သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သစ္ေတာျပဳန္းတီးမႈအဆုံးသတ္ေရး ႏိုင္ငံတရာေက်ာ္ ကတိကဝတ္ျပဳ


COP26 ရာသီဥတုဆိုင္ရာညီလာခံမွာ အေမရိကန္သမၼတဂ်ဳိးဘုိင္ဒန္နဲ႔ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ေဘာရစၥ္ ဂၽြန္ဆင္ (ႏိုဝင္ဘာ ၂၊ ၂၀၂၁)

{{{Zawgyi/Unicode}}}

သစ္ေတာျပဳန္းတီးမႈ အဆုံးသတ္ၾကဖို႔ တိုင္းျပည္ေပါင္း ၁၀၀ ေက်ာ္က ကုလသမဂၢ ရာသီဥတု ထိပ္သီးညီလာခံမွာ ကတိကဝတ္ ျပဳလိုက္ၾကပါတယ္။ သစ္ေတာျပဳန္းတီးတာဟာ ရာသီဥတု ေျပာင္းလဲလာတာရဲ႕ အဓိကအေၾကာင္းတရပ္ ျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာၾကပါတယ္။ ထြက္လာတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ေငြ႔ေတြကို သစ္ပင္ေတြကယူၿပီး ေအာက္ဆီဂ်င္ကို ထုတ္ေပးတာမို႔ ကမာၻ႔ရာသီဥတုအတြက္ သစ္ပင္ေတြက အေရးႀကီးတာပါ။ ကမာၻ႔သစ္ေတာ ၈၅ % ေက်ာ္ကို ကိုယ္စားျပဳတဲ့ ေခါင္းေဆာင္ေတြက ၂၀၃၀ မွာ သစ္ေတာျပဳန္းတီးမႈ အဆုံးသတ္ၾကဖို႔ ကတိေပးၾကတယ္လို႔ ယူေက ႏိုင္ငံက ေျပာပါတယ္။

ဒါေပမဲ့ အရင္တုန္းကလည္း ကတိေတြ ျပဳခဲ့ၾက၊ ခ်ိဳးဖ်က္ခဲ့ၾကတာပါပဲလို႔ ကမာၻေျမရဲ႕ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားၾကသူေတြကေတာ့ ဆိုၾကပါတယ္။ “၂၀၁၄ တုန္းကလည္း ဒီလို ကတိေတြျပဳခဲ့ၾကေပမဲ့ အဲဒီကတည္းက သစ္ေတာျပဳန္းတီးမႈက ပိုၿပီးေတာင္ ျမန္ဆန္လာေသးတယ္” လို႔ Chatham House မူဝါဒ ေလ့လာေရး အဖြဲ႕ ရဲ႕ အႀကီးတန္း သုေတသီ Alison Hoare က ေျပာပါတယ္။

“ေအာင္ျမင္ဖို႔အတြက္ လူတိုင္းပါဝင္ႏိုင္တဲ့ ျဖစ္စဥ္နဲ႔ လူနည္းစုနဲ႔ နိမ့္က်သူေတြအတြက္ တန္းတူညီမွ်စဥ္းစားေပးတဲ့ ဥပေဒမူေဘာင္ လိုအပ္ပါတယ္။ အစိုးရေတြဟာ အရပ္ဘက္ အဖြဲ႔အစည္း၊ စီးပြါးေရး လုပ္ငန္းနဲ႔ ေနရင္း ေဒသခံလူမ်ိဳးေတြနဲ႔အတူ အေကာင္အထည္ေဖာ္၊ ႀကီးၾကပ္ထိန္းေက်ာင္းတာ ကို ခံယူအလုပ္လုပ္ဖို႔ သေဘာတူၾကရပါမယ္” လို႔ Alison Hoare က ဆိုပါတယ္။

“အဲဒီ ညီလာခံထဲကေန အေျပာင္းအလဲက လာမွာ ဟုတ္ဘူး” လို႔ ရာသီဥတုအေရး တက္ႂကြလႈပ္ရွားသူ Greta Thunberg က ညီလာခံ ျပင္ပမွာ ေထာင္ေပါင္းမ်ားစြာေသာ ဆႏၵျပေနသူေတြ ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}}

သစ်တောပြုန်းတီးမှုအဆုံးသတ်ရေး နိုင်ငံတရာကျော် ကတိကဝတ်ပြု

သစ်တောပြုန်းတီးမှု အဆုံးသတ်ကြဖို့ တိုင်းပြည်ပေါင်း ၁၀၀ ကျော်က ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးညီလာခံမှာ ကတိကဝတ် ပြုလိုက်ကြပါတယ်။ သစ်တောပြုန်းတီးတာဟာ ရာသီဥတု ပြောင်းလဲလာတာရဲ့ အဓိကအကြောင်းတရပ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို သစ်ပင်တွေကယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးတာမို့ ကမ္ဘာ့ရာသီဥတုအတွက် သစ်ပင်တွေက အရေးကြီးတာပါ။ကမ္ဘာ့သစ်တော ၈၅ % ကျော်ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေက ၂၀၃၀ မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ကြဖို့ ကတိပေးကြတယ်လို့ ယူကေ နိုင်ငံက ပြောပါတယ်။

ဒါပေမဲ့ အရင်တုန်းကလည်း ကတိတွေ ပြုခဲ့ကြ၊ ချိုးဖျက်ခဲ့ကြတာပါပဲလို့ ကမ္ဘာမြေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားကြသူတွေကတော့ ဆိုကြပါတယ်။ “၂၀၁၄ တုန်းကလည်း ဒီလို ကတိတွေပြုခဲ့ကြပေမဲ့ အဲဒီကတည်းက သစ်တောပြုန်းတီးမှုက ပိုပြီးတောင် မြန်ဆန်လာသေးတယ်” လို့ Chatham House မူဝါဒ လေ့လာရေး အဖွဲ့ ရဲ့ အကြီးတန်း သုတေသီ Alison Hoare က ပြောပါတယ်။

“အောင်မြင်ဖို့အတွက် လူတိုင်းပါဝင်နိုင်တဲ့ ဖြစ်စဉ်နဲ့ လူနည်းစုနဲ့ နိမ့်ကျသူတွေအတွက် တန်းတူညီမျှစဉ်းစားပေးတဲ့ ဥပဒေမူဘောင် လိုအပ်ပါတယ်။ အစိုးရတွေဟာ အရပ်ဘက် အဖွဲ့အစည်း၊ စီးပွါးရေး လုပ်ငန်းနဲ့ နေရင်း ဒေသခံလူမျိုးတွေနဲ့အတူ အကောင်အထည်ဖော်၊ ကြီးကြပ်ထိန်းကျောင်းတာ ကို ခံယူအလုပ်လုပ်ဖို့ သဘောတူကြရပါမယ်” လို့ Alison Hoare က ဆိုပါတယ်။

“အဲဒီ ညီလာခံထဲကနေ အပြောင်းအလဲက လာမှာ ဟုတ်ဘူး” လို့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ Greta Thunberg က ညီလာခံ ပြင်ပမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြနေသူတွေ ကို ပြောပါတယ်။

#COP26 #ClimateChange #VOABurmese

#သစ်တောပြုန်းတီးမှု#ဗွီအိုအေ

XS
SM
MD
LG