သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်တန်းကျောင်းမှာ ၁၃ ယောက်သေဆုံးခဲ့ရတဲ့ အနှစ် ၂၀ ပြည့်အောက်မေ့ဘွယ်အခမ်းအနားကျင်းပ


Lee Andres (ယာ) နဲ့ Columbine အထက်တန်းကျောင်း ပစ်ခတ်မှုမှာ အသက်ရှင်ကျစ်ရစ်သူ Will Beck (ဧပြီ၊ ၁၉၊ ၂၀၁၉)
Lee Andres (ယာ) နဲ့ Columbine အထက်တန်းကျောင်း ပစ်ခတ်မှုမှာ အသက်ရှင်ကျစ်ရစ်သူ Will Beck (ဧပြီ၊ ၁၉၊ ၂၀၁၉)

အမေရိကန် အထက်တန်းကျောင်း တကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား ၁၃ ယောက် သေဆုံးခဲ့ရတဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို မနေ့က စနေနေ့က အဲဒီကျောင်းနားက ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀၊ ၁၉၉၉ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ တုန်းက Colorado ပြည်နယ်၊ Denver မြို့ဆင်ခြေဖုံးမှာရှိတဲ့ Columbine အထက်တန်းကျောင်းမှာ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသား ၂ ယောက်က ပစ်ခတ်ခဲ့လို့ ကျောင်းသူ၊ ကျောင်းသား ၁၂ ယောက်နဲ့ ဆရာတယောက်သေဆုံးခဲ့ကြပြီး ၂၀ ကျော်ဒဏ်ရာ ရခဲ့ပါတယ်။

သေနတ်သမား ၂ ယောက်လည်း သူတို့ကိုယ်သူတို့ အဆုံးစီရင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ဒီ ကျောင်းတွင်း ပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ရပ်တခု ဖြစ်ပါတယ်။

ဒီအဖြစ်ဆိုးကြောင့် သေဆုံးခဲ့ရသူတွေကို သတိရအောက်မေ့ဘွယ် အခမ်းအနားအပြင် လူမှုဝန်းကျင်အသိုင်းအဝိုင်း အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းတွေကို မနေ့က စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ အောက်မေ့ဘွယ် ဘာသာရေးဆုတောင်းပွဲ အခမ်းအနားကို ကြာသပတေးနေ့ညက စတင်ခဲ့ပြီး၊ သောကြာနေ့ညကတော့ ရပ်ကွက်အလိုက်လူထုဆုတောင်းပွဲတွေကျင်းပခဲ့ပါတယ်။

အလားတူအဖြစ်မျိုး ၂၀၀၇ ခုနှစ်တုန်းကလည်း Virginia စက်မှုတက္ကသိုလ်မှာ ကျောင်းသားတယောက်က ပစ်ခတ်ခဲ့လို့ ၃၂ ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က Connecticut ပြည်နယ်က Sandy Hook မူလတန်းကျောင်းမှာ သေနတ်သမားလက်ချက်နဲ့ ကလေးအများစုပါဝင်တဲ့ ကျောင်းသား ၂၆ ယောက်သေဆုံးခဲ့ရပါတယ်။ မနှစ်က Florida ပြည်နယ်၊ Parkland မြို့က အထက်တန်းကျောင်းမှာ အလားတူပစ်ခတ်မှုကြောင့် ၁၇ ဦးသေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG