမဖြစ်အောင် ကျနော်တို့ တတ်နိုင်သလောက် ထိန်းတယ်။ သူတို့ ဟိုဘက် ကားလမ်းမပေါ်နော်။ တောင်ကြီး - တာချီလိတ် ကားလမ်းမပေါ့နော်။ အဲဒီ ကားလမ်းမ တောင်ဘက်ကို ကျနော်တို့ မကျော်သေးဘူး။ သူတို့ ကျော်နေတာနော်။ ဟိုဘက် ကျနော်တို့ ဆက်သွားမယ်ဆို ပြဿနာဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျနော်တို့လည်း ပြဿနာလည်း မဖြစ်အောင်။ ကိုယ့်အချင်းချင်းလည်းဖြစ်နေတော့ ဒါ ထိတွေ့မှုမဖြစ်အောင် ကျနော်တို့ ထိန်းထားပါတယ်။”
ရှမ်းတောင်နဲ့ မြောက်တပ် ၂ ဖွဲ့တိုက်ပွဲဖြစ်ပွားတာကြောင့် နမ့်တွတ်ရွာက ရွာသူ၊ ရွာသားတွေဟာ ဒီလ ၂ ရက်နေ့က ဘေးလွတ်ရာ တိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ တိမ်းရှောင်သူအချို့ နေရပ်ပြန်ပေမဲ့ သက်ကြီးရွယ်အိုတွေကတော့ မပြန်နိုင်သေးကြောင်း ဒေသခံတစ်ယောက်က ပြောပါတယ်။
“ သေနတ်သံကြားတော့ သူတို့ ကြောက်တာပေါ့။ အရပ်သားဆိုတာက။ အဲလိုမျိုး ရှောင်တာပါ။ အခုတော့ တချို့လူတွေကတော့ ပြန်တယ်။ အခု ကျန်တာကတော့ သက်ကြီးနဲ့ ကလေးတွေပဲ ကျန်တယ်။ ကလေးရော၊ သက်ကြီးရောဆို ၂၂ယောက်ပဲဗျ။ သက်ကြီးရွယ်အိုတွေကတော့ အနီးအနားရွာက သူတို့ အမျိုးအိမ်မှာ ခန ဝင်နေတယ်ပေါ့။ တိုက်ပွဲမဖြစ်စေချင်ပါဘူး။ ကျနော်တို့ အနေနဲ့ပေါ့။ နှစ်ဘက်စလုံးလည်း ညှိညှိနှိုင်းနှိုင်းနဲ့ အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့နော။ ”
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရပ်စောက်မြို့နယ်အတွင်းမှာ နောက်ဆုံးတိုက်ပွဲဖြစ်ပွားပြီး ၇ လကျော်ကြာ ငြိမ်သက်နေရာက ၂၀၂၃ မှာ ရှမ်းတပ်၂ တပ် ပထမဆုံး တိုက်ပွဲပြန်လည်ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ RCSS ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး SSPP ကတော့ လက်မှတ် မထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။