သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COP26 သေဘာတူမူၾကမ္းအတြက္ ဆက္ေဆြးေႏြးေန


ကုလက ႀကီးမႉးတဲ့ Scotland, Glasgow ၿမိဳ႕၊ ရာသီဥတုေျပာင္းလဲမႈဆုိင္ရာ ညီလာခံကို တက္ေရာက္လာၾကတဲ့ ကိုယ္စားလွယ္မ်ား။ (ႏိုဝင္ဘာ ၁၂၊ ၂၀၂၁)

{{Zawgyi/Unicode}}

ယူေကႏုိင္ငံ၊ စေကာ့တလန္နယ္ Glasgow ၿမိဳ႕မွာက်င္းပေနတဲ့ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ COP26 ညီလာခံရဲ႕ သေဘာတူညီခ်က္ မူၾကမ္းအသစ္ ဒီေန႔ ေသာၾကာေန႔ မနက္ပိုင္းမွာ ထြက္လာပါတယ္။ ကမာၻႀကီးရဲ႕အပူခ်ိန္ကို စက္မႈထြန္းကားတဲ့ေခတ္ မတိုင္ခင္ကာလမွာ ရွိခဲ့တဲ့အပူခ်ိန္ေအာက္ ၁.၅ ဒီဂရီ ဆဲလ္ဆီးယပ္စ္အထိ ထိန္းခ်ဳပ္ေလွ်ာ့ခ်ေရး ႏုိင္ငံေတြအေနနဲ႔ ဘယ္လုိလုပ္သြားၾကမယ္ဆိုတဲ့ အစီအစဥ္အေသးစိတ္ကို အခုမူၾကမ္းထဲမွာ ေဖာ္ျပထားပါတယ္။

ကမာၻ႔အပူခ်ိန္ေလွ်ာ့ခ်ေရး ဒီရည္မွန္းခ်က္ကို ၂၀၁၅ ခုႏွစ္က ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕မွာ သေဘာတူခဲ့ၾကတာျဖစ္ၿပီး ဥတုရာသီ ေျပာင္းလဲမႈရဲ႕ အဆိုးရြားဆံုးသက္ေရာက္မႈေတြကို ေရွာင္ရွားႏိုင္ဖို႔ အဓိကအေရးပါတဲ့အခ်က္အျဖစ္ ျမင္ၾကပါတယ္။

ဒီသေဘာတူညီခ်က္ မူၾကမ္းကို Glasgow ထိပ္သီးညီလာခံတက္ေရာက္ေနၾကတဲ့ ႏိုင္ငံ ၂၀၀ နီးပါးၾကား သေဘာတူညီၿပီး ညီလာခံအဆံုးသတ္မယ့္ ဒီေန႔ ႏိုဝင္ဘာ ၁၂ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီ မတိုင္ခင္ သေဘာတူလက္မွတ္ထိုးၾကရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေစ့စပ္ညွိႏိႈင္းမႈေတြကေတာ့ ဒီကေန႔ညဘက္အထိသာမက သီတင္းပတ္ကုန္အထိ ဆက္ၾကာသြားႏုိင္ပါတယ္။ ကမာၻႀကီးပူေႏြးေစတဲ ဖန္လံုအိမ္ဓါတ္ေငြ႔ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရးအတြက္ အစိုးရေတြအေနနဲ႔ အခုထက္ပိုၿပီးေဆာင္ရြက္သင့္တယ္လို႔ သဘာဝပတ္ဝန္းက်င္အေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္။

အခုသေဘာတူညီခ်က္မူၾကမ္း အသစ္ဟာ ဒီသီတင္းပတ္အတြင္း ဒုတိယေျမာက္ထြက္လာတဲ့ မူၾကမ္းျဖစ္ပါတယ္။ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ဒီဆယ္စုႏွစ္အတြင္း အလ်င္အျမန္ေလွ်ာ့ခ်ေရး သေဘာတူညီၾကဖို႔ ႏုိင္ငံေတြကို ေတာင္းဆိုထားပါတယ္။

COP26 သေဘာတူမူၾကမ္းအတြက္ ဆက္ေဆြးေႏြးေန
please wait

No media source currently available

0:00 0:00:53 0:00
တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

COP26 သဘောတူမူကြမ်းအတွက် ဆက်ဆွေးနွေးနေ

ယူကေနိုင်ငံ၊ စကော့တလန်နယ် Glasgow မြို့မှာကျင်းပနေတဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံရဲ့ သဘောတူညီချက် မူကြမ်းအသစ် ဒီနေ့ သောကြာနေ့ မနက်ပိုင်းမှာ ထွက်လာပါတယ်။ ကမ္ဘာကြီးရဲ့အပူချိန်ကို စက်မှုထွန်းကားတဲ့ခေတ် မတိုင်ခင်ကာလမှာ ရှိခဲ့တဲ့အပူချိန်အောက် ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ထိန်းချုပ်လျှော့ချရေး နိုင်ငံတွေအနေနဲ့ ဘယ်လိုလုပ်သွားကြမယ်ဆိုတဲ့ အစီအစဉ်အသေးစိတ်ကို အခုမူကြမ်းထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အပူချိန်လျှော့ချရေး ဒီရည်မှန်းချက်ကို ၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ သဘောတူခဲ့ကြတာဖြစ်ပြီး ဥတုရာသီ ပြောင်းလဲမှုရဲ့ အဆိုးရွားဆုံးသက်ရောက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အဓိကအရေးပါတဲ့အချက်အဖြစ် မြင်ကြပါတယ်။

ဒီသဘောတူညီချက် မူကြမ်းကို Glasgow ထိပ်သီးညီလာခံတက်ရောက်နေကြတဲ့ နိုင်ငံ ၂၀၀ နီးပါးကြား သဘောတူညီပြီး ညီလာခံအဆုံးသတ်မယ့် ဒီနေ့ နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ မတိုင်ခင် သဘောတူလက်မှတ်ထိုးကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စေ့စပ်ညှိနှိုင်းမှုတွေကတော့ ဒီကနေ့ညဘက်အထိသာမက သီတင်းပတ်ကုန်အထိ ဆက်ကြာသွားနိုင်ပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် အစိုးရတွေအနေနဲ့ အခုထက်ပိုပြီးဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အခုသဘောတူညီချက်မူကြမ်း အသစ်ဟာ ဒီသီတင်းပတ်အတွင်း ဒုတိယမြောက်ထွက်လာတဲ့ မူကြမ်းဖြစ်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဒီဆယ်စုနှစ်အတွင်း အလျင်အမြန်လျှော့ချရေး သဘောတူညီကြဖို့ နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

#COP26 #ရာသီဥတုပြောင်းလဲမှု #သဘောတူချက်မူကြမ်း #ကမ္ဘာ့အပူချိန်လျှော့ချရေး #ယူကေ #စကော့တလန်

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG