သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iraq နဲ့ Syria စစ်မြေပြင် ကန် ကွန်မန်ဒိုတွေ ရောက်ရှိ


အီရတ်စစ်မြေပြင်ရောက် အမေရိကန်စစ်သားများ။
အီရတ်စစ်မြေပြင်ရောက် အမေရိကန်စစ်သားများ။

အခုအခါ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန် ကွန်မန်ဒိုအထူးတပ်သား ၂၀၀ ရောက်နေကြောင်းနဲ့ သူတို့ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ ရှာဖွေစီးနင်းမှုတွေ လုပ်နေပြီး အိုင်အက်စ်တွေကို တွေ့တဲ့နေရာမှာ ဖမ်းဆီးတာ ဒါမှမဟုတ် သတ်ဖြတ်ဖို့ လုပ်ဆောင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဝန်ကြီးကာတာက ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ပြင်သစ်အရာရှိတွေအတွက် သင်တန်းကျောင်း မှာ အခုလိုပြောကြားခဲ့တာပါ။ ဒီတပ်သားတွေဟာ တပ်သားသစ်တွေ နဲ့ ဆက်သွယ်မှုတွေ လုပ်ပြီးပြီလို့ လည်း ပြောပါတယ်။

သူတို့ဟာ ဒေသခံတွေနဲ့ ဆက်သွယ်ရေး လိုင်းသစ်ဖွင့်တာ၊ ကျွမ်းကျင်ပြီး တိုက်ခိုက်ချင်ဆန္ဒရှိတဲ့ တိုက်ခိုက်ရေးတပ်သားတွေ ရဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တခြားတိုက်ခိုက်မှုတွေအားလုံးအတွက် ပစ်မှတ်သစ်တွေ တွေ့ဖို့ အားလုံးရဲ့ ရည်မှန်းထားချက်ကို မျှဝေနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခု အီရတ်တွေနဲ့ လက်တွဲပြီးလုပ်ဖို့ ပြင်ဆင်မှုတွေအတွက် အထူးတပ်ဖွဲ့တွေ ရှိနေပြီဖြစ်ပြီး ရုတ်တရက် စီးနင်းမှုတွေ စလုပ်ဖို့ ဖြစ်စေ၊ ရေရှည်စီနင်းမှုတွေ ဖြစ်စေ၊ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ၊ တပ်မှုးတွေအပြ့င် တခြား အဓိက ပစ်မှတ်တွေ ကို ခြေရာခံလိုက်ဖို့ဖြစ်စေ၊ သူတို့ကို တွေ့တဲ့နေရာမှာ သတ်တာ ဒါမှမဟုတ် ဖမ်းတာတွေ လုပ်ဖို့ပြင်ဆင်နေပြီလို့လည်း ဝန်ကြီး ကာတာက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကာတာဟာ စစ်သွေးကြွတွေ ခြေမှုန်းရေး နည်းဗျူဟာတွေ ချပြဖို့အတွက် ဗုဒ္ဓဟူးနေ့က ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ Australia အီတလီနဲ့ Netherlands နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အီရတ်နိုင်ငံ Mosul နဲ့ ဆီးရီးယား နိုင်ငံ Raqqa မြို့တွေဟာ အစ္စလန် ကာလီဖိတ် နိုင်ငံရဲ့မြို့တော်အဖြစ် အိုင်အက်စ်တွေ ကျေညာခဲ့တဲ့ နေရာတွေကို အမေရိကန်တွေ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ သေသေချာချာ ချိန်ရွယ်ထားပြီလို့လည်း ဝန်ကြီးကာတာက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG