သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ခုနှစ်အတွင်း တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်း ၈၆ ခုရှိပြီ


World Meteorological Organization
World Meteorological Organization
ဖိလစ်ပိုင်နိုင်ငံမှာ ပျက်စီးဆုံးရှုံးမှုတွေ အပြင်းအထန် ကြုံခဲ့ရတဲ့ Haiyan တိုင်ဖုန်းမုန်တိုင်း အပါအဝင် ဒီနှစ်ထဲမှာ အပူပိုင်းမုန်တိုင်းပေါင်း ၈၆ ခု တိုက်ခတ်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့ (WMO) က ပြောလိုက်ပါတယ်။ ဒါဟာဆိုရင် ၁၉၈၁ ခုနှစ်ကစလို့ နှစ်စဉ်မုန်တိုင်း တိုက်ခတ်မှု ပမာဏရဲ့ ပျမ်းမျှနှုန်းထက် ၃ ခု လျော့နည်းတဲ့အကြောင်းလည်း
ပြောဆိုခဲ့တာပါ။

အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဆိုရင်တော့ ၁၉၉၄ ခုနှစ်ကစလို့ ဒီနှစ်ဟာ မုန်တိုင်း အနည်းဆုံး ရာသီတခု ဖြစ်တဲ့အကြောင်းလည်း ပိုလန်နိုင်ငံ ဝါဆောမြို့က ညီလာခံအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ပစိဖိတ်ဒေသ အနောက်ပိုင်းမှာတော့ နိုဝင်ဘာလဆန်းအထိ မုန်တိုင်းပေါင်း ၃၀ တိုက်ခတ်ခဲ့တဲ့အတွက် နှစ်စဉ်ပျမ်းမျှနှုန်းထက် အနည်းငယ် ပိုများခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

ဒီအထဲမှာတော့ ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခတ်သွားတဲ့ Haiyan မုန်တိုင်းအပါအဝင် တိုင်ဖုန်းမုန်တိုင်း အမျိုးအစား ၁၃ ခု ပါဝင်တယ်လို့လည်း
ပြောပါတယ်။

လေတိုက်နှုန်း တနာရီကို ၇၄ မိုင် ကျော်တဲ့ မုန်တိုင်းတွေကိုတော့ အတ္တလန္တိတ်ဒေသမှာ ဟာရီကိန်းအဖြစ် သတ်မှတ်ပြီး၊ ပစိဖိတ်အနောက်မြောက်ဘက် ဒေသမှာတော့ တိုင်ဖုန်းအဖြစ် သတ်မှတ်ထားတာပါ။ ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့တဲ့ Haiyan တိုင်ဖုန်းကတော့ အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး လူပေါင်း ၉ သန်းကျော် မုန်တိုင်းဒဏ် ခံခဲ့ကြရပါတယ်။

ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ကတော့ ဒီနှစ်မတ်လထဲမှာ စံချိန်တင် မြင့်တက်ခဲ့ရာမှာ ၁၉၉၃ ခုနှစ်ကစလို့ ၃ ဒဿမ ၂ မီလီမီတာ မြင့်လာခဲ့တာပါ။ အပူချိန်မှာတော့ ဒီနှစ် ၂၀၁၃ ခုနှစ်ဟာ အမြင့်ဆုံး နှစ်တနှစ် ဖြစ်ခဲ့တဲ့ အကြောင်းလည်း WMO ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
XS
SM
MD
LG