သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ျဖတ္ၿပီး ထုိင္းသြားခ်င္တဲ့ တ႐ုတ္ႏုိင္ငံသား ၅၀၀ ေက်ာ္ တာခ်ီလိတ္မွာရွိေန


ေရႊၾတိဂံနယ္ေျမ တာခ်ီလိတ္ၿမိဳ႕ရွိ ထိုင္း - ျမန္မာ နယ္စပ္ဂိတ္ (မွတ္တမ္းဓာတ္ပံု - ေမ ၂၁၊ ၂၀၁၂)

(Zawgyi/Unicode)

တရုတ္ႏုိ္င္ငံသားေတြကုိ ထိုင္းဘက္က ေပးမဝင္တာေၾကာင့္ ျမန္မာျပည္က ျဖတ္ၿပီး ထုိင္းကို ဝင္ဖုိ႔လုပ္ေနၾကတဲ့ တရုတ္ႏုိ္င္ငံသားေတြဟာ လတ္တေလာ တာခ်ီလိတ္ၿမိဳ႕နယ္ထဲမွာ လူ ၅၀၀ ေက်ာ္စာရင္း ရွိေနပါတယ္။ သူတို႔ေတြနဲ႔ ပတ္သက္လို႔ အာဏာပိုင္ေတြဘက္က ဘယ္လို စီစဥ္ေဆာင္ရြက္ေနသလဲဆုိတာကုိ ဗီြအုိေအသတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

ထုိင္းဘက္ကို ဝင္မရလို႔ တာခ်ီလိတ္ၿမိဳ႕နယ္ထဲမွာ ရွိေနတဲ့ တရုတ္ႏုိင္ငံသားေတြရဲ႕ အေျခအေနကို ေျပျပေပးပါမယ္။

ထိ္ုင္းႏုိ္င္ငံက ျပည္ဝင္ခြင့္ပိတ္ထားခ်ိန္မွာ ျမန္မာ-ထုိ္င္း နယ္စပ္ဂိတ္ေပါက္ကေန သြားလာဖို႔ျပင္ဆင္ထားတဲ့ တရုတ္ႏုိင္ငံသား ၅၀၀ ေက်ာ္ဟာ တာခ်ီလိတ္မွာပဲ ဒဏ္ေၾကးေပးေဆာင္ၿပီး ေနထုိင္ေနတယ္လို႔ သိရပါတယ္။ အခုလို COVID-19 ကုိ ထိန္းခ်ဳပ္ကာကြယ္ေနခ်ိန္မွာ သူတို႔နဲ႔ပတ္သက္လို႔ လိုအပ္တဲ့က်န္းမာေရး ေဆာင္ရြက္ခ်က္ေတြကုိလည္း စီစဥ္ေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကလည္း ေျပာထားပါတယ္။

COVID-19 ကူးစက္ခံထားရသူ ၁၇၇ ဦး ရွိခဲ့ၿပီး ေသဆံုးသူ တဦးရွိခဲ့တဲ့ ထုိင္းႏုိင္ငံဟာ ဒီေရာဂါကိုထိန္းခ်ဳပ္ကာကြယ္ႏုိင္ဖို႔အတြက္ ေရာဂါျဖစ္ပြားေနတဲ့ ႏုိင္ငံေတြက လာသူေတြကုိ ဆိုက္ေရာက္ဗီဇာ ခြင့္မျပဳေတာ့ဘဲ နယ္စပ္ဂိတ္ေပါက္ေတြကုိလည္း မေန႔ကစၿပီး ပိတ္လိုက္တာပါ။ အဲဒီလုိအခ်ိန္မွာ ျမန္မာႏုိင္ငံကေနတဆင့္ ထုိ္င္းႏုိင္ငံကုိ သြားေရာက္မယ့္ တရုတ္ခရီးသြားေတြဟာ ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္မွာပဲ ရွိေနတာ စာရင္းအရ လူဦးေရ ၅၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ဗီြအိုေအကို ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ အျခားေရာဂါမ်ား ကြာျခားပုံ
ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ အျခားေရာဂါမ်ား ကြာျခားပုံ

“စာရင္းအရေတာ့ ၅၀၀ ေက်ာ္ရွိတယ္။ အမွန္တကယ္ ဒီတံတား (ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးတံတား) ကေနဝင္တဲ့ EP (Entry Permit) စာရင္းအရေပါ့ေနာ္ ၅၀၀ ေက်ာ္ရွိတယ္လို႔ ေျပာတယ္။ အဲဒါေတြကလည္း ၿမိဳ႕ထဲမွာေတာ့ အဲေလာက္မရွိပါဘူးဗ်။ သူတို႔ရဲ႕ ဗီဇာ EP အရ ခြင့္ျပဳထားတဲ့ေနရာေတြရွိတယ္။ အဲဒီေနရာေတြသြားတယ္ေပါ့ေနာ္။ အဲေတာ့လက္ရွိမွာေတာ့ သူတို႔က လဝကမွာ ခရိုင္မွဴးနဲ႔လည္း ေျပာျဖစ္ပါတယ္။ ခရို္င္မွဴးနဲ႔ေျပာျဖစ္ေတာ့ ဒဏ္ေၾကးေပါ့ေနာ္။ သူတုိ႔က ဒဏ္ေၾကးေဆာင္ၿပီးေတာ့ ဆက္ေနမယ္ဆုိရင္ေတာ့ ေနလုိ႔ရတယ္ေပါ့။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ လဝကဘက္ကေတာ့ သက္ဆုိင္ရာဝန္ႀကီးဌာနကို လမ္းညႊန္မႈခံထားတယ္ဗ်။ ျပန္ေတာ့ မက်ေသးဘူးဗ်။”

ကိုရုိနာေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ျမန္မာႏုိင္ငံထဲမွာ မရွိေသးေပမဲ့ ကာကြယ္ေရးနည္းလမ္းေတြကုိ အရွိန္ျမွင့္ေဆာင္ရြက္ေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြကလည္း ေျပာထားပါတယ္။ အခုလို ကာကြယ္ေနခ်ိန္မွာ တာခ်ီလိတ္မွာေရာက္ရွိေနတဲ့ တရုတ္ႏုိင္ငံသားေတြနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနက အခုလိုေတြ လုပ္ေဆာင္ေနပါတယ္။

“က်ေနာတို႔အေနနဲ႔ကေတာ့ သက္ဆုိင္ရာ တာခ်ီလိတ္မွာရွိတဲ့ ေရာဂါတံု႔ျပန္ေဆာင္ရြက္ေရး ေကာ္မတီ၊ ေနာက္ ဆက္စပ္ေနတဲ့ ဌာနေတြျဖစ္တဲ့ လဝကတုိ႔ ျပည္သူ႔ရဲတို႔ ဒီဟုိတယ္ခရီးသြားလာေရးတို႔ ေနာက္ ေလေၾကာင္းပို႔ေဆာင္ေရးဌာနတုိ႔ အတူတူတြဲၿပီးမွ ေဒသအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းရဲ႕ လမ္းညႊန္မႈနဲ႔အတူ စီစဥ္ေဆာင္ရြက္သြားရမွာပါ ခင္ဗ်။”

ဒါကေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္း ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာျမင့္ေက်ာ္က ဗီြအုိေအကိုေျပာသြားတာပါ။ ရွမ္းျပည္နယ္အေရွ႕ပုိင္းမွာ ဒီေရာဂါကာကြယ္ႏုိင္ဖို႔အတြက္ ျပည္သူလူထုအေျချပဳ ေဆာင္ရြက္ခ်က္ေတြကိုလည္း ဆက္ေျပာျပသြားပါတယ္။

“က်ေနာ္တို႔ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းအေနနဲ႔ေတာ့ နယ္စပ္ဂိတ္ဝင္ေပါက္ေတြကေန ေစာင့္ၾကည့္ေနတယ္။ က်ေနာတို႔ ရပ္ရြာေဒသ တိုင္းရင္းသားျပည္သူေတြနဲ႔ ရပ္ရြာအုပ္ခ်ဳပ္ေရး အာဏာပိုင္အဖြဲ႕ေတြနဲ႔ပါ ေပါင္းၿပီး ျပည္သူလူထုအေျချပဳ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈေရးလုပ္ငန္းနဲ႔ သတင္းေပးပို႔ျခင္း လုပ္ငန္းကုိ ေဆာင္ရြက္ေနပါတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ ျပည္သူလူထုကို အသိပညာျမွင့္တင္ေရးလုပ္ငန္းကုိ အုပ္စုငယ္ေလးေတြနဲ႔ ေဆာင္ရြက္ခဲ့တာေတြရွိတယ္။ ဒါကေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာ ေဆာင္ရြက္ေနတာေတြေပါ့ေလ။”

နယ္စပ္ဂိတ္ကေနတဆင့္ ကမာၻလွည့္ခရီးသြားေတြ ဝင္ထြက္သြားလာေနက်ျဖစ္တဲ့ တာခ်ီလိတ္မွာေတာ့ အရင္က ခရီးသြားသူမ်ားခဲ့ေပမဲ့ အခုခ်ိန္မွာ ဧည့္သည္အဝင္နည္းသြားတယ္လို႔ ဟုိတယ္လုပ္ငန္းရွင္တခ်ိဳ႕က ဆုိပါတယ္။

ကိုရုိနာေရာဂါ ႀကိဳတင္ကာကြယ္ႏုိ္င္ေရးအတြက္ လာတဲ့ ခရီးသြားဧည့္သည္ေတြကို က်န္းမာေရးစစ္ေဆးမႈေတြ အရင္လုပ္ၿပီးမွ တည္းခိုခြင့္ျပဳဖုိ႔ သင့္၊ မသင့္ဆိုတာကို ဆံုးျဖတ္တယ္လို႔ တာခ်ီလိတ္မွာရွိတဲ့ ဟုိတယ္တခုက ေျပာပါတယ္။

“အခုဆို က်ေနာ္တို႔ဆိုရင္ တရုတ္ကုိပဲ မဟုတ္ဘူး။ ဘယ္လူမ်ိဳးကိုမဆို ဒီသူစိမ္းေတြဝင္လာၿပီဆိုရင္ သူတို႔ရဲ႕က်န္းမာေရး အေျခအေနကို ဒီက်န္းမာေရးဝန္ႀကီးဌာနက ပညာေပးထားတဲ့အတုိင္း သူတို႔ကိုစစ္ေဆးတာေပါ့ေလ။ စစ္ေဆးၿပီးေတာ့မွ တကယ္လို႔ တည္းခုိခြင့္ရမယ့္သူဆိုရင္ က်ေနာ္တို႔က တည္းခိုခြင့္ေပးပါတယ္။ တကယ္လို႔ တည္းခုိခြင့္မရတဲ့ သူဆိုရင္ေတာ့ အဆင္မေျပဘူးဆိုရင္ က်ေနာ္တို႔ တည္းခုိခြင့္မေပးဘူးဗ်။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ အခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ကေန မေန႔က မတ္လ ၁၆ ရက္အထိ ျမန္မာႏုိင္ငံတြင္းမွာ COVID-19 ေစာင့္ၾကည့္နဲ႔ သံသယလူနာ ၁၃၃ ဦးရွိခဲ့ၿပီး အဲဒီထဲက ၂၁ ဦးကုိေတာ့ ရွမ္းျပည္နယ္မွာ ေတြ႔ခဲ့တာပါ။

အခုလက္ရွိအခ်ိန္မွာေတာ့ အသက္ ၃၀ အရြယ္ရွိတဲ့ တရုတ္ႏုိင္ငံသား တဦးကို ေစာင့္ၾကည့္လူနာအျဖစ္နဲ႔ တာခ်ီလိတ္ျပည္သူ႔ေဆးရံုမွာ သီးျခားထားရွိ ကုသေပးေနပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ေန စတင္ခဲ့တဲ့ ဒီကိုရိုနာေရာဂါပိုးဟာ ႏုိင္ငံေပါင္း ၁၆၁ ႏုိင္ငံကိုကူးစက္ခဲ့ၿပီး၊ လူေပါင္း ၁၈၀,၀၀၀ ေက်ာ္ ကူးစက္ခဲ့ပါတယ္။ စုစုေပါင္း ေသဆံုးသူကေတာ့ ၇,၁၀၀ ေက်ာ္အထိ ရွိသြားပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည်ဖြတ်ပြီး ထိုင်းသွားချင်တဲ့ တရုတ်နိုင်ငံသား ၅၀၀ ကျော် တာချီလိတ်မှာရှိနေ

တရုတ်နိုင်ငံသားတွေကို ထိုင်းဘက်က ပေးမဝင်တာကြောင့် မြန်မာပြည်က ဖြတ်ပြီး ထိုင်းကို ဝင်ဖို့လုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေဟာ လတ်တလော တာချီလိတ်မြို့နယ်ထဲမှာ လူ ၅၀၀ ကျော်စာရင်း ရှိနေပါတယ်။ သူတို့တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ဘယ်လို စီစဉ်ဆောင်ရွက်နေသလဲဆိုတာကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

ထိုင်းဘက်ကို ဝင်မရလို့ တာချီလိတ်မြို့နယ်ထဲမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အခြေအနေကို ပြေပြပေးပါမယ်။

ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ထားချိန်မှာ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက်ကနေ သွားလာဖို့ပြင်ဆင်ထားတဲ့ တရုတ်နိုင်ငံသား ၅၀၀ ကျော်ဟာ တာချီလိတ်မှာပဲ ဒဏ်ကြေးပေးဆောင်ပြီး နေထိုင်နေတယ်လို့ သိရပါတယ်။ အခုလို COVID-19 ကို ထိန်းချုပ်ကာကွယ်နေချိန်မှာ သူတို့နဲ့ပတ်သက်လို့ လိုအပ်တဲ့ကျန်းမာရေး ဆောင်ရွက်ချက်တွေကိုလည်း စီစဉ်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကလည်း ပြောထားပါတယ်။

COVID-19 ကူးစက်ခံထားရသူ ၁၇၇ ဦး ရှိခဲ့ပြီး သေဆုံးသူ တဦးရှိခဲ့တဲ့ ထိုင်းနိုင်ငံဟာ ဒီရောဂါကိုထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေက လာသူတွေကို ဆိုက်ရောက်ဗီဇာ ခွင့်မပြုတော့ဘဲ နယ်စပ်ဂိတ်ပေါက်တွေကိုလည်း မနေ့ကစပြီး ပိတ်လိုက်တာပါ။ အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံကနေတဆင့် ထိုင်းနိုင်ငံကို သွားရောက်မယ့် တရုတ်ခရီးသွားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာပဲ ရှိနေတာ စာရင်းအရ လူဦးရေ ၅၀၀ ကျော်အထိ ရှိနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဗွီအိုအေကို ပြောပါတယ်။

“စာရင်းအရတော့ ၅၀၀ ကျော်ရှိတယ်။ အမှန်တကယ် ဒီတံတား (မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား) ကနေဝင်တဲ့ EP (Entry Permit) စာရင်းအရပေါ့နော် ၅၀၀ ကျော်ရှိတယ်လို့ ပြောတယ်။ အဲဒါတွေကလည်း မြို့ထဲမှာတော့ အဲလောက်မရှိပါဘူးဗျ။ သူတို့ရဲ့ ဗီဇာ EP အရ ခွင့်ပြုထားတဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေသွားတယ်ပေါ့နော်။ အဲတော့လက်ရှိမှာတော့ သူတို့က လဝကမှာ ခရိုင်မှူးနဲ့လည်း ပြောဖြစ်ပါတယ်။ ခရိုင်မှူးနဲ့ပြောဖြစ်တော့ ဒဏ်ကြေးပေါ့နော်။ သူတို့က ဒဏ်ကြေးဆောင်ပြီးတော့ ဆက်နေမယ်ဆိုရင်တော့ နေလို့ရတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လဝကဘက်ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို လမ်းညွှန်မှုခံထားတယ်ဗျ။ ပြန်တော့ မကျသေးဘူးဗျ။”

ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မြန်မာနိုင်ငံထဲမှာ မရှိသေးပေမဲ့ ကာကွယ်ရေးနည်းလမ်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကလည်း ပြောထားပါတယ်။ အခုလို ကာကွယ်နေချိန်မှာ တာချီလိတ်မှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက အခုလိုတွေ လုပ်ဆောင်နေပါတယ်။

“ကျနောတို့အနေနဲ့ကတော့ သက်ဆိုင်ရာ တာချီလိတ်မှာရှိတဲ့ ရောဂါတုံ့ပြန်ဆောင်ရွက်ရေး ကော်မတီ၊ နောက် ဆက်စပ်နေတဲ့ ဌာနတွေဖြစ်တဲ့ လဝကတို့ ပြည်သူ့ရဲတို့ ဒီဟိုတယ်ခရီးသွားလာရေးတို့ နောက် လေကြောင်းပို့ဆောင်ရေးဌာနတို့ အတူတူတွဲပြီးမှ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ လမ်းညွှန်မှုနဲ့အတူ စီစဉ်ဆောင်ရွက်သွားရမှာပါ ခင်ဗျ။”

ဒါကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော်က ဗွီအိုအေကိုပြောသွားတာပါ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဒီရောဂါကာကွယ်နိုင်ဖို့အတွက် ပြည်သူလူထုအခြေပြု ဆောင်ရွက်ချက်တွေကိုလည်း ဆက်ပြောပြသွားပါတယ်။

“ကျနော်တို့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းအနေနဲ့တော့ နယ်စပ်ဂိတ်ဝင်ပေါက်တွေကနေ စောင့်ကြည့်နေတယ်။ ကျနောတို့ ရပ်ရွာဒေသ တိုင်းရင်းသားပြည်သူတွေနဲ့ ရပ်ရွာအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွေနဲ့ပါ ပေါင်းပြီး ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းနဲ့ သတင်းပေးပို့ခြင်း လုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ ကျနော်တို့ ပြည်သူလူထုကို အသိပညာမြှင့်တင်ရေးလုပ်ငန်းကို အုပ်စုငယ်လေးတွေနဲ့ ဆောင်ရွက်ခဲ့တာတွေရှိတယ်။ ဒါကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဆောင်ရွက်နေတာတွေပေါ့လေ။”

နယ်စပ်ဂိတ်ကနေတဆင့် ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ထွက်သွားလာနေကျဖြစ်တဲ့ တာချီလိတ်မှာတော့ အရင်က ခရီးသွားသူများခဲ့ပေမဲ့ အခုချိန်မှာ ဧည့်သည်အဝင်နည်းသွားတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

ကိုရိုနာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာတဲ့ ခရီးသွားဧည့်သည်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အရင်လုပ်ပြီးမှ တည်းခိုခွင့်ပြုဖို့ သင့်၊ မသင့်ဆိုတာကို ဆုံးဖြတ်တယ်လို့ တာချီလိတ်မှာရှိတဲ့ ဟိုတယ်တခုက ပြောပါတယ်။

“အခုဆို ကျနော်တို့ဆိုရင် တရုတ်ကိုပဲ မဟုတ်ဘူး။ ဘယ်လူမျိုးကိုမဆို ဒီသူစိမ်းတွေဝင်လာပြီဆိုရင် သူတို့ရဲ့ကျန်းမာရေး အခြေအနေကို ဒီကျန်းမာရေးဝန်ကြီးဌာနက ပညာပေးထားတဲ့အတိုင်း သူတို့ကိုစစ်ဆေးတာပေါ့လေ။ စစ်ဆေးပြီးတော့မှ တကယ်လို့ တည်းခိုခွင့်ရမယ့်သူဆိုရင် ကျနော်တို့က တည်းခိုခွင့်ပေးပါတယ်။ တကယ်လို့ တည်းခိုခွင့်မရတဲ့ သူဆိုရင်တော့ အဆင်မပြေဘူးဆိုရင် ကျနော်တို့ တည်းခိုခွင့်မပေးဘူးဗျ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အခုနှစ် ဇန်နဝါရီ ၃၁ ရက်ကနေ မနေ့က မတ်လ ၁၆ ရက်အထိ မြန်မာနိုင်ငံတွင်းမှာ COVID-19 စောင့်ကြည့်နဲ့ သံသယလူနာ ၁၃၃ ဦးရှိခဲ့ပြီး အဲဒီထဲက ၂၁ ဦးကိုတော့ ရှမ်းပြည်နယ်မှာ တွေ့ခဲ့တာပါ။

အခုလက်ရှိအချိန်မှာတော့ အသက် ၃၀ အရွယ်ရှိတဲ့ တရုတ်နိုင်ငံသား တဦးကို စောင့်ကြည့်လူနာအဖြစ်နဲ့ တာချီလိတ်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိ ကုသပေးနေပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့နေ စတင်ခဲ့တဲ့ ဒီကိုရိုနာရောဂါပိုးဟာ နိုင်ငံပေါင်း ၁၆၁ နိုင်ငံကိုကူးစက်ခဲ့ပြီး၊ လူပေါင်း ၁၈၀,၀၀၀ ကျော် ကူးစက်ခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ၇,၁၀၀ ကျော်အထိ ရှိသွားပါပြီ။

XS
SM
MD
LG