သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Collin Powell စ်ာပန အေမရိကန္သမၼတေတြ တက္ေရာက္


Collin Powell စ်ာပန

[[ Zawgyi ]]

ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Collin Powell စ်ာပန အေမရိကန္သမၼတေတြ တက္ေရာက္

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းလည္းျဖစ္၊ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား ဥကၠဌအျဖစ္နဲ႔လည္း တာ၀န္ယူခဲ့ဖူးသူ Colin Powell ရဲ႕ စ်ာပနအခမ္းအနားကို ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က National Cathedral ခရစ္ယန္ဘုရားေက်ာင္းမွာ ေသာၾကာေန႔က က်င္းပရာမွာ မိသားစုေတြ၊ မိတ္ေဆြေတြအျပင္ အေမရိကန္ သမၼတေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ လထဲမ ကိုဗစ္ေရာဂါ ကူးစက္ခံၿပီး ေနာက္ဆက္တဲြ ေ၀ဒနာေတြေၾကာင့္ ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း အသက္ ၈၄ ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့တာပါ။

Cathedral ဘုရားေက်ာင္းက အခမ္းအနားကိုေတာ့ အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္၊ သမၼတေဟာင္း Barack Obama နဲ႔ သမၼတကေတာ္ Michelle Obam သမၼတေဟာင္း George W Bush နဲ႔ သမၼတကေတာ္ Laura Bus ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Hillary Clinton အပါအ၀င္ ထင္ရွားတဲ့ ပုဂၢိဳလ္ေတြ တက္ေရာက္ၾကပါတယ္။

သမၼတေဟာင္း Bill Clinton ကေတာ့ မၾကာေသးခင္တုန္းက က်န္းမာေရးအတြက္ ေဆးကုသခံယူထားရတာေၾကာင့္ မတတ္ႏိုင္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ စ်ာပန အခမ္းအနားမွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Madeleine Albright နဲ႔ Colin Powell ရဲ႕သားျဖစ္သူ Michael Powell အပါအ၀င္ မိသားစု၀င္ေတြ မိတ္ေဆြေတြက ကြယ္လြန္သူ ၀န္ႀကီးေဟာင္းရဲ႕ စစ္ေရး၊ သံတမန္ေရး ကၽြမ္းက်င္မႈေတြ၊ မိသားစုနဲ႔ မိတ္ေဆြေကာင္းအျဖစ္ အမွတ္တရ စကားေတြလည္း ေျပာၾကားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

နိုင်ငံခြားရေးဝန်ကြီးဟောင်း Collin Powell ဈာပန အမေရိကန်သမ္မတတွေ တက်ရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးသူ Colin Powell ရဲ့ ဈာပနအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့တော်က National Cathedral ခရစ်ယန်ဘုရားကျောင်းမှာ သောကြာနေ့က ကျင်းပရာမှာ မိသားစုတွေ၊ မိတ်ဆွေတွေအပြင် အမေရိကန် သမ္မတတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လထဲမ ကိုဗစ်ရောဂါ ကူးစက်ခံပြီး နောက်ဆက်တွဲ ဝေဒနာတွေကြောင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

Cathedral ဘုရားကျောင်းက အခမ်းအနားကိုတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတဟောင်း Barack Obama နဲ့ သမ္မတကတော် Michelle Obam သမ္မတဟောင်း George W Bush နဲ့ သမ္မတကတော် Laura Bus နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

သမ္မတဟောင်း Bill Clinton ကတော့ မကြာသေးခင်တုန်းက ကျန်းမာရေးအတွက် ဆေးကုသခံယူထားရတာကြောင့် မတတ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဈာပန အခမ်းအနားမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright နဲ့ Colin Powell ရဲ့သားဖြစ်သူ Michael Powell အပါအဝင် မိသားစုဝင်တွေ မိတ်ဆွေတွေက ကွယ်လွန်သူ ဝန်ကြီးဟောင်းရဲ့ စစ်ရေး၊ သံတမန်ရေး ကျွမ်းကျင်မှုတွေ၊ မိသားစုနဲ့ မိတ်ဆွေကောင်းအဖြစ် အမှတ်တရ စကားတွေလည်း ပြောကြားခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG