သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံပေါင်း ၃၀ ပါ၀င်မည့် Cobra စစ်ရေးလေ့ကျင့်မှု မြန်မာ ပါ၀င်ခွင့်မရ


ရွှေမြွေဟောက် စစ်ဆင်ရေး (မတ် ၃၊ ၂၀၂၃)
ရွှေမြွေဟောက် စစ်ဆင်ရေး (မတ် ၃၊ ၂၀၂၃)

အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ ကာလအကြာဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ထိုင်းနဲ့ အမေရိကန်တို့ရဲ့ "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို ဒီလ ၂၆ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောပါတယ်။ ၁၂ ရက်ကြာလုပ်မဲ့ ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က စစ်ဘက်ဆိုင်ရာ အရာရှိပေါင်း ၁၀,၀၀၀ နီးပါး ပါ၀င်ဖို့ရှိပေမဲ့ မြန်မာစစ်တပ်ကိုတော့ ဖိတ်ခေါ်ထားခြင်းမရှိပါဘူး။ ၂၀၁၃ ခုနှစ်ကစပြီး လေ့လာသူအဖြစ် မြန်မာက ပါ၀င်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာစစ်တပ် ပါ၀င်ခွင့်မရခဲ့ပါဘူး။

အမေရိကန်တပ်တွေ အင်အားအပြည့် ပါ၀င်တဲ့ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ ဒီနှစ်အတွက် တရုတ်နဲ့ အိန္ဒိယ စစ်တပ်တွေလည်း ပါ၀င်ကြမှာဖြစ်သလို လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ပူးပေါင်း လေ့ကျင့်ကြမှာဖြစ်ပါတယ်။ မဟာမိတ်တွေအကြား ပိုမိုကောင်းမွန်တဲ့ စစ်ရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန်၊ အရေးပေါ်အခြေအနေ အမျိုးမျိုးမှာ စည်းစည်းလုံးလုံးနဲ့ ဘက်စုံလုပ်ငန်း ဆောင်တာတွေ၊ ပူးတွဲလုပ်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ အားကောင်းစေရန်နဲ့ နိုင်ငံစုံတပ်ဖွဲ့များဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတိုင်း လက်တွေ့လေ့ကျင့်ရန်အတွက် ရည်ရွယ်ပြီး လုပ်တဲ့ စစ်ရေး လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ စစ်အင်အားအပြည့်အ၀ ပါ၀င်မဲ့ ပင်မစစ်ရေးလေ့ကျင့်မှုတွေမှာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၄ ထောင် ကျော် ပါဝင်မှာဖြစ်ပါတယ်။

ဒီနှစ်လုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ၄၃ ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနဲ့ အမေရိကန်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး နှစ် ၁၉၀ ပြည့်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG