သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရ

ကွန်ဂိုရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရ
ကွန်ဂိုရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတ ဂျိုးဇက်ကဘီလာ (Joseph Kabila) ပဲ အနိုင်ရတယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ အဓိက အတိုက်အခံကတော့ ဒီကြေညာချက်ကို ကန့်ကွက်ပါတယ်။ သူကပဲ အနိုင်ရသူလို့ ဆိုနေပါတယ်။

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို မနေ့ကပဲ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တာပါ။ မစ္စတာ ကဘီလာက မဲတွေရဲ့ ၄၉ ရာခိုင်နှုန်းရပြီး သူ့ရဲ့အတိုက်အခံ Etienne Tshisekedi က ၃၂ ရာခိုင်နှုန်း ရခဲ့ကြပါတယ်။ တခြား သမ္မတဝင်ပြိုင်သူတွေကတော့ မဲအရေအတွက် အပြတ်အသတ်နဲ့ နောက်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ်တွေက ရန်စသလိုဖြစ်နေပြီလို့ အတိုက်အခံ မစ္စတာ Tshisekedi က ဗွီအိုအေကို ပြောပါတယ်။ သူ့ကိုယ်သူတော့ ကွန်ဂိုနိုင်ငံရဲ့ အရွေးကောက်ခံသမ္မတတစ်ဦးအဖြစ် ဒီကနေ့ကစပြီး ရှုမြင်တယ်လို့လည်း သူကပြောပါတယ်။

ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ တခြား သမ္မတလောင်းတစ်ဦးကလည်း မစ္စတာ Tshisekedi ကပဲ ကွန်ဂိုသမ္မတ ဖြစ်တယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။ လက်ရှိအာဏာရပါတီကတော့ သမ္မတ ကဘီလာ ဟာ ရွေးကောက်ပွဲမှာ မျှမျှတတနဲ့ ယှဉ်ပြိုင်အနိုင်ရခဲ့တာလို့ ပြောပါတယ်။ မနေ့ကရွေးကောက်ပွဲရလဒ်ကို ကြေညာပြီးတဲ့နောက်ပိုင်းမှာ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံကြတဲ့ရပ်ကွက်တွေမှာ မော်တော်ကား တာယာတွေကို မီးရှို့တာတွေကို တွေ့ရတယ်လို့ ဗွီအိုအေ သတင်းထောက်က သူမြင်ရတာကိုပြောပြပါတယ်။

This item is part of
XS
SM
MD
LG