သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြုလူနာ ၂,၁၇၃ ဦး၊ သေဆုံး ၁၃၈ ဦး


Virus Outbreak
Virus Outbreak

Zawgyi/Unicode

မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ ၂၄ နာရီအတွင်းCOVID-19 ဓါတ်ခွဲနမူနာ ၈၉၉၁ ခု စစ်ဆေးခဲ့တာမှာ ကူးစက်သူ လူနာသစ် ၂,၁၇၃ ဦး ရှိတာကြောင့် အခုထိ ကူးစက်ထားသူ ပေါင်း ၃၇၃,၆၈၅ ဦး ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၃၈ ယောက်ရှိပြီး အခုထိ သေဆုံးသူ စုစုပေါင်း ၁၄,၃၇၄ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် Stay at home - မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့်နောက် ထပ်မြို့နယ် ၃ မြို့နယ်မှာ ဒီကနေ့ ထပ်မံ ထုတ်ပြန်လိုက်တာ ကြောင့် အခုချိန်ထိ Stay at home ထုတ်ထားတဲ့မြို့ပေါင်း ၁၁၄ မြို့ ရှိသွားပြီ ဖြစ်ပါတယ်။ အခု အသစ် ထုတ်ပြန်တဲ့ မြို့ ၃ မြို့က Stay at home အမိန့်ကတော့ သြဂုတ်လ ၂၃ ရက်၊ မနက်ဖြန်မှာ စတင်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၆၅ နှစ်အထက်ရှိသူတွေကို ဦးစားပေးအစီအစဉ်နဲ့ တရုတ်ပြည်ထုတ် ကာကွယ်ဆေးတွေကို ထိုးနှံပေးနေပါတယ်။ ကိုဗစ် ကာကွယ်ဆေးတွေက ဒယ်လ်တာ ဗီဇပြောင်းပိုး အပါအဝင် ကိုဗစ်ကြောင့် ရောဂါပြင်းပြင်းထန်ထန် ခံစားရတာနဲ့ သေဆုံးနိုင်တာကနေ ကာကွယ်မှုပေးနိုင်တာကြောင့် ကာကွယ်ဆေးထိုးကြဖို့လည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode







XS
SM
MD
LG